မင်းတုန်းမြောက်ခြမ်းက PDF သင်တန်းဆင်းပွဲကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ နာရီဝက် နောက် ကျသွားလို့ ထိခိုက်သူမရှိ

ဩဂုတ် ၊ ၂၉

မကွေးတိုင်း၊သရက်ခရိုင် မင်းတုန်းမြို့နယ် မြောက်ဘက်ခြမ်းဒေသအတွင်း ပထမဆုံးပေါ်ပေါက်လာတဲ့ PDF စစ် အခြေခံသင်တန်းဆင်းပွဲကျင်းပတဲ့ နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့သုံးကြိမ်လေကြောင်းက တိုက်ခိုက်ခဲ့ တယ်လို့ မင်းတုန်းမြို့နယ်ပကဖ တာဝန်ခံ ကိုဗဟိန်းက DNAကိုပြောပါတယ်။

“ဗုံးတော့မဟုတ်ဘူး။ ရော့ကတ်တွေနဲ့ပစ်တာ”လို့ သူက ပြောပါတယ်။

စစ်ကောင်စီကအဲ့ဒီလို လေကြောင်းကတိုက်ခိုက်ခဲ့ပေမယ့် သင်တန်းဆင်းပွဲအပြီး နာရီဝက်လောက်အကြာမှ လာ ရောက်တိုက်ခိုက်တာဖြစ်လို့ PDF တပ်ဖွဲ့ဝင်တွေ ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။

မင်းတုန်းမြို့နယ် ပကဖ ကဦးဆောင်ကြီးကြပ်တဲ့ အခြေခံစစ်ပညာသင်တန်းအပါတ်စဉ်(၁) သင်တန်းဆင်းပွဲကို ဩဂုတ် ၂၈ရက် မနေ့က မနက်ပိုင်းကပြုလုပ်ရာမှာ မနက်ကိုးနာရီမှာ အခမ်းအနားပြီးဆုံးခဲ့ပြီး စစ်ကောင်စီက မနက်ကိုးနာရီခွဲမှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာလို့ ဆိုပါတယ်။

“ပထမကတော့ ကျွန်တော်တို့သင်တန်းဆင်းပွဲလုပ်တဲ့ ဘောလုံးကွင်းတည့်တည့် ပစ်တယ်။ ဒုတိယလည်း တည့် တည့်ပဲပစ်တယ်၊တတိယကျတော့ သင်တန်းကွင်းဘေးမှာရှိတဲ့ပုန်းအောင်းနေမယ်လို့သူတို့ထင်တဲ့ ဝါးရုံတောတွေ တောတွေထဲကိုမွှေပစ်သွားတာ”လို့ မင်းတုန်း ပကဖ တာဝန်ခံ ကိုဗဟိန်းကပြောပါတယ်။

အခုလို သင်တန်းဆင်းပွဲပြုလုပ်တဲ့နေရာကို နေ့ရက်နဲ့နေရာအတိအကျ လေကြောင်းကတိုက်ခိုက်ခံရတာဟာ ဒေ သအခြေအနေအရ သတင်းမလုံခြုံမှုကြောင့်ဖြစ်ပြီး အချိန်ကွာဟသွားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ  အ ထိအခိုက်မရှိခဲ့တာလို့လည်း သူကဆက်ပြောပါတယ်။

