Photo – MDY-PDF (ပုံစာ- စဉ့်ကူးမြို့ကိုသိမ်းပိုက်ပြီးနောက်လုံခြုံရေးဆောင်ရွက်နေတဲ့ MDY-PDF တပ်ဖွဲ့ဝင်တချို့)
ဩဂုတ်၊ ၁၂
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ လက်ရှိထိုးစစ်တွေမှာ NUG လက်အောက်ခံ PDF တပ်ရင်းအများစု အပါအဝင် စုစုပေါင်းတော်လှန်ရေးတပ်ဖွဲ့ နှစ်ဆယ်က ပူးပေါင်းပါဝင်တိုက်ခိုက်နေတယ်လို့ MDY-PDF ရဲ့ဒီကနေ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ရည်မှန်းထားတဲ့ စစ်ဆင်ရေးတွေကို အောင်မြင်အောင်ဖော်နိုင်တာဟာ မိတ်ဖက် တော် လှန်ရေးတပ်ဖွဲ့တွေက အ ရေးပါတဲ့အခန်းကဏ္ဍကနေ ပူးပေါင်းဆောင်ရွက်နေတာကြောင့်ဖြစ်တယ်လို့ MDY-PDF က ထုတ်ဖော်ပြောဆိုပါ တယ်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)နဲ့ ရှန်း-မန်းစစ်ဆင်ရေးတို့မှာ လက်ရှိပါဝင်တိုက်ခိုက်နေတဲ့ MDY-PDF က သူတို့အနေနဲ့ ရည်မှန်းထားတဲ့ စစ်ရေးပစ်မှတ်တွေရဲ့ ၈၀ရာခိုင်နှုန်းလောက်ကို အောင်မြင်အောင်ဖော်ဆောင်ထားနိုင်တယ်လို့ လည်းဆိုပါတယ်။
MDY-PDF ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်ကစတင်တဲ့ တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ပူးပေါင်းတပ် တွေနဲ့အတူ နောင်ချို၊မိုးမိတ်၊မိုးကုတ်မြို့သိမ်းတိုက်ပွဲတွေမှာပါဝင်ခဲ့သလို စဉ့်ကူတမြို့နယ် လုံးကိုလည်း ဦးဆောင် သိမ်းပိုက်ထားပါတယ်။
အလားတူ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီ စခန်း ၃၅ခုကိုလည်း သိမ်းပိုက်ထားကာ မန္တလေးမြို့အနီးအထိ ထိုး စစ်ဆင်တိုက်ခိုက်မှုတွေရှိခဲ့တာပါ။လက်ရှိမှာလည်း သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီစခန်းတွေကို ဆက် လက်ထိုးစစ်ဆင်နေပြီး ခလရ ၁၄၈ အပါအဝင် စခန်းကိုခုကိုသိမ်းပိုက်ထားပါသေးတယ်။
ဒီတိုက်ပွဲတွေအတွင်း MDY-PDF တပ်ဖွဲ့ဝင်တွေအပြင် မိတ်ဖက် တော်လှန်ရေးတပ်တွေထဲက တပ်ဖွဲ့ဝင် တွေ ကျဆုံးထိခိုက်မှုတွေလည်းရှိခဲ့တယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။
MDY-PDF ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိစစ်ဆင်ရေးတွေမှာ NUG လက်အောက်ခံ PDF တပ်ဖွဲ့တွေဖြစ်တဲ့ ရွှေဘို ခရိုင် တပ်ရင်းဆယ်ခု၊မြင်းခြံခရိုင်တပ်ရင်းတခု၊ကျောက်ဆည်ခရိုင်တပ်ရင်းနှစ်ခု၊ညောင်ဦးခရိုင်တပ်ရင်းတခုတို့ အပြင် မတ္တရာမျိုးမှန်တပ်ဖွဲ့၊ရေစကြိုဒေါင်းညီနောင်တပ်ဖွဲ့၊ ဝက်လက်ဒေါင်းနီတပ်ဖွဲ့၊စဉ့်ကိုင်တော်လှန်ရေးတပ်ဖွဲ့၊ တလုပ် PDF တပ်ဖွဲ့၊National Liberation Army (NLA)တမူး တပ်ဖွဲ့တွေပူးပေါင်း တိုက်ခိုက်နေတယ်လို့သိရ ပါတယ်။
အဲ့ဒီမိတ်ဖက် တော်လှန်ရေးတပ်ဖွဲ့တွေကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်းနဲ့ စစ်အာဏာရှင်စနစ် အမြစ် ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက်လက်တွဲဆောင်ရွက်သွားဖို့အသင့်ရှိနေတယ်လို့လည်း MDY-PDF ရဲ့ ထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။