စကေပါနဲ့ ၁၃ ချက်ထိုးခဲ့တဲ့ ပုသိမ်မြို့က လူသတ်မှု

၂၇၊ မေလ ၊ ၂၀၂၀။

အရက်ဝိုင်းမှာ စကားများရာကနေ လူသတ်မှုတစ်ခု မေလ ၂၅ ရက်နေ့ညက ဖြစ်ပွားခဲ့ပါတယ်။

ပုသိမ်မြို့ ၊ အမှတ်(၂)ရပ်ကွက် ၊ စကားဝါဘီ (၃)လမ်းဘေးက မြေကွက်လပ်မှာ အရက်ဝိုင်းဖွဲ့သောက်စား စကားများရာကနေ သုံးမြှောင့်ချွန်စကေပါနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တာပါ။

အရက်ဝိုင်းမှာ စကားများရာကနေ တရပ်ကွက်ထဲသားချင်းဖြစ်တဲ့ ရာဂျစ်(ခ)ထွန်းထွန်းက ပိုက်စွပ်ပါတဲ့ သုံးမြောင့်စကေပါနဲ့ ရန်ပြုလာတဲ့အတွက် သူရိန်ထွန်းက အနားမှာရှိတဲ့ ဒုတ်နဲ့ပြန်ရိုက်ပြီး ရာဂျစ်ရဲ့ စကေပါကို ပြန်လုပြီး ထိုးသတ်ခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျရဲအရာရှိက ပြောပါတယ်။

ရဲစခန်းမှတ်တမ်းအရ သေဆုံးသူ ရာဂျစ်(ခ)ထွန်းထွန်းဟာ ဝဲဘက်လည်ပင်းမှာ ထိုးသွင်းဒဏ်ရာ (၅)ချက် ၊လည်ပင်းဂျို့အပေါ်ဘက်မှာ ထိုးသွင်းဒဏ်ရာ(၃)ချက် ၊ မေးစေ့ကွဲဒဏ်ရာ (၁) ချက် ၊ ဝမ်းဗိုက်ဝဲဘက်ခြမ်း ထိုးသွင်းဒဏ်ရာ ( ၄) ချက် ၊ ဝဲပုခုံး ထိုးသွင်းဒဏ်ရာ (၁) ၊ ကျောကုန်း ပြတ်ရှ (၂)ချက် ၊ နောက်စေ့ ( ၂ ) လက်မခန့် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီအမှုကို သေဆုံးသူရဲ့ မိခင်က တရားလိုလုပ်ပြီး တိုင်ကြားခဲ့ပြီး မနေ့က ပုသိမ်မြို့နယ်တရားရုံးမှာ ရုံးထုတ် ရမ္မာန်ယူ စစ်ဆေးခဲ့ပါတယ်။ လူသတ်မှု့ကျူးလွန်အပြီး သူရိန်ထွန်းက သူ့ဦးလေး ဖြစ်သူနဲ့အတူ ရဲစခန်းကို ဆိုင်ကယ်နဲ့သွားရောက်ပြီး အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။

“သေဆုံးသူရဲ့ မိခင်ကတော့ သူရိန်ထွန်းနဲ့ ဦးလေးဖြစ်သူက သူ့သားကို ဝိုင်းသတ်တယ် ၊ ပါလာတာတွေကို လုယက်တယ်လို့ တိုင်ကြားလို့ ၂ ယောက်လုံးကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ် ။ ဒါပေမယ့် သူရိန်ထွန်းက သူတစ်ယောက်ထဲလုပ်တာလို့ တရားရုံးမှာ ဝန်ခံထွက်ဆိုပါတယ်” လို့ ပုသိမ်နယ်မြေရဲစခန်းက တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့ မြေပြင်အခြေအနေတွေနဲ့ ၊ သက်သေခံပစ္စည်းတွေ ၊ မျက်မြင်ထွက်ဆိုချက်တွေ ၊ ကျူးလွန်သူရဲ့ ထွက်ဆိုချက်တွေက ထပ်တူကျနေတဲ့ အပြင် ပြစ်မှုကျူးလွန်တယ်လို့ ကိုယ်တိုင်ထွက်ဆို ဝန်ခံထားတဲ့ အသက် (၂၈)နှစ်အရွယ် သူရိန်ထွန်းကို ပုသိမ်မြို့နယ်မြေရဲစခန်းကနေပြီး ရာဇသတ်ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

(Zawgyi)

စေကပါနဲ႔ ၁၃ ခ်က္ထိုးခဲ့တဲ့ ပုသိမ္ၿမိဳ႕က လူသတ္မႈ

၂၇၊ ေမလ ၊ ၂၀၂၀။

အရက္ဝိုင္းမွာ စကားမ်ားရာကေန လူသတ္မႈတစ္ခု ေမလ ၂၅ ရက္ေန႔ညက ျဖစ္ပြားခဲ့ပါတယ္။

ပုသိမ္ၿမိဳ႕ ၊ အမွတ္(၂)ရပ္ကြက္ ၊ စကားဝါဘီ (၃)လမ္းေဘးက ေျမကြက္လပ္မွာ အရက္ဝိုင္းဖြဲ႕ေသာက္စား စကားမ်ားရာကေန သုံးေျမႇာင့္ခြၽန္စေကပါနဲ႔ အခ်က္ေပါင္းမ်ားစြာ ထိုးသတ္ခံရၿပီး အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့တာပါ။

