မအူပင်မြို့နယ်မှာ လူငယ်တွေနည်းပါးလာလို့ စစ်မူထမ်းဆင့်ခေါ်တာကို ငွေကြေးပေး ဖြေရှင်းနေရလို့ဆို

Photo – Google

ဇန်နဝါရီ၊ ၁၇

ဧရာဝတီတိုင်းဒေသကြီးမအူပင်မြို့နယ်အတွင်းမှာရှိတဲ့ လူငယ်လူရွယ်တွေက ပြည်ပနိုင်ငံတွေကိုထွက်ခွာတာများပြားနေလို့စစ်ကောင်စီကဆင့်ခေါ်တဲ့ စစ်မှုထမ်းကိစ္စရပ်ကို ငွေကြေးပေးဖြေရှင်းနေရတယ်လို့ မအူပင်မြို့နယ်နတ်စင်ကျေးရွာအုပ်စုအတွင်းနေထိုင်သူအချို့က ပြောပါတယ်။

အာဏာမသိမ်းခင်က ကျေးရွာအတွင်းမှာ လူငယ်အရေအတွက်အများအပြားရှိခဲ့ပေ မယ့် လက်ရှိအချိန်မှာတော့ ကျေးရွာအတွင်းလူငယ်လူရွယ်အရေအတွက်ဟာ လက်ချိုးပြီးတောင်ရေ တွက်နိုင်တဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့အမည်မဖော်လိုသူဒေသခံတဦးက ဆိုပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကိုပြဠါန်းပြီး လူငယ်လူရွယ်တွေကို ဆင့်ခေါ်နေပေမယ့်လည်း နတ်စင် ကျေးရွာအုပ်စုအတွင်းမှာတော့ လူငယ်တွေမရှိတော့လို့ တအိမ်ထောင်ကို ၃ သိန်းကျပ်အထိ ပေးဆောင်ကာ စစ်မှုထမ်းဆင့်ခေါ်တဲ့ကိစ္စရပ်ကို ဖြေရှင်းနေရတာပါ။

အာဏာသိမ်းပြီးကတည်းက စီးပွားရေးအဆင်ပြေတာတွေကြောင့် လူငယ်တွေက ပြည်ပကိုထွက်သွား ကြတာပါ။ တချို့ဆိုရင်လည်း မြဝတီဘက်က ကျားဖြန့်လုပ်ငန်းတွေဆီရောက်နေတယ်လို့ သိရတယ် ဟု နတ်စင်ကျေးရွာအုပ်စုအတွင်းနေထိုင်သူက ပြောပါတယ်။

ဒီအခြေအနေဟာ နတ်စင်ကျေးရွာအုပ်စုအတွင်းမှာတင် ဖြစ်ပွားနေတာမဟုတ်ဘဲ မအူပင်မြို့နယ်မှာရှိ တဲ့ ကျေးရွာတိုင်းနီးပါးမှာ ကြုံတွေ့နေရတာလို့လည်း မအူပင်မြို့နယ်က CDM  ရဲဝန် ထမ်းတစ်ဦးက ပြောပါတယ်။

ဒါပေမယ်လည်း ပတ်ဝန်းကျင်ကျေးရွာတချို့မှာတော့ စစ်မှုထမ်းစုဆောင်းခြင်းခံရသူ အနည်းငယ် ရှိခဲ့တယ်လို့ နတ်စင်ကျေးရွာအုပ်စုမှာနေထိုင်သူက ပြောပါတယ်။ ကျေးရွာအတွင်း လူငယ်လူရွယ်တွေ မရှိတော့တဲ့ နောက်ဆက်တွဲကတော့ သာရေး ၊ နာရေးနဲ့ ပျော်ပွဲရွှင်ပွဲအပါအဝင် ဘာသာရေးပွဲတွေမှာ စည်းကားခြင်းမရှိတော့ဘူးလို့လည်း သူကဆိုပါတယ်။

ရွာမှာက စပါးစိုက်တယ်။ တပိုင်တနိုင်အနေနဲ့ အင်း ၊ အိုင် ရေလုပ်ငန်းလည်းလုပ်တယ်။ လူငယ်မရှိ တော့ အသက်မပြည့်သေးတဲ့ ကလေးတွေ အမျိုးသမီးတွေ လူကြီးတွေက လုပ်ရတာပေါ့ ဟု နတ်စင် ကျေးရွာအုပ်စုမှာ နေထိုင်သူက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ တပ်သားသစ်ထပ်မံဖြည့်ဆည်းရန်အတွက် အတင်းအဓ္ဓမပေါ် တာဆွဲခြင်းလုပ်ရပ်တွေကို ဆောင်ရွက်နေတဲ့သတင်းတွေ နေရာအနှံ့မှာထွက်ပေါ်နေတာပါ။ ဒါ့ပပြင် ပြည် ပကို အလုပ်သွားလုပ်သူတွေနဲ့ပတ်သက်ပြီး အလုပ်လုပ်ခွင့်နှစ်ပြည့်ချိန်မှာ စစ်မူထမ်းဖို့အလုပ်သမားအေဂျင်စီက ပြန်ခေါ်ပေးဖို့ကိုလည်း စာချုပ်ချုပ်ဆိုမှုတွေရှိနေတယ်လို့သိရပါတယ်။