စစ်ကောင်စီဖမ်းဆီသတ်ဖြတ်ခဲ့တဲ့ပြည်သူ၄ဦးကို PDFလက်ချက်လို့ ရေးသားဖြန့်ဝေနေတဲ့သတင်းမှား

ဒီဇင်ဘာလ၊ ၁၁ရက်။

 

(Fact Check) – DNA/ The Red Flag 

ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ၇ရက်၊ မနက်၆နာရီဝန်းကျင်မှာ 

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ သဲကုန်းရွာအနီးမှာ ဒေသခံအမျိုးသား၄ယောက်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့

သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာမှာပျံ့နှံ့နေပါတယ်။

 

အဲ့ဒီသတင်းကို စစ်ကောင်စီလက်အောက်ခံမီဒီယာတခုဖြစ်တဲ့ People Mediaကလည်း မနေ့က နေ့လည်၁၂နာရီဝန်းကျင်မှာ စတင်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၃၁၅၄၇ဦး၊ reaction ပြုလုပ်သူ သုံးရာကျော်ရှိနေပြီး တခြား လော်ဘီချန်နယ်တွေကပါ မျှဝေထားတာပါ။

 

သတင်းမှားလင့်ခ်

 People Media – https://archive.md/FohR0

Snow Queen 🇲🇲🇲🇲🇲🇲https://archive.md/DrI2t 

Ye Yint Htet (#yyh) – https://archive.md/2AjDE 

 

ဒီသတင်းမှားကို စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တဆင့်ဖြန့်ဝေနေတာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံမီဒီယာဌာနတွေ၊ လော်ဘီချန်နယ်တွေအပြင် သတင်းစာတွေကပါတဆင့် မျှဝေနေတာကြောင့် ပျံ့နှံ့မှုများပြားနေတာပါ။

 

အဲ့ဒီပျံ့နှံ့လာတဲ့သတင်းမှားကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Checkအဖွဲ့ကနေ အချက်လက်စစ်ဆေးခဲ့ရာမှာ စစ်ကောင်စီတပ်တွေက အဲ့ဒီသေဆုံးသူ ဒေသခံ၄ဦးကို နေအိမ်တွေကနေလာရောက်ခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့တာလို့တွေ့ရှိရပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

 

☑️ သတင်းစိစစ်ချက်

 

စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ၆ရက်နေ့ ညနေပိုင်းမှာ ချောင်းခွရွာမှာနေထိုင်တဲ့ ဒေသခံအမျိုးသား၄ဦးကို နေအိမ်ကနေလာရောက်ခေါ်ဆောင်ခဲ့ပြီး နောက်တနေ့ ဒီဇင်ဘာ၇ရက် မနက်ပိုင်းမှာ သဲကုန်းရွာအနီး ဖမ်းဆီးခံရသူတွေရဲ့အလောင်းတွေကိုစွန့်ပစ်ခဲ့တာဖြစ်တယ်လို့ “မောင်း” သတင်းဌာနကရေးသားထားပါတယ်။

 

မောင်း – https://www.facebook.com/share/p/126kW7GG8Yu/ 

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ၄ရက်က အုတ်ဖိုမြို့နယ် တိမ်မြုပ်ရွာအခြေစိုက် ခမရ၆က ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ် နဲ့ ပြည်သူ့ကာကွယ်ရေးတပ်အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗိုလ်တဦးနဲ့ တပ်ကြပ်တဦးသေဆုံးခဲ့ပါသေးတယ်။

 

မြေလတ်အသံ – Myaelatt Athan- https://www.facebook.com/share/p/17tdJVJBW4/ 

 

အဲ့ဒီထိတွေ့တိုက်ပွဲအပြီး PDFတွေပြန်ဆုတ်ခွာတဲ့ လမ်းဘေးက လယ်တောမှာရှိတဲ့ လယ်လုပ်ကိုင်သူတွေကို စစ်ကောင်စီတပ်က လာရောက်မေးမြန်းခဲ့ပြီး ဒီဇင်ဘာ ၆ရက် ညနေပိုင်းမှာ  နေအိမ်ကနေခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ Burma Human Rights Network ကနေလည်းရေးသားထားပါသေးတယ်။

 

 Burma Human Rights Network  – https://www.facebook.com/share/p/15NSQSqVYE/ 

 

သတ်ခံထားရတဲ့ ဒေသခံ၄ဦးက အာဏာမသိမ်းခင်ကာလက NLDထောက်ခံသူတွေဖြစ်တာကြောင့် စစ်ကောင်စီက အငြိုးထားသတ်ဖြတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပြီး အဲ့ဒီသတ်ဖြတ်ခံရသူတွေရဲ့အလောင်းတွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ၈ရက်က လာရောက်ကောက်ယူသွားခဲ့တယ်ဆိုတဲ့အကြောင်းကို DVB သတင်းဌာနကနေလည်းရေးသားထားပါတယ်။

 

DVB – https://burmese.dvb.no/post/681064 

 

ဒါ့အပြင် စစ်ကောင်စီက NLD ပါတီဝင်တွေနဲ့ ထောက်ခံသူတွေကို ခြိမ်းခြောက်ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေပြီး အဲ့ဒီလိုအကြမ်းဖက်သတ်ဖြတ် ဖမ်းဆီး ခြိမ်းခြောက်တာတွေအတွက် လက်နက်ကိုင်အဖွဲ့တွေဖွဲ့စည်းထားသလို တရားဝင်အနေနဲ့ အကြမ်းဖက်ခွင့် ပြုထားတာတယ်ဆိုတဲ့အကြောင်းကို  Burma Human Rights Network  ကနေ ပျူစောထီးနှင့် စစ်တပ်လက်ကိုင်တုတ် အကြမ်းဖက်အဖွဲ့အစည်းများ ဆိုတဲ့ခေါင်းစဥ်နဲ့ အစီရင်ခံစာ တစောင်ထုတ်ထားပါသေးတယ်။

 

Burma Human Rights Network ပျူစောထီးနှင့် စစ်တပ်လက်ကိုင်တုတ် အကြမ်းဖက်အဖွဲ့အစည်းများ ဆိုတဲ့ခေါင်းစဥ်နဲ့ အစီရင်ခံစာ  – https://www.bhrn.org.uk/en/report/1271-pyu-saw-htee-and-pro-junta-thugs.html 

 

☑️သုံးသပ်ချက် 

 

စစ်ကောင်စီတပ်တွေက သေဆုံးသူအမျိုးသား၄ဦးကို သူတို့ရဲ့နေအိမ်တွေကတဆင့် လာရောက်ခေါ်ဆောင်ခဲ့တာဖြစ်တာဖြစ်ပြီး သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံပြည်သူတွေကပြောဆိုနေကြတာပါ။

 

ဒါကြောင့် စစ်ကောင်စီလက်အောက်ခံမီဒီယာတွေနဲ့ လော်ဘီချန်နယ်တွေမှာ ရေးသားထားတဲ့ “PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦးခန့်က ဆိုင်ကယ်ရှစ်စီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့” ဆိုတဲ့ အကြောင်းအရာက မှားယွင်းနေတာဖြစ်ပြီး လုပ်ကြံဖန်တီးထားတဲ့ သတင်းမှားတခုဖြစ်ပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။ 

 

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@gmail.com)က ဝင်ရောက်ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 Web – https://myanmarfactcheckingnetwork.org/

 Fb – https://www.facebook.com/myanmarfactcheckingnetwork