နိုဝင်ဘာ၊ ၁၉။
MNDAAခေါင်းဆောင် ဖုန်တာရွှင်ကို မူးယစ်ဆေးတရားခံအဖြစ် တရုတ်အစိုးရကဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းမှားတချို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီ့သတင်းမှားကို တိုက်ပွဲသတင်းစုံ ချန်နယ်ကစတင်ဖြန့်ဝေလာတာဖြစ်ပြီး တရုတ်နိုင်ငံမီဒီယာတွေလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုပါစောင့်ကြည့်နေတာဖြစ်တယ်လို့ ဖြန့်ချိထားတာပါ။
တိုက်ပွဲသတင်းစုံ – https://archive.ph/dWLSg
Kyaw Swar – https://archive.ph/oE59O
ဒါ့အပြင် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး-DEA က MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို မူးယစ်ရာဇာအလိုရှိပြစ်မှတ်သွင်းထားခဲ့သလို NUGကတဆင့် CIA နဲ့ ချိတ်ဆက်ပြီး မူးယစ်ရာဇာစရင်းက လွတ်အောင် မြန်မာအပြည်အတွင်း တရုတ်နိုင်ငံဩဇာခံလက်နက်ကိုင်အဖွဲ့အဖြစ်လှုတ်ရှားမယ်လို့ ရေးထားပါသေးတယ်။
သတင်းမှားလင့် – https://archive.ph/lx71t
အဲ့ဒီ့သတင်းမှားတွေကို အခြားလော်ဘီချန်နယ်တွေမှာလည်း ပြန်လည်မျှဝေတာမျိုးတွေရှိနေပြီး မှိုင်းဝေချန်နယ်ကတော့ “ ဖုန်တာရွှင်ကို တရုတ်ကဖမ်းတယ်ဆိုတာ လားရှိုးကိစ္စကြောင့်မဟုတ်ဘူးဆိုတာ သိပြီးသား။ မူးယစ်ကိစ္စရယ် CIA ဆက်နွယ်မှုတွေရယ်ကြောင့် တရုတ်ကဖမ်းထိန်းလိုက်တာ”လို့ (မူးရင်းအတိုင်း) သုံးသပ်ရေးသားထားပြီး မျှဝေထားရာ ပျံ့နှံ့မှုတွေများပြားနေတာပါ။
သတင်းမှားလင့်ခ် – https://archive.ph/IabJh
ပျံ့နှံ့လာတဲ့သတင်းမှားတွေကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကနေ အချက်အလက်စစ်ဆေးကြည့်ရမှာ အကြောင်းအရာတွေက မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
သတင်းစိစစ်ချက်
ကိုးကန့်တပ်ခေါင်းဆောင်ဖုန်တာရွှင်က ပြီးခဲ့တဲ့လကုန်ပိုင်းမှာ တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံအာဏာပိုင်များက ဖုန်တာရွှင်ကိုအကျယ်ချုပ်ထားတယ်ဆိုတဲ့ သတင်းကို အစောဆုံးရေးသားထားတဲ့ Myanmar Now သတင်းဌာနရဲ့ ဒီသတင်းမှာလည်း (https://rb.gy/u0p9zg ) ဖတ်ကြည့်လို့ရပါတယ်။
တရုတ်နိုင်ငံ သတင်းစာတိုက်တခုဖြစ်တဲ့ South China Morning Post သတင်းဌာနကလည်း တရုတ်နိုင်ငံ ဖုန်တာရွှင်က တရုတ်နိုင်ငံမှာလာရောက်ဆေးကုသနေတာဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လင်ကျန့်(Lin Jian)က ဖြေဆိုထားတဲ့ သတင်းကိုရေးသားထားပါသေးတယ်။
South China Morning Post – https://rb.gy/x73rgd
BBC မြန်မာပိုင်းကလည်း “ဖုန်တာရွှင်ကို တရုတ်ကထိန်းထားတဲ့နောက် ကိုးကန့်တပ်ဘာဆက်လုပ်မလဲ” ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆောင်းပါးတပုဒ်ရေးသားထားပြီး မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးခဲ့တယ်ဆိုတဲ့ အကြောင်းအရာမျိုးမတွေ့ရှိရပါဘူး။
BBC Burmese သတင်းလင့်ခ် – https://rb.gy/q69278
ဒါ့အပြင် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး-DEA က ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင်ကို အလိုရှိနေတယ်ဆိုတဲ့ အကြောင်းကိုလည်း ရှာဖွေစိစစ်ခဲ့ပေမယ့် DEAအနနဲ့ ဖုန်တာရွှင်အကြောင်း ပြောဆိုရေးသားထားတာမျိုး မတွေ့ရှိရတာကြောင့် အလိုရှိနေတယ်ဆိုတဲ့အကြောင်းအရာက မှားယွင်းနေကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
သုံးသပ်ချက်
ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရကဖမ်းဆီးခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာတဲ့အချိန်မှာ စစ်ကောင်စီအားပေးထောက်ခံလော်ဘီချန်နယ်တွေမှာ အခုလို သတင်းမှားတွေကို ရေးသားဖြန့်ဝေလာတာပါ။
DNA FactCheck Teamရဲ့ စိစစ်ချက်အရ တရုတ်အစိုးရက ဖုန်တာရွှင်ကို မူးယစ်ဆေးဝါးကြောင့်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံသတင်းဌာနတွေက ရေးသားဖြန့်ဝေနေတယ်ဆိုတဲ့အကြောင်းအရာက မှားယွင်းနေကြောင်းတွေ့ရှိရပါတယ်။
ဒါကြောင့် ဖုန်တာရွှင်ကို မူးယစ်ရာဇာအဖြစ်တရုတ်နိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေက မှားယွင်းနေပြီး လုပ်ကြံရေးသားထားဖြစ်ကြောင်း တွေ့ရှိရပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)က ဝင်ရောက်ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။