ပစ်ခတ်ခံရမှုအခြေအနေကို ကံသုံးဆင့်ဆရာတော်ဖွင့်ချပြီးနောက် စစ်ကောင်စီလေသံပြောင်း 

ဇွန်၊ ၂၁

ငါန်းဇွန်မြို့နယ်အတွင်းပစ်ခတ်ခံရလို့ ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်တာဟာ စစ်သားတွေလက်ချက်လို့ ကံသုံး ဆင့်ဆရာတော်က ဖွင့်ချမိန့်ကြားခဲ့တဲ့နောက် ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး ဖော်ထုတ်နေတယ်လို့စစ်ကောင်စီက ဒီကနေ့ နေ့လယ်ပိုင်းမှာထုတ်ပြန်လာပါတယ်။

ကနဦးမှာ အဲ့ဒီဖြစ်စဉ်ဟာ PDFတွေလက်ချက်လို့ စစ်ကောင်စီက နေ့တွင်းချင်းသတင်းထုတ်ခဲ့ပေမယ့် ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ကံသုံးဆင့်ဆရာတော်က စစ်သားတွေပစ်ခတ်ခြင်းသာဖြစ်ကြောင်း မနေ့က လူသိရှင်ကြား မိန့်ကြား ခဲ့ တာကြောင့် ဝေဖန်မှုတွေမြင့်တက်လာတဲ့နောက် စစ်ကောင်စီဘက်က အခုလိုလေသံပြောင်းလာတာပါ။

“ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကနဦးသတင်းထုတ်ပြန်ခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့အဆင့်ဆင့်မှသတင်းပို့တင်ပြလာသည့် အ ချက်အလက်များ ကိုအခြေခံပြီးသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး”လို့ စစ်ကောင်စီက အောက်ခြေတပ်ဖွဲ့တွေကို အ ပြစ်လွှဲချထားပါတယ်။

ဒါပေမယ့် အခင်းဖြစ်နေ့ကတည်းက စစ်ကောင်စီလက်အောက်ခံ သာသနာရေးဦးစီးဌာနရဲ့ ဌာနတွင်းသတင်း ပေးပို့မှုဟာ ကံ သုံးဆင့် ဆရာတော်ရဲ့မိန့်ကြားချက်နဲ့ ကိုက်ညီနေတာကို လူမှုကွန်ရက်ပေါ်ပေါက်ကြားလာတဲ့ အဲ့ဒီစာအရ တွေ့ရပါတယ်။

အဲ့ဒီစာနဲ့ပတ်သက်ပြီး လက်မှတ်ရေးထိုး သတင်းပေးပို့ခဲ့တဲ့ မန္တလေးတိုင်း သာသနာရေးမှူး ဦးကျော်လှိုင်အပါ အဝင် သာသနာရေးဌာနဝန်ထမ်းတွေ စစ်ဆေးခံရနေတယ်ဆိုတဲ့သတင်းတွေလည်း ရှိနေတာပါ။

ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်အတွင်း ကိုယ်တိုင်ရှိနေခဲ့တဲ့ ကံသုံးဆင့်ဆရာတော် မိန့်ကြားချက်အရ မှန်အလုံပိတ်ပြီး ဆွမ်း ချိန်အမီ အမြန်မောင်းနေတဲ့ဆရာတော်တွေလိုက်ပါလာတဲ့ကားကို ဇွန်လ ၁၉ရက် မနက် ဆယ်နာရီကျော် လောက် မှာ FAW ကားပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာပါ။

ဒါပေမယ့် စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အဲ့ဒီဖြစ်စဉ်ဟာ ဇွန်လ ၁၉ရက် နေ့လယ် တနာရီခွဲ လောက်မှာဖြစ်ခဲ့တာလို့ ဆိုထားသလို PDF တွေနဲ့ နှစ်ဖက် ပစ်ခတ်မှုဖြစ်နေချိန် PDF တွေရဲ့ပစ်ခတ်မှုကြောင့် ဆရာတော်တွေရဲ့ ကားထိမှန်ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် PDF တွေပစ်ခတ်မှုကြောင့် ဆရာတော်တွေပါလာတဲ့ကားဟာ အခင်းဖြစ်နေရာနဲ့ မီတာ၂၅၀ လောက် အကွာမှာ လမ်းဘေးထိုးကျခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးကယ်တင်ကာ ဒဏ်ရာရထားတဲ့ ကံသုံးဆင့်ဆရာတော်နဲ့ ယာဉ်မောင်းတို့ကို ဆေးကုသနိုင်ရေးဆောင်ရွက်ပေးခဲ့တာလို့ ဆိုခဲ့ပါသေးတယ်။

ကိုယ်တွေ့ကြုံခဲ့ရတဲ့ ကံသုံးဆင့်ဆရာတော်ကတော့ သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖုန်းဆက်သွယ်ခွင့်မပေးခဲ့သလို အခင်းဖြစ်နေရာမှာပဲ ဒဏ်ရာနဲ့ နှစ်နာရီလောက်ကြာအောင်နေခဲ့ရပြီး “ဆွမ်းလည်း မဘုန်းခဲ့ရဘူး”လို့ မနေ့က ပဲခူးမြို့မှာ သံဃာတွေနဲ့ ဒကာ၊ဒကာမတွေကို ရှင်းလင်းမိန့်ကြားခဲ့ပါတယ်။

“ဘုန်းကြီးတွေမှန်းမသိလို့ပါတဲ့၊ကားတံခါးလည်းပိတ်ထားတော့ ရန်သူကားထင်လို့တပည့်တော်တို့ပစ်ပါတယ် ဘုရားတဲ့၊သူတို့ကိုယ်တိုင်ဝန်ခံပါတယ်”လို့ ကံသုံးဆင့်ဆရာတော်က မိန့်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တံတားဦးဆေးရုံနဲ့ မန္တလေးနန်းတွင်းတို့ကိုရောက်ချိန်မှာလည်း ကံသုံး ဆင့်ဆရာတော်ဆီက လိုချင်တဲ့အဖြေရဖို့အတွက် အကြိမ်ကြိမ်စစ်ဆေးမေးမြန်းခဲ့ကြသေးတယ်လို့ဆရာတော်က မိန့်ကြားထားပါတယ်။

ကံသုံးဆင့်ဆရာတော်ရဲ့ ရှင်းလင်းမိန့်ကြားချက်ထွက်ပေါ်လာတဲ့နောက် စစ်ကောင်စီကလိမ်လည်သတင်းထုတ် ပြန်ခဲ့တဲ့အပေါ် သံဃာထုကြားဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။