မြစ်ကြီးနားထောင်ကဆန္ဒပြအကျဉ်းသား ၁၃ ဦး ထောင်ဒဏ် သုံးနှစ်ခွဲစီထပ်တိုးချခံရ

Photo – CJ (ပုံစာ.ပြီးခဲ့တဲ့ဧပြီလ ၁၇ရက်ကလွတ်ငြိမ်းခွင့်နဲ့လွတ်မြောက်လာသူတွေကိုမြစ်ကြီးနားထောင်ရှေ့မှာစောင့်မျှော်နေကြစဥ်)

မေ ၊ ၂၇ 

မြစ်ကြီးနား အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့လွတ်ငြိမ်းခွင့်နဲ့ပက်သက်တဲ့ဆန္ဒပြမှုမှာ ပါဝင်တယ်ဆိုပြီးနိုင်ကျဉ်း ငါးဦးအပါအဝင် အကျဉ်းသား ဆယ်သုံးဦးထောင်ဒဏ် သုံးနှစ်ခွဲစီထပ်တိုးချမှတ်ခံလိုက်ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကကျိုသိုကျထှနျးဦးကပွောပါတယျ။

အဲဒီအကျဉ်းသား ဆယ်သုံးဦး ကိုအကျဉ်းဦးစီး ဝန်ထမ်းတွေက ဆန္ဒပြမှုကြောင့် ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ ၆(၁)၊ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) တရားစွဲဆိုခဲ့လို့ ဧပြီလ ၂၉ ရက်နေ့မှာ မြစ်ကြီးနားမြို့နယ်တရားက ထောင်ဒဏ် ၃ နှစ် ၆ လစီချမှတ်လိုက်တာပါ။

 လက်ရှိရယူနိုင်တဲ့အချက်အလက်အရ နိုင်ကျဉ်းအနည်းဆုံးငါးဦးပါဝင်တာ တွေ့ရပါတယ်။ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေမို့ ဒီပုဒ်မတွေက အဓိပ္ပာယ်မရှိဘူးလို့ပဲ ပြောချင်ပါတယ်  လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ထပ်တိုးအမိန့်ချခံရသူတွေထဲမှာ ပုဒ်မ ၁၉(က)။ ၁၉(င)(လက်နက်ကိုင်ဆောင်မှု) တို့နဲ့ ထောင်ဒဏ် ငါးနှစ် သုံးလ အမိန့်ချမှတ်ခြင်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား 

ကိုထွန်းမြင့်အောင်၊ကိုကောင်းစံဟိန်း၊ကိုချမ်းမင်းမင်းနဲ့ အကြမ်းဖက်မှု ပုဒ်မ၅၂(က)နဲ့ ထောင်ဒဏ်(၇)နှစ်ချမှတ်ခြင်းခံထားရတဲ့ ကိုအောင်ကျော်ဇင်၊ကိုအာကာစိုးစံတို့နဲ့အတူ အခြားအကျဉ်းသားတွေလည်း ပါဝင်တယ်လို့ PPNM ကဆိုပါတယ်။

လက်ရှိမှာ ထပ်တိုးပြစ်ဒဏ်ချခံရတဲ့ အကျဉ်းသား ဆယ်သုံးဦးကို မြစ်ကြီးနားထောင်အတွင်း တိုက်ပိတ်အရေးယူထားသလို မိသားစုဝင်တွေရဲ့ ပါဆယ်ပို့ဆောင်ခွင့်တွေကိုလည်း ကန့်သတ်ပိတ်ပင်ခံထားရတယ်လို့ သိရပါတယ်။

 လက်ရှိမှာ ကျူးလွန်ခဲ့တဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေက ကျူးလွန်ခံရသူနေရာမှာနေပြီး  နိုင်ကျဉ်းနဲ့အခြားအကျဉ်းသားတွေကို အခုလိုအမိန့်ချလိုက်တာကို ကြည့်ခြင်းဖြင့် လက်ရှိ တရားသူကြီးတွေရဲ့စစ်ကောင်စီအလိုကျ ဘက်လိုက်အမိန့်ချမှုနဲ့ အကျဉ်းထောင်လက်စွဲဥပဒေဟာလည်း ထောင်အာဏာပိုင်တွေရဲ့ ပါးစပ်က ထွက်သမျှတာလျှင် ဥပဒေဖြစ်နေတဲ့ ကာလဖြစ်နေတယ်  လို့ ကိုသိုက်ထွန်းဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၁၈)ရက်နေ့ နှစ်ဆန်းနှစ်ရက်နေ့ မှာမြစ်ကြီးနားအကျဉ်းထောင်ရဲ့ အဆောင်(၆)နဲ့ အဆောင်(၇)ရှိအခြားရာဇဝတ်အကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေက  စစ်ကောင်စီပေးတဲ့ လွတ်ငြိမ်း ချမ်းသာခွင့် တန်းတူမရှိတဲ့ အပေါ် တောင်းဆိုဆန္ဒပြတာတွေလုပ်ခဲ့ပါတယ်။

အဲဒီဆန္ဒပြသူတွေကို အကျဉ်းထောင်ရှိ ထောင်ပိုင်ကြီးဦးကျော်မြင့်စိန်နဲ့ ထောင်ပိုင်လေးဦးကျော်မင်းဦး ဆိုသူက ဦးဆောင်ပြီး သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်တာတွေလုပ်ခဲ့လို့ နိုင်ကျဉ်း နှစ်ဦးနဲ့ အခြားရာဇဝတ်အကျဉ်သား နှစ်ဦးသေဆုံးခဲ့ပါတယ်။

ဆန္ဒပြမှုဖြစ်နေစဉ် အကျဉ်းထောင်ရဲ့ ဗဟိုကင်းမှ G-3သေနတ်နဲ့  ပစ်ခတ်ခဲ့ပြီး၊အုတ်ရိုးမျှော်စင်အမှတ် (၃)နဲ့(၄) မှ ကာဘိုင်သေနတ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့ကြတာလို့ PPNM ကဆိုထားပါတယ်။

ဒါပေမယ့် ပစ်ခတ်မှုဖြစ်စဉ်မှာ ပါဝင်တဲ့ အကျဉ်းဦးစီးဌာနဝန်ထမ်းအငယ်တွေ ကိုထောင်ချအရေးယူတာရှိသလို ထောင်အာဏာပိုင်တွေတော့အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတာရှိခဲ့တယ်လို့ ကိုသိုက်ထွန်းဦးကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းတွေအရအာဏသိမ်းပြီးနောက် အခုလ ၂၄ ရက်နေ့အထိ ၂သောင်း၆ထောင်ကျော်ဖမ်းဆီးခံခဲ့ရပြီး အဲဒိီထဲက၉ထောင်ကျော်ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။