အရက္ဝိုင္းမွာ စကားမ်ားရာကေန တရပ္ကြက္ထဲသားခ်င္းျဖစ္တဲ့ ရာဂ်စ္(ခ)ထြန္းထြန္းက ပိုက္စြပ္ပါတဲ့ သုံးေျမာင့္စေကပါနဲ႔ ရန္ျပဳလာတဲ့အတြက္ သူရိန္ထြန္းက အနားမွာရွိတဲ့ ဒုတ္နဲ႔ျပန္႐ိုက္ၿပီး ရာဂ်စ္ရဲ႕ စေကပါကို ျပန္လုၿပီး ထိုးသတ္ခဲ့တာလို႔ တိုင္းရဲတပ္ဖြဲ႕မႉး႐ုံးက တာဝန္က်ရဲအရာရွိက ေျပာပါတယ္။

ရဲစခန္းမွတ္တမ္းအရ ေသဆုံးသူ ရာဂ်စ္(ခ)ထြန္းထြန္းဟာ ဝဲဘက္လည္ပင္းမွာ ထိုးသြင္းဒဏ္ရာ (၅)ခ်က္ ၊လည္ပင္းဂ်ိဳ႕အေပၚဘက္မွာ ထိုးသြင္းဒဏ္ရာ(၃)ခ်က္ ၊ ေမးေစ့ကြဲဒဏ္ရာ (၁) ခ်က္ ၊ ဝမ္းဗိုက္ဝဲဘက္ျခမ္း ထိုးသြင္းဒဏ္ရာ ( ၄) ခ်က္ ၊ ဝဲပုခုံး ထိုးသြင္းဒဏ္ရာ (၁) ၊ ေက်ာကုန္း ျပတ္ရွ (၂)ခ်က္ ၊ ေနာက္ေစ့ ( ၂ ) လက္မခန႔္ ဒဏ္ရာေတြနဲ႔ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

ဒီအမႈကို ေသဆုံးသူရဲ႕ မိခင္က တရားလိုလုပ္ၿပီး တိုင္ၾကားခဲ့ၿပီး မေန႔က ပုသိမ္ၿမိဳ႕နယ္တရား႐ုံးမွာ ႐ုံးထုတ္ ရမၼာန္ယူ စစ္ေဆးခဲ့ပါတယ္။ လူသတ္မႈ႕က်ဴးလြန္အၿပီး သူရိန္ထြန္းက သူ႔ဦးေလး ျဖစ္သူနဲ႔အတူ ရဲစခန္းကို ဆိုင္ကယ္နဲ႔သြားေရာက္ၿပီး အဖမ္းခံခဲ့တယ္လို႔ သိရပါတယ္။

“ေသဆုံးသူရဲ႕ မိခင္ကေတာ့ သူရိန္ထြန္းနဲ႔ ဦးေလးျဖစ္သူက သူ႔သားကို ဝိုင္းသတ္တယ္ ၊ ပါလာတာေတြကို လုယက္တယ္လို႔ တိုင္ၾကားလို႔ ၂ ေယာက္လုံးကို ဖမ္းဆီးစစ္ေဆးခဲ့ပါတယ္ ။ ဒါေပမယ့္ သူရိန္ထြန္းက သူတစ္ေယာက္ထဲလုပ္တာလို႔ တရား႐ုံးမွာ ဝန္ခံထြက္ဆိုပါတယ္” လို႔ ပုသိမ္နယ္ေျမရဲစခန္းက တာဝန္က် ရဲအရာရွိက ေျပာပါတယ္။

အခင္းျဖစ္ပြားတဲ့ ေျမျပင္အေျခအေနေတြနဲ႔ ၊ သက္ေသခံပစၥည္းေတြ ၊ မ်က္ျမင္ထြက္ဆိုခ်က္ေတြ ၊ က်ဴးလြန္သူရဲ႕ ထြက္ဆိုခ်က္ေတြက ထပ္တူက်ေနတဲ့ အျပင္ ျပစ္မႈက်ဴးလြန္တယ္လို႔ ကိုယ္တိုင္ထြက္ဆို ဝန္ခံထားတဲ့ အသက္ (၂၈)ႏွစ္အ႐ြယ္ သူရိန္ထြန္းကို ပုသိမ္ၿမိဳ႕နယ္ေျမရဲစခန္းကေနၿပီး ရာဇသတ္ပုဒ္မ ၃၀၂ နဲ႔ အမႈဖြင့္ အေရးယူေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

Topic – #ပုသိမ်#လူသတ်မှု