နေပြည်တော်ရေဘေးကြောင့် သေဆုံးသူ နှစ်ဆယ်နီးပါးအလောင်းတွေ့ထား

Photo – MFSD

စက်တင်ဘာ၊ ၁၃

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဗဟိုဌာနတွေရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးနစ်မြုပ်မှုတွေ ကြောင့် သေဆုံးသူ စုစုပေါင်း ၁၉ဦးရဲ့အလောင်းတွေကို တွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆက် လုပ်နေတယ်လို့ မီးသတ်ဦးစီးဌာနကပြောပါတယ်။

မိုးသည်းထန်ကာ ချောင်းရေ၊မြစ်ရေတွေ လျှံတက်လာတာကြောင့် ရုတ်တရက် ရေကြီးနစ်မြုပ်မှုတွေနဲ့ ကြုံခဲ့ရတဲ့ နေပြည်တော်ကောင်စီနယ်မြေထဲက မြို့နယ်တွေမှာ ရက်ပိုင်းအတွင်း လူပေါင်းနှစ်ဆယ်နီးပါးလောက်သေဆုံး ကြောင်း ကနဦးတွေ့ရှိထားတာဖြစ်ပါတယ်။

လက်ရှိတွေ့ရှိထားတဲ့ ရုပ်အလောင်းတွေထဲ အမျိုးသမီး ၁၃ဦးနဲ့ အမျိုးသားခြောက်ဦးပါဝင်တယ်လို့ မီးသတ်ဦးစီး ဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီဌာနရဲ့ ဒီကနေ့အထိ ထုတ်ပြန်ချက်တွေအရ အခုရေဘေးကာလ အတွင်း သေဆုံးသူ စုစုပေါင်း လေးဆယ်နီးပါးရဲ့ရုပ်အလောင်းတွေကိုတွေ့ရှိထားတယ်လို့သိရပါတယ်။

အဲ့ဒီရုပ်အလောင်းတွေကို နေပြည်တော်ကောင်စီနယ်မြေအတွင်းမြို့နယ်တွေနဲ့ ရမည်းသင်းမြို့နယ်တို့ကနေ ရှာဖွေတွေ့ရှိ ထားတာဖြစ်ပါတယ်။တခြားရေဘေးသင့် မြို့နယ်တွေက သေဆုံးမှုနဲ့ ပျောက်ဆုံးမှုအချက်အလက်တွေကိုတော့မ သိရ သေးပါဘူး။

မြေပြင်မှာတော့ သေဆုံးသူဦးရေ အခုထက် အများအပြား ထပ်ရှိနေနိုင်သေးတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ ရေဘေးသင့်ဒေသတွေက ဒေသခံတွေကပြောကြပြီး ရမည်းသင်းမြို့နယ်အတွင်း ရွှေလုပ်ကွက်တွေရှိရာဒေသမှာ သေဆုံးသူတွေ များနိုင်တယ်လို့ ပြောထားကြပါတယ်။

ရွာလုံးကျွတ် အိမ်ခြေအကုန်နီးပါး ရေနစ်မြုပ်မှုကြုံခဲ့ရတဲ့ရက်ပိုင်း အ တွင်း ရေစီးနဲ့မျောပါပျောက်ဆုံးသူတွေ ရှိနေဆဲပဲလို့ နေပြည်တော်ဒေသခံတွေကပြောကြပါတယ်။

ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတချို့မှာလက်ရှိ ရေပြန်လည်ကျဆင်းသွားတာတွေရှိပေမယ့် ကူညီကယ်ဆယ်ရေးလို အပ် နေဆဲ နေရာတွေလည်းဆက်ရှိနေပြီး ရေစီးနဲ့မျောပါပျောက်ဆုံးသွားသူတွေကို ကျန်ရစ်တဲ့မိသားစုဝင်တွေက အသိ ပေးရှာဖွေရေးသားတဲ့ ပို့စ်တွေလည်းလူမှုကွန်ရက်မှာ ဆက်တိုက်တွေ့နေရပါတယ်။

အဲ့ဒီလိုပျောက်ဆုံးသူတွေထဲ ကလေးတွေလည်းပါဝင်ပါတယ်။မီးသတ်ဦးစီးဌာနကတော့ နေပြည်တော်ကောင်စီ နယ်မြေ အတွင်း ရေဘေးသင့်ခဲ့တဲ့ နေရာသုံးဆယ်လောက်က ပြည်သူ ၃၆၀၀ကျော်ကို ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ တယ်လို့ ပြော ပါတယ်။

လေ့လာသူတွေနဲ့မြေပြင်ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ကယ်ဆယ်ရေးသမားတွေကတော့ နေပြည်တော် ကောင်စီ နယ်မြေတခုတည်းမှာတင် လက်ရှိကြုံခဲ့ရတဲ့ ရေကြီးနစ်မြုပ်မှုတွေအတွင်း ရေဘေးသင့်သူ ထောင်၊ သောင်းချီရှိနိုင် တယ်လို့သုံးသပ်ကြပါတယ်။