ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်က ကရင်လေးဆိပ်တံတား မိုင်းခွဲခံရလို့ ကားတွေ ပိတ်မိနေ

Photo – Social Media

ဇူလိုင်၊ ၁၇

ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကရင်လေးဆိပ်ရွာက တံတား တစင်း မနေ့ ဇူလိုင် ၁၆ ရက်၊ ည ၁၀ နာရီလောက်က မိုင်းခွဲဖျက်ဆီးခံလိုက်ရလို့ ဒီနေ့မနက်မှာ ကုန်တင် ကား တွေနဲ့ ခရီးသည်ကားအကြီးတွေ ပိတ်မိနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“တံတားကတော့ လုံးဝ သွားမရတော့ဘူး၊ ရွာလမ်းကနေ ပတ်သွားလို့ရတဲ့ လမ်းတော့ရှိတယ်၊ အဲဒါက ကားငယ် လေးတွေပဲ သွားလို့ရတာ၊ ကုန်ကားကြီးတွေတော့ ပိတ်မိနေတယ်” လို့ မိုးကောင်းရွာခံတဦးက DNA ကို ပြောပါ တယ်။

 ဒီနေ့ မနက်ပိုင်းအထိတော့ အဲလိုပိတ်မိနေတဲ့ ကုန်ကားနဲ့ ခရီးသည်ကားအကြီး အစီးရေ ရာချီရှိတယ်လို့လည်း သူ က ပြောပါတယ်။

 မိုင်းဖောက်ခွဲခံရတာကြောင့် မိုင်တိုင်အမှတ် 134/6 နဲ့ 134/7 ကြားမှာရှိတဲ့ အရှည် ၁၀ ပေ၊ အကျယ် ပေ ၅၀ ခန့်ရှိ တဲ့ ကရင်လေးဆိပ်တံတား လုံးဝပျက်စီးသွားခဲ့ပြီး လူအထိအခိုက်တော့ မရှိဘူးလို့ သိရပါတယ်။ ဒေသခံတွေကတော့ တော်လှန်ရေးအင်အားစုတွေဘက်ကနေ အခုလို ဖောက်ခွဲလိုက်တာ ဖြစ်နိုင်တယ်လို့ ယူဆ ကြပေမယ့် ဘယ်အဖွဲ့က ဖောက်ခွဲလိုက်တာလဲဆိုတာကိုတော့ အတိအကျ မသိရပါဘူး။

အခုလို ဖောက်ခွဲဖျက်ဆီးခံရတဲ့ ကရင်လေးဆိပ်တံတားနဲ့ လေးမိုင်ဝန်းကျင်သာရှိတဲ့ ဘီလင်းမြို့အထွက်နားက ကျုံအိတ်တံတားနဲ့ မစောတံတားတို့လည်း ပြီးခဲ့တဲ့ မေလအတွင်းက ဖောက်ခွဲခံလိုက်ရပါသေးတယ်။ အဲဒီတံတားနှစ်စီးကိုတော့ စစ်ကောင်စီဘက်က ပြန်လည်ပြုပြင်ခဲ့ပြီး ဇွန်လ အစောပိုင်းလောက်ကစလို့ ပြန်လည် အသုံးပြုလို့ ရနေပြီဖြစ်ပါတယ်။