ချင်းပြည်နယ်ကနေ (၆)ရက်ကြာလမ်းလျှောက်ပြန်လာတဲ့ ဧရာဝတီသားတွေ

By – Delta News Agency

၂၄၊ ဧပြီ၊ ၂၀၂၀။

ချင်းပြည်နယ် မတူပီမြို့ကနေ လမ်းလျောက်ပြန်ခဲ့ကြတဲ့ ဧရာဝတီတိုင်းသား လေးဦးဟာ မြောင်းမြမြို့ဂိတ်ကို ဒီနေ့ရောက်ရှိလာခဲ့ပါတယ်။

“မတူပီဘက်မှာ လမ်းခင်းကျောက်ထုလုပ်ငန်းကနေ လုပ်ငန်းအခြေအနေမကောင်းလို့ ပြန်လာကြတာ၊ သူတို့ဆီမှာ ချင်းပြည်နယ်မတူပီက ထောက်ခံပေးလိုက်တဲ့ စာအထောက်အထားတွေလည်းပါတယ်။”လို့ မြောင်းမြမြို့ဝင်ဂိတ်မှာ အဝင်အထွက်တွေကို ကူညီစစ်ဆေးပေးနေတဲ့ ဂရုဏာရှင်လူမှုကူညီရေးအဖွဲ့က ကိုဟိန်းအောင်အောင်က ပြောပါတယ်။

လုပ်ငန်းတွေ အခြေအနေမကောင်းတဲ့အပြင် လုပ်အားခတွေလည်း အပြည့်အဝမရလို့ လမ်းစားရိတ်ပြတ်ပြီး ခြေလျင်လမ်းလျှောက်ပြန်ခဲ့ကြတာပါ။ လမ်းမှာကားကြုံတားစီးပြီး ရသလောက်ခရီးဆက်ခဲ့ရတယ်လို့လည်း သိရပါတယ်။

သူတို့ဟာ မတူပီမြို့ကနေ လမ်းလျောက်ပြန်လာပြီး ၆ရက်အကြာမှာ ဧရာဝတီတိုင်း မြောင်းမြမြို့ကို ဧပြီလ ၂၄ရက်နေ့မှာ ရောက်ရှိလာကြတာပါ။ ဒါပေမယ့် လပ္ပတ္တာအထိ ဆက်ပြီးပြန်ရမှာ ဖြစ်လို့ မြတ်ပါရမီပရဟိတအဖွဲ့တွေက သူတို့ကို လပ္ပတ္တာအထိ ကားစီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။

သူတို့အဖွဲ့က စုစုပေါင်း လေးယောက်ပါဝင်ပြီး နှစ်ယောက်က လပ္ပတ္တာမြို့အဝင် သဲကုန်းရွာက ဖြစ်ပြီး ကျန်တဲ့နှစ်ယောက်ကတော့ လပ္ပတ္တာတစ်ဖက်ကမ်း အမတ်ကျေးရွာကပါ။

“သူတို့တွေကို အခုလောလောဆယ်တော့ ဒီမှာပဲ ကျေးရွာအခြေပြုအသွားအလာကန့်သတ်စောင့်ကြည့်စခန်းမှာ ထားပါတယ်။ စားရေးသောက်ရေးကအစ ရပ်ရွာက တာဝန်ယူသွားမှာ ဖြစ်တယ်လို့ လပ္ပတ္တာမြို့က အဖြူရောင်ဧရာဝတီသဘာဝဘေးကာကွယ်ရေးအသင်း ဥက္ကဌ ဦးခင်မောင်ဝင်းက ပြောပါတယ်။

အခုချိန်မှာ ဧရာဝတီတိုင်းရဲ့ ဝင်ပေါက် (၆)ပေါက်မှာ လုံခြုံရေးဂိတ်တွေ ထားရှိပြီး ရောက်လာသူတွေကို ရပ်ရွာအခြေပြုအသွားအလာကန့်သတ်ရေးစခန်းတွေမှာ ၂၁ရက်စ ကန့်သတ်စောင့်ကြည့်ထားနေတာ ဖြစ်ပါတယ်။

(Zawgyi)

ခ်င္းျပည္နယ္ကေန (၆)ရက္ၾကာလမ္းေလွ်ာက္ျပန္လာတဲ့ ဧရာဝတီသားေတြ

၂၄၊ ဧၿပီ၊ ၂၀၂၀။

ခ်င္းျပည္နယ္ မတူပီၿမိဳ႕ကေန လမ္းေလ်ာက္ျပန္ခဲ့ၾကတဲ့ ဧရာဝတီတိုင္းသား ေလးဦးဟာ ေျမာင္းျမၿမိဳ႕ဂိတ္ကို ဒီေန႔ေရာက္ရွိလာခဲ့ပါတယ္။

