မိုးကုတ်အနောက်ပိုင်း ပုဂ္ဂလိကဘဏ်နှစ်ခုက ငွေသားနဲ့ ကျောက်မျက်တွေစစ်တပ် ယူသွားတယ်လို့ TNLAဆို

ဇူလိုင်၊ ၅

မိုးကုတ်မြို့ အနောက်ပိုင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေချိန်ကာလအတွင်း စစ် ကောင်စီတပ်က KBZ ဘဏ်နဲ့ CB ဘဏ်တို့ကနေကျပ်သိန်းနှစ်သောင်းဝန်းကျင်တန်ဖိုးရှိ ငွေသားနဲ့  ကျောက်မျက်ရတနာတွေယူသွားတယ်လို့ တအာင်းတပ် TNLA က ဒီကနေ့ ထုတ်ပြန်လာပါတယ်။

အဲ့ဒီလို ဖောက်ထွင်းယူဆောင်သွားခဲ့ကြောင်းအထောက်အထားတွေလည်း ရထားတယ်လို့ဆိုပါတယ်။

တအာင်းတပ်၊ပြည်သူ့ကာကွယ်ရေးတပ်မတော် မိုးကုတ်ဗျူဟာ၊ မိုးကုတ်ပကဖပူးပေါင်းတပ်တွေက မိုးကုတ်မြို့ အနောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်ချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကျပ်ပြင်ရဲ စ ခန်းနဲ့ ဘဏ်တွေထဲ ထွက်ပြေးခိုအောင်းနေခဲ့ကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ပြီးနောက် တွေ့ရတဲ့အလောင်းတွေအရ စစ်ကောင်စီတပ်ဖွဲ့ ဝင်တ ဦးချင်းစီက ငွေကျပ်သိန်းငါးဆယ်နဲ့ ကျောက်မျက်ရတနာတွေယူထားကြတာတွေ့ရတယ်လို့ ဆိုပါတယ်။

TNLA ဘက်က ဒီကနေ့ ထုတ်ပြန်ချက်မှာဖောက်ထွင်းခံထားရတယ်ဆိုတဲ့ မိုးကုတ် ကျပ်ပြင်အခြေစိုက် KBZ နဲ့ CB ဘဏ်တို့ မှတ်တမ်းပုံတွေကိုလည်းဖော်ပြထားပေမယ့် ငွေသားနဲ့ ကျောက်မျက်တွေ တွေ့ရတယ်ဆိုတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အလောင်းမှတ်တမ်းပုံတွေတော့ဖော်ပြတာမရှိသေးပါဘူး။

လက်ရှိမှာ မိုးကုတ်မြို့အနောက်ပိုင်းကို TNLA နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားသလို မိုးကုတ် အ ရှေ့ပိုင်းက စခန်းတချို့ကိုလည်းသိမ်းပိုက်ထားကာ နှစ်ဖက် တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။

၂၀၂၁ခုနှစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့နှစ်ကုန်နဲ့ အခုနှစ်အတွင်း ပေါ်ပေါက်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ တော် လှန်ရေးတပ်တွေက အစိုးရပိုင်ဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေကျန်ရှိနေတဲ့ ငွေသားတွေကို သိမ်းယူထုတ်ပြန်ခဲ့တဲ့ ဖြစ်စဉ်တွေရှိပါတယ်။

စစ်ကိုင်းတိုင်းကောလင်းမြို့ကို KIA နဲ့PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ချိန်မှာ ပုဂ္ဂလိကဘဏ်တွေနဲ့ ဌာနဆိုင်ရာ ဘဏ်ဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်တို့ကနေ ငွေကျပ် ၄၄ဘီလီယံကျော်တွေ့ရှိထိန်းသိမ်းခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ကောလင်းမြို့တိုက်ပွဲကာလအတွင်း ပုဂ္ဂလိက ဘဏ်တွေရဲ့ငွေတိုက်ခန်းတွေကို ဖောက်ထွင်းဝင်ရောက်ဖို့ ကြံစည်ထားတဲ့ အခြေအနေတွေလည်းတွေ့ရတယ်လို့ NUG ကဆိုခဲ့ပါသေးတယ်။

အလားတူ တရုတ်-မြန်မာနယ်စပ် မြို့တမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကို KIA က သိမ်းပိုက်ချိန်မှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ သိမ်းဆည်းထားပြီးမရွှေ့ပြောင်းနိုင်ခဲ့တဲ့ ငွေကျပ်သိန်းထောင်ချီကို  သိမ်းဆည်းရရှိခဲ့ပါတယ်။