ထောင်တသက်ချခံထားရသူ နှစ်ဦးအပါအဝင် နိုင်/ကျဉ်း တဒါဇင်ကျော် မတူပီမြို့သိမ်းတိုက်ပွဲအတွင်း လွတ်မြောက်လာ

Photo -CDF မတူပီ တပ်မဟာ- ၁

ဇူလိုင်၊ ၄

ချင်းပြည်နယ် မတူပီမြို့မှာ စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ဦးဟာ မတူပီမြို့ သိမ်းတိုက်ပွဲကာလအတွင်း တော်လှန်ရေးတပ်တွေဆီ လွတ်မြောက်ခိုလှုံလာတယ်လို့ ချင်းကာကွယ်ရေးတပ် မတူ ပီ တပ်မဟာ(၁)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မတူပီ တပ်မဟာ(၁) ဟာ AA အပါအဝင် ချင်းတော်လှန်ရေးတပ်တွေပူးပေါင်း ထိုးစစ်ဆင်တဲ့ ချင်းညီနောင် စစ်ဆင် ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲ ထောင်ဒဏ် တသက်ချမှတ်ခံထားရသူနှစ်ဦးလည်းပါဝင်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကြောင်းတွေထဲ ကြားညှပ်လိုက်ပါစေကာဒဏ် ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သယ်ယူရာမှာ အဓမ္မခိုင်းစေအသုံးပြုခဲ့ပြီး တော်လှန်ရေးတပ်တွေ တိုက်ခိုက် မှုကြောင့် စစ်ကြောင်းတပ်ပျက်ချိန်မှာ လွတ်မြောက်လာကြတာလို့ ဖော်ပြထားပါတယ်။

တော်လှန်ရေးတပ်တွေဆီလွတ်မြောက်ခိုလှုံလာတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ဦးလုံးဟာ အာဏာသိမ်းပြီးချိန် ၂၀၂၁ခုနှစ်ကနေ ၂၀၂၃ခုနှစ်အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေဖြစ်တယ်လို့ CDF မတူပီ တပ်မဟာ(၁)ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

မတူပီမြို့နယ်ဒေသခံတွေအပြင် တခြား ချင်းပြည်နယ်မြို့နယ်တချို့က ဒေသခံတွေလည်းပါတဲ့ အဲ့ဒီနိုင်ငံရေး အ ကျဉ်းသားတွေထဲက တဦးသာ အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ဖမ်းဆီးခံထားရတာဖြစ်ပြီး ကျန်တဲ့ ၁၂ဦး ကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ဖမ်းဆီးခံထားရတာပါ။

သူတို့ထဲမှာ ပညာရေးနဲ့ စိုက်ပျိုးရေးဌာန CDM ဝန်ထမ်းတဦးစီ၊ခရစ်ယာန် ဓမ္မအမှုတော်ဆောင်တဦးနဲ့ ထောင် ကျ ချိန်မှာ  အသက်၁၈နှစ်မပြည့်သေးသူ တဦးတို့လည်းပါဝင်တယ်လို့သိရပါတယ်။

ဒီနိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက မတူပီမြို့ တိုက်ခိုက်ခံနေရချိန် ဇွန်လ ၆ရက်မှာ မတူပီမြို့မရဲ စခန်း အချုပ်ကနေ မတူပီအခြေချစစ်ဗျူဟာနဲ့ ခလရ ၁၄၀ တပ်စခန်းတွေဘက် ရွှေ့ပြောင်းခဲ့တယ်လို့ ဆိုပါတယ်။

မတူပီမြို့ အခြေစိုက် စစ်ကောင်စီတပ်စခန်းတွေကို ချင်းညီနောင်ပူးပေါင်းတပ်တွေက ဇွန်လ ၂၉ရက်မှာ အပြီး သတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ချင်းညီနောင်ပူးပေါင်းတပ်တွေက ဇွန်လ ၁၇ရက်မှာ ခမရ ၃၀၄၊ ဇွန်လ ၂၉ရက်မှာ စစ်ဗျူဟာနဲ့ ခလရ ၁၄၀တို့ကို သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒီမတိုင်ခင်ကလည်း မြို့သိမ်းတိုက်ပွဲတွေကြောင့် စစ်ကောင်စီအကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသား တွေအပါအဝင် အကျဉ်းသားတွေကို တော်လှန်ရေးတပ်တွေက ကယ်ထုတ်နိုင်တာတွေ ရှိခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေက ကောလင်းမြို့သိမ်း တိုက်ပွဲ ဖော်ဆောင်ခဲ့ချိန် ကောလင်းမြို့မရဲစခန်းထဲဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းခြောက်ဆယ် ကျော်ကို ပြန်လွှတ်ပေးနိုင်ခဲ့ပါတယ်။

အလားတူ ရခိုင်ပြည်နယ်ထဲက မြို့သိမ်းတိုက်ပွဲတွေမှာလည်း စစ်ကောင်စီကမတရားဖမ်းဆီးထားတဲ့ အရပ်သား တချို့ကို နေရပ်ပြန်လွှတ်ပေးခဲ့တယ်လို့ အာရက္ခတပ်တော် AA ကထုတ်ပြန်ထားဖူးပါတယ်။