သပိတ်ကျင်းကို မသိမ်းနိုင်သေးဘဲ အရင်သိမ်းပိုက်ရရှိထားတဲ့ လက်နက်/ခဲယမ်းပုံတွေကိုသုံးပြီး တော်လှန် ရေးအဖွဲ့တွေက သတင်းတု၊ သတင်းမှားထုတ်ပြန်နေတယ်ဆိုတဲ့ သတင်းအမှား

ဩဂုတ်၊ ၂၈။

သပိတ်ကျင်းမြို့နယ်ကို KIA, PDF နဲ့ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ရရှိခြင်းမရှိဘဲ ယခင်သိမ်းပိုက်ရရှိထား တဲ့ လက်နက်/ခဲယမ်းပုံတွေကို သုံးပြီး သတင်းတု/သတင်းမှားတွေကို ဖြန့်ဝေနေတယ်ဆိုပြီး သပိတ်ကျင်းမြို့ က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဓါတ်ပုံနဲ့အတူ ရေးသားဖြန့်ဝေနေတာကို တွေ့ရပါတယ်။

အဲဒီသတင်းကို စစ်ကောင်စီလော်ဘီတယ်လီဂရန်ချန်နယ်ဖြစ်တဲ့ တိုက်ပွဲသတင်းစုံ ကနေ ဩဂုတ်လ ၂၇ ရက်မှာ သပိတ်ကျင်းအနီးတိုက်ပွဲများအခြေအနေဆိုတဲ့ခေါင်းစဉ်နဲ့ “သပိတ်ကျင်းမြို့ပေါ်ရှိ ရုံး၊ ဌာနဆိုင်ရာ လုံခြုံရေးအဖွဲ့တွေနဲ့ မြို့အထွက်က တပ်စခန်းငယ်လေးတွေကို TNLA နဲ့ PDF ပူးပေါင်းအင်အားများက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခံရလို့ မြို့ပေါ်လုံခြုံရေးလုပ်နေတဲ့အဖွဲ့ တွေ နယ်မြေခံသင်တန်းကျောင်း တပ်ကို ပြန်လည်ပူးပေါင်းလာခဲ့ပါတယ်။

ဩဂုတ်လ ပထမအပတ်ကစပြီး မိုးကုတ်-တွင်းငယ်လမ်းကြောင်း၊ မတ္တရာ-သပိတ်ကျင်းလမ်းကြောင်းများ ပေါ်မှာ တိုက်ပွဲများနေ့စဉ် ဖြစ်ပွားလျက်ရှိပါတယ်။ သပိတ်ကျင်းနဲ့တွင်းငယ်ကြားရှိ သင်တန်းကျောင်းများနှင့် တပ်ဌာနချုပ်များကို စစ်ကူစစ်ကြောင်းများရောက်ရှိနေပြီး လေကြောင်းပစ်ကူနဲပါတိုက်ခိုက်နေလို့ အကြမ်း ဖက်သောင်းကျန်းသူများ တပ်ဌာနချုပ်များကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ယခင်သိမ်းပိုက်ရရှိထားသည့် လက် နက်/ခဲယမ်းများကို အသုံးပြုပြီး သတင်းအတု၊ သတင်းအမှားများ ထုတ်ပြန်လျက်ရှိပါတယ်။

 

မိုးကုတ်၊ မိုးမိတ်၊ မတ္တရာ၊ သပိတ်ကျင်းနယ်တစ်ဝိုက်မှာရှိတဲ့ TNLA ၊ PDF များ အင်အားစုစည်းပြီး နယ် မြေခံတပ်များကို တိုက်ခိုက်နေသောကြောင့် ဒီနေ့မနက်အထိတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါတယ်”ဆိုပြီး စတင်ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

 

ဒီအကြောင်းအရာကိုပဲ လော်ဘီတွေဖြစ်တဲ့ Kyaw Swar, Snow Queen, Kyaw Win Maungရွှေနေကြာကိုနှင်းမောင် စတဲ့ တယ်လီဂရန်ချန်နယ်တွေကနေ ရေးသားဖြန့်ဝေခဲ့ပြီးတော့ Naymin News Channel, Ko Thet, Ko Chit(MDY), Ye Yint Htet(#yyh) ချန်နယ်တွေက တဆင့်မျှဝေတာတွေ ပြုလုပ်ခဲ့ပါတယ်။ 

အဲဒီသတင်းနဲ့ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကနေ စိစစ်ကြည့်တဲ့အခါမှာ သပိတ်ကျင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ်လ ၁၇ ရက်မှာစတင်တိုက်ခိုက်ခဲ့ပြီး  ဩဂုတ်လ ၂၅ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်လို့ အရင်သိမ်းဆည်း ရမိတဲ့ လက်နက်ခဲယမ်းတွေကို သုံးပြီးသတင်းမှားထုတ်ပြန်နေတယ်ဆိုတဲ့ရေးသားဖြန့်ဝေမှုဟာ မှန်ကန်မှု မ ရှိဘူးလို့ သိရှိရပါတယ်။

