နှစ်ရက်တာ ထိုးစစ်အတွင်း စစ်စခန်းနှစ်ဒါဇင်သိမ်းပိုက်နိုင်တယ်လို့ TNLAပြော၊ ကျောက်မဲမြို့ကို ထိန်းချုပ် ထားပြီလို့ဆို

Photo – TNLA

ဇွန် ၊ ၂၆

ရှမ်းမြောက်နဲ့ မန္တလေးတိုင်းထဲမှာ တအာင်းတပ်(PSLF/TNLA)နဲ့ပူးပေါင်းတပ်တွေရဲ့ နှစ်ရက်တာထိုးစစ်အတွင်း စစ်ကောင်စီတပ်ရဲ့ စခန်းပေါင်း ၂၄ ခု သိမ်းပိုက်နိုင်ခဲ့ပြီလို့ TNLA က ဒီကနေ့ထုတ်ပြန်အသိပေးပါတယ်။

ကျောက်မဲမြို့နယ်အတွင်းက နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်းနဲ့ မြို့ပေါ်က အမှတ် (၃၅၂)အ မြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်း၊ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို သိမ်းပိုက်ရရှိထားတယ်လို့ ဆိုပါ တယ်။

တအာင်းဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနကတော့ ကျောက်မဲမြို့ကို TNLA နဲ့ပူးပေါင်းတပ်တွေ ဝင်ရောက် ထိန်းချုပ်ထားပြီလို့ မြို့တွင်းနေရာတချို့မှာ ပူးပေါင်းတပ်တွေဝင်ရောက်လှုပ်ရှားနေတဲ့ ဓာတ်ပုံတွေနဲ့တကွအခု ညပိုင်းမှာဖော်ပြထားပါတယ်။

ဒါပေမယ့် မြို့တွင်းနဲ့အနီးတဝိုက်မှာ သေနတ်သံတွေကြားနေရဆဲပဲလို့လည်းဆက်လက်ဖော်ပြထားပြီး ကျောက် မဲတမြို့လုံးကို အလုံးစုံးသိမ်းပိုက်နိုင်ဖို့အတွက်တော့ ခမရ ၅၀၁နဲ့ ၅၀၂ တို့ကို ဆက်ပြီးသိမ်းပိုက်ဖို့ ကျန်နေသေး တယ်လို့ ဆိုပါတယ်။

TNLA ရဲ့ထုတ်ပြန်ချက်မှာတော့ ကျောက်မဲမြို့ကို ထိန်းချုပ်ထားနိုင်ပြီဆိုတဲ့အခြေအနေကိုထည့်သွင်းဖော်ပြ တာ မရှိသေးပါဘူး။

မနေ့က စတင်ခဲ့တဲ့ ထိုးစစ်အတွင်း TNLA နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့တဲ့စစ်ကောင်စီစခန်းတွေထဲ နောင်ချို မြို့နယ်အတွင်းက ခြေမြန်တပ်ရင်း(ခမရ) ၁၁၅ တပ်ရင်းဌာနချုပ်၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန် စခန်း၊ ကျောက် ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစတဲ့ နေရာတွေကစစ်ကောင်စီတပ်စခန်း တွေကိုလည်း ပါဝင်တယ်လို့သိရပါတယ်။

အလားတူ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ထဲက ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနဲ့ဖြူရောင်ကုန်းတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ရက်တာ တိုက်ပွဲအတွင်းမှာတော့ လက်နက်ငယ်မျိုးစုံ (၅၁)လက်၊ RPG (၁)လက်၊ ၆၀ မမ စိန်ပြောင်း တ လက်၊ စက်သေနတ်တလက်အပါအဝင် တခြား စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရ မိခဲ့ တယ် လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း နှစ်ဆယ်ကိုလည်း သိမ်းဆည်း ရမိ ခဲ့ သလို လက်နက်ချအညံ့ခံခဲ့တဲ့ ကျောက်မဲအခြေစိုက် စကခ (၁) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇)ဦး ကိုလည်း လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို၊ သီပေါ၊ ကျောက်မဲမြို့နယ်တွေနဲ့ ရှမ်း-မန္တလေး အစပ်ရှိ မတ္တရာ၊ မိုးကုတ် မြို့ နယ်တို့က စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက မနေ့ မနက်အစောပိုင်းကတည်းက တ ကျော့ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အခုထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)လို့ TNLA ဘက်က သုံးနှုံးဖော်ပြတဲ့ လက်ရှိပူးပေါင်းထိုးစစ်အတွင်း မန္တလေးတိုင်း မတ္တရာမြို့အခြေစိုက် စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ကိုတော်လှန်ရေးတပ်တွေက သိမ်း ပိုက် နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောထားပေမယ့် အဲ့ဒီဒေသထဲလှုပ်ရှားတဲ့ MDY-PDF တပ်ဖွဲ့ ဘက်က အတည်ပြုထုတ်ပြန်တာမရှိသေးသလို အခု TNLA ရဲ့ထုတ်ပြန်ချက်မှာလည်း မတ္တရာထိုး စစ်အခြေအ နေတွေဖော်ပြမထားပါဘူး။

TNLA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေဟာ အခုနှစ် ဇန်နဝါရီ ၁၁ရက်က တည်းက ရှမ်းမြောက်မှာ ရပ်နားထားခဲ့တာဖြစ်ပြီး ခြောက်လနီးပါးအကြာမှာ TNLA ဦးဆောင်တဲ့ ထိုးစစ်တွေ ပြန်လည်ပေါ်ပေါက်လာတာပါ။

လက်ရှိတိုက်ပွဲတွေအတွင်း လက်နက်ကြီးနဲ့၊လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုနဲ့ ဘာသာရေးအဆောက်အအုံတွေအပါအဝင် နေအိမ်၊ အဆောက်အအုံထိခိုက်ပျက်စီးမှုတွေလည်းရှိနေပါတယ်။

TNLA ဘက်ကထုတ်ပြန်ချက်အရ မနေ့ကတရက်တည်း ကျောက်မဲမြို့ပေါ် ကဒေသခံနှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့သလို ဒီကနေ့မှာလည်း ရန်ကင်းရပ်ကွက်က နေအိမ်တအိမ်ပေါ်လက်နက်ကြီးကျလို့ လင်မ ယားနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။