“နယ်မြေစစ်ကြောင်းကကျွန်တော််တို့သင်တန်းစကတည်းကသိတယ်။သူတို့မှာလည်းစစ်ကြောင်းထိုးဖို့ အင်အားမလုံလောက်သေးလို့ ဖြစ်မယ်ထင်တယ်”လို့ ကိုဗဟိန်းကဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်အထိအခိုက်မရှိခဲ့သလို ဒေသခံတွေနဲ့ အဆောက်အအုံ တွေလည်း ထိခိုက်မှုမရှိခဲ့ဘဲ သက်ကြီးအမျိုးသားတဦး ထိတ်လန့်ပြီး သတိလစ်သွားတာ ၊လေကြောင်းတိုက်ခိုက် ခံရပြီးနောက် ဒေသခံတချို့ အခင်းဖြစ်ရာရွာထဲကနေ တိမ်းရှောင်သွားတာမျိုးတွေတော့ရှိတယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ်ဘက်က တိုက်ပွဲပြင်းထန်ရာဒေသတွေနဲ့ ရခိုင်ရိုးမသာခြားတဲ့ မင်းတုန်းမြို့နယ်မှာ ၂၀၂၁ခုနှစ် စစ် အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုတွေလှုပ်ရှားတာရှိပေမယ့် မြို့နယ်တောင်ပိုင်းမှာသာ လှုပ်ရှားမှု တွေအားကောင်းပြီး မြောက်ပိုင်းကိုတော့ စစ်ကောင်စီက အခုနှစ်ဆန်းအထိ ရာနှုန်းပြည့် ထိန်းချုပ်နိုင်ခဲ့တဲ့အခြေ အနေလို့ ဆိုပါတယ်။

မင်းတုန်းပကဖနဲ့ တော်လှန်ရေးအင်အားစုတွေ မြို့နယ်မြောက်ဘက်ခြမ်းဒေသတွေကို အခုနှစ်ဆန်းပိုင်းမှာစတင် ဝင်ရောက်အခြေချပြီးနောက် ဒေသခံတွေကို လက်ရှိတော်လှန်ရေးအခြေအနေတွေ ရှင်းပြဆွေးနွေးစည်းရုံးပြီး ခြောက်လလောက်အကြာမှာ ပထမဆုံး အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပနိုင်တာလို့ ကိုဗဟိန်းက ရှင်းပြပါ တယ်။

“ပြည်သူတွေက PDF နဲ့စိမ်းနေတော့ PDF တယောက်ရွာထဲဝင်လာရင်ကို သူတို့အတွက်ကထူးဆန်းနေတော့ အ ချင်းချင်းပြောရင်းဆိုရင်းကနေ သတင်းကတော့ ဘယ်လိုမှမလုံခြုံဘူးပေါ့၊ရည်ရွယ်ချက် ရှိရှိနဲ့ သတင်းပို့တာမ ဟုတ်ရင်တောင်မှ သတင်းကတော့ သူတို့အတွက်က PDF နဲ့ပြည်သူနဲ့က စိမ်းနေသေးတဲ့အတွက် သတင်းက မလုံခြုံပါဘူး”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ကတော့ ဒေသခံ ပကဖနဲ့ တော်လှန်ရေးအင်အားစုတွေ မြို့နယ်မြောက်ခြမ်းမှာ အခြေချမလှုပ် ရှားမီ အခုနှစ် ဖေဖော်ဝါရီလလောက်အထိ ဒေသတွင်းအုပ်ချုပ်ရေးယန္တရားကိုရာနှုန်းပြည့်နီးပါး ထိန်းချုပ်နိုင်ခဲ့ရာ က လအနည်းငယ်အတွင်း PDF သင်တန်းဆင်းပွဲတခုပေါ်ပေါက်လာတဲ့အခြေအနေဖြစ်လာတာကြောင့် အခုလို လေကြောင်းတိုက်ခိုက်မှုလုပ်လာတာလို့ ကိုဗဟိန်းက သူ့အမြင်ကိုပြောပါတယ်။

“သူတို့အပိုင်လို့တွက်ထားတဲ့နယ်မြေမှာ စစ်သင်တန်းဆင်းပွဲတခုအထိ လုပ်ပြီးတော့ ပြည်သူတွေသောင်းသောင်း ဖျဖျနဲ့ကြိုဆိုတာကိုသိလာရတဲ့အချိန်မှာအံ့ဩတုန်လှုပ်ပြီးတော့မှ လေယာဉ်နဲ့လာပစ်တဲ့အဆင့်ရောက်တာပေါ့။ ဒါကတော့ ကျွန်တော်တို့ကို ဦးချိုးချင်လို့၊ပြည်သူနဲ့သွေးခွဲဖို့အတွက် ပြည်သူကိုခြိမ်းခြောက်တဲ့သဘောလို့ မြင်ပါ တယ်”လို့သူကဆိုပါတယ်။

Photo မင်းတုန်း ပကဖ