သတင်းမှားစိစစ်ချက်

DNA Fact Check Team ကနေ သတင်းအမှားဆိုကာ ဝါဒဖြန့်ရေးသားထားတဲ့ လက်နက်ခဲယမ်းများပုံကို Fact Check Tools တွေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ ယခင်သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်း များပုံကို အသုံးပြုထားခြင်းမရှိတာကို တိုက်ဆိုင်စစ်ဆေးသိရှိရပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ မီဒီယာအမည်ခံ Positive Angel News-PAN နဲ့ Myanmar Transparency News တို့ကနေ ဩဂုတ်လ ၂၆ ရက်မှာ “သပိတ်ကျင်း​မြို့၊ မြို့ဦးတောင်မှာ အခြေပြုနေတဲ့ တပ်မတော်စစ် ကြောင်းကို မနက်ပိုင်းအချိန်မှာ KIA နဲ့ PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ တပ်မတော်စစ်ကြောင်းက ဆုတ်ခွာခဲ့ပြီး သပိတ်ကျင်းမြို့နယ်၊ (၄)မိုင်ကျေးရွာရှိ တာဝါတိုင်စခန်းကို သွားရောက်ပူးပေါင်းခဲ့လို့ သပိတ် ကျင်းမြို့အား သိမ်းပိုက်နိုင်ခဲ့တယ်လို့သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း” ဆိုပြီး ရေးသားခဲ့တာကို ဖတ်ရှု နိုင်ပါတယ်။

အလားတူ စစ်ကောင်စီလော်ဘီ ကျော်မျိုးမင်းရဲ့ NP News- Myanmar ကနေ “သပိတ်ကျင်းမြို့ကို KIA, PDF ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ရရှိသွားတယ်”လို့ ဩဂုတ်လ ၂၆ ရက် Live လွှင့်ပြီး ပြောဆိုခဲ့တာကို သိရှိရပါတယ်။

ဒါ့အပြင် လွတ်လပ်တဲ့ သတင်းမီဒီယာတွေဖြစ်တဲ့ The Irrawaddy နဲ့ Mizzima တို့ကနေ “ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ကို NUG လက်အောက်ရှိ အမှတ် ၁ စစ်ဒေသနဲ့ ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ဒုဗိုလ်မှူးကြီး စိုးမင်းသူကို ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်း၊ ဆက်သွယ်ရေးစက်၊ လူသုံးကုန်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

သပိတ်ကျင်းမြို့ကို ဩဂုတ် ၁၇ ရက်က စပြီး တိုက်ခိုက်ခဲ့ကာ ဩဂုတ် ၁၉ ရက်မှာ မြို့ကို တိုက်ခိုက်သိမ်း ပိုက်နိုင်ပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြို့ဦးတောင်စေတီကို ဆုတ်ခွာသွားလို့ ဆက်လက် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဩဂုတ် ၂၅ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့”  ရေးသားထားပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက “ သပိတ်ကျင်းမြို့ကို အမှတ် ၁ စစ်ဒေသ၊ PDF တပ်ရင်းများနဲ့ပကဖများက ဩဂုတ် ၂၅ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီးစိုးမင်းသူ (ကြည်း-၃၄၅၄၂)ကို ဖမ်းမိခဲ့ကာ တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ် ရှိပေမဲ့လည်း မြို့ကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့တယ်လို့ ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။ 

NUG-Ministry of Defence -  https://archive.ph/daq0i 

အလားတူ သတင်းမီဒီယာတွေဖြစ်တဲ့ DVB, DNA နဲ့ MPF တို့ကနေ “မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ကို သြဂုတ် ၂၅ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတိယဗိုလ်မှူးကြီး စိုးမင်းသူ အပါအဝင် စစ်သုံ့ပန်းအများအပြားဖမ်းဆီးရမိ ကာ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရရှိခဲ့တယ်လို့”ရေးသားထားပါတယ်။ 

သုံးသပ်ချက်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်ထဲက စစ်အုပ်စုရဲ့ အခိုင်အမာတပ်စခန်းတွေဖြစ်တဲ့ ခလရ(၁၄၈)အပါအဝင် ဇရပ်ကွင်းရွာတပ်စခန်း၊ ကျောက်ဖြူရွာတပ်စခန်း၊ လိပ်ကျရွာတပ်စခန်း၊ ကွင်း(၃၀) ရွာတပ်စခန်း၊ လက်ပံပြန့်ရွာတပ်စခန်း၊ ဖိုကုန်းတပ်စခန်း၊ ဝက်သေရွာတပ်စခန်းနဲ့ ဖက်ရှည်ရွာတပ်စခန်း၊ စုစုပေါင်းတပ်စခန်း ၉ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီနောက်သပိတ်ကျင်းမြို့ရှိ သနတ-၁(သုတေသနတပ်)၊စခတ-၂(စစ်အခြေခံလေ့ကျင့်ရေးတပ်)၊ တတက -၁၃ (စစ်တန်းမြင့်လေ့ကျင့်ရေးကျောင်း)၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား ၁၃၀ ခန့်ကို ဩဂုတ် ၁၇ ရက် ကစပြီး မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက ဂျက်တိုက်လေယာဉ်နဲ့ဗုံးသီးအလုံး (၇၀)ကျော်၊ (Y-12) လေယာဉ်နဲ့ ဗုံးသီး(၁၅၀)ကျော် ကြဲချသလို (Mi-35)စစ်ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ကူပေးခုခံခဲ့ပေမဲ့ ဩဂုတ်လ ၂၅ ရက်မှာ မြို့ကိုဆုံးရှုံးခဲ့ရလို့ အရှုံးကို ဖုံးဖိလိုတဲ့အတွက် သပိတ်ကျင်းမြို့မကျသေးသယောင် သတင်းမှား တွေ ရေးသားဝါဒဖြန့်ဝေနေတာဖြစ်ပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကို ဒီနေရာ  ကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – Link

Fb – Link