သံတွဲမှာ စစ်ကောင်စီရေတပ်က လက်နက်ကြီးပစ်ခတ်လို့ ကိုယ်ဝန်ဆောင်တဦးအပါ အရပ်သားခုနှစ်ဦး ထက်မနည်းသေဆုံး

Photo – AA Info Desk

ဇူလိုင်၂၀

သံတွဲမြို့နယ်မှာ စစ်ကောင်စီရေတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်ကျရောက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် အရပ်သား ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

သံတွဲမြို့နယ်၊ ငပလီ ပင်လယ်ကမ်းခြေတောင်ဖက် ဂျိတ္တောကျေးရွာကနေသပြုချိုင်ရေတပ်စခန်းဖက်ကို ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အာရက္ခတပ်တော်(AA)က အဘဲကျေးရွာအနီး တောင်ကြောတွေမှာဇူလိုင်၁၉ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဘဲကျေးရွာက ဂျိတ္တောကျေးရွာနဲ့သပြုချိုင်ရေတပ်စခန်းကြားမှာတည်ရှိတာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ဝန်းကျင်ကို စစ်ကောင်စီရေတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး အဘဲကျေးရွာဖက်ကို ကျည်ကျရောက်ခဲ့လို့ အရပ်သားတွေထိခိုက်သေဆုံးခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်တဦးကပြောပါတယ်။

!!!!ရမ်းသမ်းပစ်တာ ရွာဖက်ကိုကျတော့ ခုနှစ်ယောက်သေတယ် ဗိုက်ကြီးသည်တဦးပါတယ် ဖုန်းလိုင်းမကောင်းတော့သေချာတော့မသိရသေးပါ။!!!!လို့သတင်းရင်းမြစ်ကဆိုပါတယ်။

သေဆုံးသူတွေက အဘဲရွာဒေသခံငါးဦးနဲ့ ဂျိတ္တောကစစ်ရှောင်လာသူနှစ်ဦးဖြစ်ပြီး ကလေးငယ်နှစ်ဦးလောက်ထိခိုက်ဒဏ်ရာရရှိခဲ.တယ်လို့ဒေသတွင်းသတင်းဌါနအချို့ကဖော်ပြထားပါတယ်။

ဒါ့အပြင်သေဆုံးသူအရေအတွက်လည်း တိုးလာနိုင်တယ်လို့လည်းဆိုပါတယ်။အသေးစိတ်ကိုတော့DNAအနေနဲ့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်ကသံတွဲမြို့နယ်မှာလေကြောင်းတိုက်ခိုက်မှုတွေ ရက်ဆက် လုပ်နေတာဖြစ်ပြီး တိုက်ပွဲကာလ သုံးလကျော်အတွင်း သံတွဲမြို့နယ်တခုတည်းမှာ အရပ်သားသေဆုံးသူ တရာ၀န်းကျင်အထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ထက်၀က်ကျော်(ကိုးမြို့)ကို သိမ်းပိုက်ထားပြီး ပြည်နယ်တခုလုံးထိန်းချုပ်သွားမယ်လို့ ကြေငြာထားတဲ့ AA ဟာ သံတွဲအပြင် မောင်တောမြို့ကိုပါ အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်နေကာ အမ်းအခြေစိုက်တပ်စခန်း၊ တပ်ရင်းတွေကိုပါ တိုက်ခိုက်နေပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်(AA)ဟာ သံတွဲမြို့ပေါ်နဲ့ ငပလီ အခြေစိုက်တပ်ရင်းနှစ်ခု၊ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းရှိရာ မြို့နယ်မြောက်ပိုင်းတို့အပါအ၀င် မြို့နယ်တခုလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

သံတွဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ဘက်က သဗြုချိုင်ရေတပ်စခန်းနဲ့စခန်းသစ်ချထားတဲ့ ဇလွန်စခန်းတို့လောက်သာကျန်တော့ပြီး အဲဒီစခန်းတွေ သိမ်းပိုက်ပြီးရင်တော့ မြို့နယ်တခုလုံး AA ထိန်း ချုပ်မှုအောက် ရောက်သွားတော့မှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ထက်၀က်ကျော်(ကိုးမြို့)ကို သိမ်းပိုက်ထားပြီး ပြည်နယ်တခုလုံးထိန်းချုပ်သွားမယ်လို့ ကြေငြာထားတဲ့ AA ဟာ သံတွဲအပြင် မောင်တောမြို့ကိုပါ အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်နေကာ အမ်းအခြေစိုက်တပ်စခန်း၊ တပ်ရင်းတွေကိုပါ တိုက်ခိုက်နေပါတယ်။

ဒါ့အပြင် သံတွဲမြို့နယ်နဲ့ ကပ်ရပ်၊ ဧရာ၀တီတိုင်းအစပ် ဂွမြို့နယ်မှာလည်း စစ်ရေးပြင်ဆင်မှုတွေ လုပ်နေကာ ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ မကြာခဏ ရှိနေပါတယ်။