စက်တင်ဘာ၊ ၄
လုံခြုံရေးတင်းကျပ်ထားပြီး ဧည့်စာရင်းစစ်ဆေးတာ၊လူငယ်တွေကိုစစ်ဆေးဖမ်းဆီးတာတွေရှိနေတဲ့ ရန်ကုန်မြို့ တွင်းမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ “ကလောင်နီ”လှုပ်ရှားမှုကို စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန် အင်အားစု- AJAY နဲ့ လူငယ်သပိတ်ကော်မတီတိုပူးပေါင်းပြီး မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်ဆက်ပြုလုပ်ခဲ့တယ်လို့ သိရ ပါတယ်။
“တပ်ကိုဖျက်တာ မင်းအောင်လှိုင်”၊ “မင်းတို့ရှုံးရင် ပြည်သူပြုံးတယ်” စတဲ့ စာသားတွေကို ရန်ကုန်မြို့တွင်းမြို့နယ် လေးခုက မလွှကုန်းဘူတာ၊ငမိုးရိပ်ဘူတာနဲ့ ဝေဇယန္တာ လမ်းမပေါ် စတဲ့ နေရာတွေမှာ ရေးသားပြီး စစ်ကောင်စီကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“စစ်အာဏာသိမ်းမှုသုံးနှစ်ကျော် လာတဲ့အထိ ပြည်သူလူထု အထူးသဖြင့် ကျွန်တော်တို့ဆိုရင် ရန်ကုန်လူထုအနေနဲ့ မင်းအောင်လှိုင်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြောင်း ပိုပြီး ရွံရှာစက်ဆုပ်လာကြောင်း ပြသနေခြင်း ဖြစ် တယ်”လို့ အဲ့ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစုအဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဗျတ္တ က DNAကိုပြောပါတယ်။
စစ်ကောင်စီက လက်နက်မဲ့ ဆန္ဒပြသူတွေအပါအဝင် အာဏာသိမ်းမှုဆန့်ကျင်သူတွေကို ဖမ်းဆီးထောင်ချတာတွေ ရှိပေမယ့် ရန်ကုန်မြို့မှာ အာဏာသိမ်းမှု သုံးနှစ်ခွဲရှိလာချိန် လက်ရှိအထိ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှု တွေ နည်းမျိုးစုံနဲ့ ရှိနေဆဲဖြစ်ပါတယ်။
ရှမ်းမြောက်နဲ့ ရခိုင်ဒေသအပါအဝင် နိုင်ငံတဝှမ်းဒေသအနှံ့မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီက ရန်ကုန်မြို့မှာ လုံခြုံရေး ပိုမိုတင်းကျပ်လာပေမယ့် သပိတ်အင်အားစုတွေကတော့ ရန်ကုန်မြို့မှာပဲ ဆက်လက်အခြေချနေထိုင်ပြီး အာဏာ ရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဆက်လုပ်နေတာဖြစ်လို့ လုံခြုံရေးအရ သတိထားပြင်ဆင်ရတဲ့ အခြေအနေလို့ ကိုဗျတ္တကပြောပါတယ်။
“မြေပြင်ကိုရောက်တဲ့အချိန်မှာ လူထုရဲ့ဝန်းရံမှု၊ကျွန်တော််တို့ရဲဘော်တွေကိုလုံခြုံအောင်ကာကွယ်ပေးမှုတွေက လှုပ်ရှားမှုလုပ်တိုင်း၊လုပ်တိုင်းမှာ အမြဲတမ်းကြုံရပါတယ်။ဒါကြောင့် ကျွန်တော်တို့မှန်းထားတာထက်ပိုပြီးတော့ လှုပ်ရှားမှုတွေက ချောချောမွေ့မွေ့နဲ့ပြီးစီးတာ”လို့လည်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၈ရက်က ကျရောက်တဲ့ ရှစ်လေးလုံး အရေးတော်ပုံ ၃၆နှစ်မြောက် နေ့ကစလို့ ရန်ကုန်မြို့မှာ က လောင်နီလှုပ်ရှားမှုတွေကို သပိတ်အင်အားစုတွေကပြုလုပ်နေကြတာဖြစ်ပြီး အခုတကြိမ်နှစ်ရက်ဆက်လှုပ် ရှားမှု ဟာ တတိယအကြိမ်မြောက်ဖြစ်တယ်လို့သိရပါတယ်။
“ကလောင်နီဟာ လူထုကိုင်စွဲလိုရတဲ့ လက်နက်ဖြစ်ပါတယ်၊သေနတ်ကိုင်မှ တော်လှန်ရေးလုပ်တာမဟုတ်ပါဘူး၊ လူထုအားလုံးတော်လှန်ရေးသမားဖြစ်တဲ့အတွက် ကျွန်တော်တို လူထုအနေနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ တခဲ နက်ပါ၀င်ပေးကြဖိုဖြစ်ပါတယ်”လို့ ကိုဗျတ္တကပြောပါတယ်။