ဩဂုတ်၊ ၁၅
ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄ကို စစ်ကောင်စီတရားရေး အမိန့်အရ ဒီကနေ့ ဒုတိယအကြိမ် လေလံတင်ရောင်းချခဲ့ပေမယ့် ဝယ်သူမရှိတာကြောင့် လေလံပွဲအထမ မြောက် ဘဲ ပြီးဆုံးသွားပါတယ်။
“လေလံဝယ်ယူလိုသူ ရှိပါသလား”ဆိုတဲ့ တရားရုံးဘီလစ်အရာရှိရဲ့ မေးခွန်းသုံးကြိမ်ကို တုံ့ပြန်ဖြေကြားမယ့် ဝယ် ယူသူရှိမနေဘဲ ဒီလေလံပွဲကို သတင်းယူမယ့် သတင်းသမားတွေသာ ရှိနေကြတာကိုပြည်တွင်း အခြေစိုက်မီဒီ ယာ တချို့ရဲ့ ထုတ်ရိုက်ထုတ်လွှင့်မှုတွေမှာတွေ့ရပါတယ်။
ခြံအမှတ် ၅၄နေအိမ်ခြံဝန်းကို ဒုတိယအကြိမ် လေလံတင်ရောင်းချဖို့ ကမာရွတ်ခရိုင်တရားရုံးက ပြီးခဲ့တဲ့ ဇွန်လ ၂၇ရက်က အမိန့်ချထားတာကို ဒီကနေ့ အကောင်အထည်ဖော်ခဲ့ကြတာဖြစ်ပေမယ့် အထမြောက်မှုတော့မရှိခဲ့ တာ ပါ။
တရားရုံးဘက်က သတ်မှတ်ချက်အရ အခုတကြိမ် လေလံရောင်းချပွဲမှာ ခြံအမှတ် ၅၄ရဲ့တန်ဖိုးကို ငွေကျပ် ဘီလီ ယံ သုံးရာကြမ်းခင်းဈေးသတ်မှတ်ပြီး လေလံတင်ရောင်းချပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ငါးလလောက်အကြာ မတ်လ ၂၀ရက်တုန်းက ပထမအကြိမ် လေလံတင်ရောင်းချချိန်ကတော့ ကြမ်းခင်း ဈေးကို ကျပ် ၃၁၅ဘီလီယံသတ်မှတ်ခဲ့ပြီး ဝယ်ယူလိုသူမရှိတဲ့နောက် ခြံအမှတ် ၅၄ အမွေဆိုင်အမှုမှာ အနိုင်ရထား တဲ့ ဦးအောင်ဆန်းဦးဘက်က လေလံဈေးလျှော့ပေးဖို့တောင်းဆိုခဲ့ပါတယ်။
လေလံကြမ်းခင်းဈေး ကျပ် ၂၈၅ ဘီလီယံ အထိ လျှော့ချသတ်မှတ်ပေးဖို့ ဦးအောင်ဆန်းဦးဘက်က တရားရုံးကို လျှောက်ထားခဲ့ပေမယ့် တရားရုံးက မူလသတ်မှတ်ချက်ထက် ၁၅ဘီလီယံလျှော့ချပြီး ကျပ်ဘီလီယံ သုံးရာ သတ်မှတ်ပေးခဲ့တာပါ။
မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားသမီးနှစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကို ဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြား ခြံအမှတ် ၅၄နဲ့ပတ်သက်ပြီး တရားရင်ဆိုင်ရမှုတွေ လွန်ခဲ့တဲ့ ဆယ်စုနှစ်တချို့က တည်းကရှိနေခဲ့တာပါ။
အဲ့ဒီခြံနဲ့ပတ်သက်ပြီး အမွေရလိုမှုအတွက် ဦးအောင်ဆန်းဦးဘက်က ကြိုးပမ်းမှုတွေရှိနေခဲ့တာဖြစ်ပါတယ်။ လက်ရှိ အာဏာသိမ်း ကာ လ ၂၀၂၂ ခုနှစ်မှာတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦးရဲ့ လျှောက် ထားမှုကိုအနိုင်ပေးပြီး မောင်နှမနှစ်ဦးကြား အမွေခွဲယူကြဖို့ဆုံးဖြတ်ခဲ့ပါတယ်။
အဲ့ဒီနောက် အခုနှစ် ဇန်နဝါရီ ၂၅ရက်မှာ ကမာရွတ်ခရိုင်တရားရုံးကခြံအမှတ် ၅၄ကို လေလံတင်ရောင်းချဖို့ ဆက် လက်ဆုံးဖြတ်ပေးခဲ့ပါတယ်။
NLD ပါတီခေါင်းဆောင်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊လူထုခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အ ထင်ကရ နိုင်ငံရေးဖြတ်သန်းမှုဆိုင်ရာသမိုင်းပုံရိပ်တွေရှိနေတဲ့ အဲ့ဒီခြံကို လေလံတင်ရောင်းချမယ်ဆိုတာကြောင့် NLD ပါတီဝင်တွေနဲ့ ထောက်ခံသူတွေရဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
လက်ရှိအချိန်အထိတော့ မူလ လေလံကြမ်းခင်းဈေးကနေ ၁၅ဘီလီယံအထိ လျှော့ချပေးထားတဲ့ ခြံအမှတ် ၅၄ကို လေလံဆွဲဝယ်ယူလိုသူ ထွက်ပေါ်မလာသေးတာကြောင့် စစ်ကောင်စီတရားရေးရဲ့ ဆုံးဖြတ်ချက်တွေအကောင် အထည်ပေါ်မလာသေးဘူးလို့ ဆိုနိုင်ပါတယ်။