Photo – Social Media (ကံဆောင်သပိတ်မှောက်ကာ လှည့်လည်ကြွချဆန္ဒပြခဲ့တဲ့ဘုတလင်နဲ့ အရာတော်မြို့နယ်ကသံဃာတွေ)
ဇွန်၊ ၂၉
ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရပြီးပျံလွန်ခဲ့တဲ့နောက်ရက်ပိုင်းအတွင်း စစ်ကောင်စီကို သံဃာတော် တွေက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး ဒီကနေ့အထိ စုစုပေါင်းမြို့နယ် ဆယ်ခုက သံဃာတော်တွေသပိတ်မှောက်နေကြပါတယ်။
ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်ပြီးနောက် လေးရက်အကြာ ဇွန်လ ၂၃ရက်မှာ စစ်ကိုင်းတိုင်းချောင်းဦးမြို့နယ်မှာ သီ တင်းသုံးတဲ့ သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်မှုကို စတင်ခဲ့ကြတာဖြစ်ပါတယ်။
ဒီကနေ့မှာလည်း စစ်ကိုင်းတိုင်းဘုတလင်နဲ့ အရာတော်မြို့နယ်က သံဃာတော်တွေက အလားတူ ကံဆောင် သ ပိတ်မှောက်မှုပြုလုပ်ခဲ့ကြပြီး လမ်းပေါ်ထွက်စီတန်းလှည့်လည်ကြွချီခဲ့ကြပါသေးတယ်။
ချောင်းဦးမြို့နယ်က ဆရာတော်တွေကံဆောင်သပိတ်စတင်ခဲ့တဲ့နောက် ဒီပဲယင်း၊တန့်ဆည်၊ဆားလင်းကြီး၊ စစ် ကိုင်း၊မုံရွာ၊ဘုတလင်၊အရာတော်၊ဝက်လက်စတဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေနဲ့ မကွေးတိုင်း ပခုက္ကူ၊ မြိုင် မြို့နယ်တို့က သံဃာတော်တွေက ကံဆောင်သပိတ်တွေ ပြုလုပ်နေကြတာပါ။
အခုလို ကံဆောင်သပိတ်မှောက်တာဟာ စစ်ကောင်စီနဲ့သူ့ရဲ့လက်အောက်ခံတွေကို တရားဟောကြားမှု မလုပ် တော့တာအပါအဝင် ဆက်ဆံရေးအားလုံးဖြတ်တောက်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး သံဃာတော်တွေအနေနဲ့ ဝိနည်းအရအပြင်းထန်ဆုံး ဒဏ်ခတ်တာဖြစ်တယ်လို့ ဒီပဲ ယင်းမြို့နယ်က ကံဆောင်သပိတ်ကို ဦးဆောင်တဲ့ ဆရာတော် အရှင်ပညိဿရာလင်္ကာရက DNAကိုမိန့်ကြား ထားပါတယ်။
“တကယ်တမ်းက အခုလိုကံဆောင်သင့်တာကြာပါပြီ၊ အခုကတော့ဝင်းနိမ္မိတာရုံဆရာတော်ကြီး သတ်ဖြတ်ခံရတာ ကိုအကြောင်းပြုပြီးတော့ နွေဦးတော်လှန်ရေးမှာ သတ်ဖြတ်ခံခဲ့ရတဲ့ မြောက်များလှစွာသော သံဃာတွေကို ရည် စူး ပြီးတော့ ကံဆောင်ကြတာဖြစ်ပါတယ်” သက်တော် ၄၅၊ဝါတော် ၂၅ဝါရှိတဲ့ ဆရာတော် အရှင်ပညိဿရာလင်္ကာ ရက မိန့်ပါတယ်။
ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်မှုကိုဘုရားရှင်လက်ထက်ကတည်းက ခွင့်ပြုခဲ့တယ်လို့ သာသနာဆိုင်ရာ ကျမ်းဂန်တွေမှာဖော်ပြထားပြီး လွတ်လပ်ပြီးခေတ်မြန်မာ့နိုင်ငံရေးသမိုင်းမှာလည်း သံဃာတော်တွေက အာဏာ ပိုင်တွေကို အဲ့ဒီလို ကံဆောင်သပိတ်မှောက်တာတွေရှိခဲ့ဖူးပါတယ်။
နအဖ စစ်အစိုးရခေတ် ၂၀၀၇ ခုနှစ်ကလည်း နိုင်ငံတဝန်းက သံဃာတော်တွေ စစ်အစိုးရကိုအခုလို ကံဆောင် သပိတ်မှောက်မှုတွေလုပ်ခဲ့ကြပြီး အဲ့ဒီသပိတ်ကိုလည်း ပြန်မလှန်ရသေးဘူးလို့ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု မှာ ပါဝင်ခဲ့ကြတဲ့ သံဃာတော်တွေက မိန့်ကြားကြပါတယ်။
သံဃာတွေအနေနဲ့ ဝိနည်းတော်အရ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်နိုင်တဲ့အချက်ရှစ်ချက်ရှိပြီး အဲ့ဒီအထဲ မှာရဟန်းတော်တွေကိုလာဘ်မရအောင်လုပ်တာ၊အကျိုးမဲ့ဖြစ်အောင်လုပ်တာ၊နေမြဲကျောင်းကန်မှာမနေနိုင်အောင်လုပ်တာ၊ဆဲရေးတာ၊သံဃာ့ဂိုဏ်းကွဲအောင်လုပ်တာ၊ဘုရား၊တရား၊သံဃာဂုဏ်ကျေးဇူးကိုထိပါးပြောဆိုတဲ့ ကိစ္စတွေ ပါဝင်ပါတယ်။