“မတူပီဘက္မွာ လမ္းခင္းေက်ာက္ထုလုပ္ငန္းကေန လုပ္ငန္းအေျခအေနမေကာင္းလို႔ ျပန္လာၾကတာ၊ သူတို႔ဆီမွာ ခ်င္းျပည္နယ္မတူပီက ေထာက္ခံေပးလိုက္တဲ့ စာအေထာက္အထားေတြလည္းပါတယ္။”လို႔ ေျမာင္းျမၿမိဳ႕ဝင္ဂိတ္မွာ အဝင္အထြက္ေတြကို ကူညီစစ္ေဆးေပးေနတဲ့ ဂ႐ုဏာရွင္လူမႈကူညီေရးအဖြဲ႕က ကိုဟိန္းေအာင္ေအာင္က ေျပာပါတယ္။

လုပ္ငန္းေတြ အေျခအေနမေကာင္းတဲ့အျပင္ လုပ္အားခေတြလည္း အျပည့္အဝမရလို႔ လမ္းစားရိတ္ျပတ္ၿပီး ေျခလ်င္လမ္းေလွ်ာက္ျပန္ခဲ့ၾကတာပါ။ လမ္းမွာကားႀကဳံတားစီးၿပီး ရသေလာက္ခရီးဆက္ခဲ့ရတယ္လို႔လည္း သိရပါတယ္။

သူတို႔ဟာ မတူပီၿမိဳ႕ကေန လမ္းေလ်ာက္ျပန္လာၿပီး ၆ရက္အၾကာမွာ ဧရာဝတီတိုင္း ေျမာင္းျမၿမိဳ႕ကို ဧၿပီလ ၂၄ရက္ေန႔မွာ ေရာက္ရွိလာၾကတာပါ။ ဒါေပမယ့္ လပၸတၱာအထိ ဆက္ၿပီးျပန္ရမွာ ျဖစ္လို႔ ျမတ္ပါရမီပရဟိတအဖြဲ႕ေတြက သူတို႔ကို လပၸတၱာအထိ ကားစီစဥ္ေပးခဲ့တယ္လို႔ သိရပါတယ္။

သူတို႔အဖြဲ႕က စုစုေပါင္း ေလးေယာက္ပါဝင္ၿပီး ႏွစ္ေယာက္က လပၸတၱာၿမိဳ႕အဝင္ သဲကုန္း႐ြာက ျဖစ္ၿပီး က်န္တဲ့ႏွစ္ေယာက္ကေတာ့ လပၸတၱာတစ္ဖက္ကမ္း အမတ္ေက်း႐ြာကပါ။

“သူတို႔ေတြကို အခုေလာေလာဆယ္ေတာ့ ဒီမွာပဲ ေက်း႐ြာအေျချပဳအသြားအလာကန႔္သတ္ေစာင့္ၾကည့္စခန္းမွာ ထားပါတယ္။ စားေရးေသာက္ေရးကအစ ရပ္႐ြာက တာဝန္ယူသြားမွာ ျဖစ္တယ္လို႔ လပၸတၱာၿမိဳ႕က အျဖဴေရာင္ဧရာဝတီသဘာဝေဘးကာကြယ္ေရးအသင္း ဥကၠဌ ဦးခင္ေမာင္ဝင္းက ေျပာပါတယ္။

အခုခ်ိန္မွာ ဧရာဝတီတိုင္းရဲ႕ ဝင္ေပါက္ (၆)ေပါက္မွာ လုံၿခဳံေရးဂိတ္ေတြ ထားရွိၿပီး ေရာက္လာသူေတြကို ရပ္႐ြာအေျချပဳအသြားအလာကန္႔သတ္ေရးစခန္းေတြမွာ ၂၁ရက္စ ကန္႔သတ္ေစာင့္ၾကည့္ထားေနတာ ျဖစ္ပါတယ္။

Photo credit -Hein Aung Aung@facebook

#ချင်းပြည်နယ်#ဧရာဝတီတိုင်း#မြောင်းမြမြို့#လပ္ပတ္တာမြို့

Delta News

Read Previous

ပုသိမ်က COVID-19 သံသယလူနာအဖြေ ဒီနေ့ည သိရမယ်

Read Next

ပုသိမ်အထည်ချုပ်က COVID-19 သံသယလူနာအဖြေ သိရပြီ