သရက်ချောင်းနယ် ပဲဒက်စခန်းသိမ်း တိုက်ပွဲအ ပြီး ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရ

     photo တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့

မေ ၊ ၁၅ 

ထားဝယ်-မြိတ် ကားလမ်းပေါ်မှာရှိတဲ့ တနင်္သာ ရီ တိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာရှိ စစ် ကောင်စီတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီး နောက် တိုက်ပွဲတွေဆက်ရှိနေတာကြောင့် ထွက် ပြေးတိမ်းရှောင်နေရသူထောင်ချီရှိပြီလို့ ဒေသခံ တွေဆီကပြောကြပါတယ်။ 

“နီးစပ်ရာရွာတွေ၊ ဆွေမျိုးတွေရှိတဲ့နေရာတွေမှာ သွားရှောင်နေကြတာ၊ တချို့ကလည်း (ထားဝယ်) မြို့ပေါ် တက်ကုန်ကြပြီ၊ ကနက်သီရိမှာတော့ ရွာလုံး ကျွတ်ပဲ၊ ကျန်တဲ့ရွာတွေမှာပဲ နည်းနည်းပါးပါး ကျန် ခဲ့တာရှိသေးတယ်” လို့ စစ်ဘေးရှောင်တွေကို ကူညီ ပေးနေတဲ့ ကနက်သီရိရွာခံတဦးက DNA ကို ပြောပါ တယ်။ 

စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေနဲ့ ဒေသခံ တွေ ပြောပြချက်အရတော့ လက်ရှိ တိမ်းရှောင် နေရတဲ့ ဒေသခံ တသောင်းကျော် ရှိတယ်လို့ သိရ ပါတယ်။ 

စခန်းသိမ်းတိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ပဲဒက်ရွာ အပါ အဝင် အနီးအနားရွာတွေဖြစ်တဲ့ တံခွန်တိုင်၊ ကျောက်ဆည်၊ ပအော့၊ ပိတောက်ကြီးစတဲ့ ကျေးရွာ တွေက ဒေသခံတွေ ရှောင်တိမ်းနေရတာပါ။ 

အလားတူပဲ လူဦးရေ ခြောက်ထောင်ကျော်ရှိတဲ့ ကနက်သီရိရွာ၊ ကျွဲမင်းကုန်း၊ ကမြိုင်၊ ရငဲနဲ့ ဝဲရစ် ရွာတို့က ရွာခံတွေလည်း တိမ်ရှောင်ကုန်ကြပြီလို့ သိရပါတယ်။ 

“ကမြိုင်၊ ရငဲ၊ ဝဲရစ်တို့က တချို့ပဲပြေးကြတယ်၊ အဲ့ ဘက်မှာက နည်းနည်းငြိမ်နေသေးလို့၊ လေယာဥ် ကြောက်လို့ပြေးကြတာ၊ မကြောက်လို့လည်းမ ရ ဘူး၊ ခေါင်းပေါ်ဝဲနေတာ၊ ဘယ်ချိန်ပစ်ချမလဲ မသိ ဘူး” လို့ ဝဲရစ်ရွာခံ အမျိုးသမီးတဦးက ပြောပါ တယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားသုံးဆယ်ကျော်ရှိတဲ့ ပဲဒက်စစ်စခန်းကို မေလ ၅ ရက်နေ့မှာ တော်လှန် ရေးတပ်တွေက ထိုးစစ်ဆင်ခဲ့ပြီး သုံးရက်အကြာမေလ ၈ ရက်မှာတော့ စခန်းသိမ်းနိုင်ခဲ့ပါတယ်။ 

အဲဒီနောက် စခန်းပြန်ရရေး ရေကြောင်း၊ လေ ကြောင်းသုံးပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်က မေလ ၁၀ ရက်မှာ ပဲဒက်စခန်းကို ပြန် လည်ထိန်းချုပ်နိုင်ခဲ့ပြီး အနီးတဝိုက်မှာတော့ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ 

ပင်လယ်ပြင်နဲ့ ကပ်လျက်ရှိတဲ့ ကနက်သီရိ ကျေးရွာ ဟာ ပဲဒက်ရွာနဲ့ မိုင်သုံးဆယ်လောက်အကွာမှာရှိပေမယ့် စခန်းသိမ်းတိုက်ပွဲအပြီးမှာ လေကြောင်းကရော၊ ပင်လယ်ပြင်မှာရှိတဲ့ စစ်သင်္ဘောနှစ်စီးကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်လာလို့ အဲ့ဒီတဝိုက်ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြတာပါ။ 

“မနေ့ကလည်း ရေတပ်ကနေ တနေကုန်ပစ်နေတာ၊ ကမ်းဝင်လာတဲ့ အဖွဲ့(စစ်တပ်)နဲ့ PDF တွေ တိုက် ပွဲလည်းဖြစ်ကြသေးတယ်ကြားတယ်၊ ညကတောင် ဘဲစားတန်း(ရပ်ကွက်)ဘက် သုံးနေရာလောက်မီး လောင်နေတာတွေ့တယ်”လို့ အထက်ပါ ကနက်သီ ရိရွာခံက ပြောပါတယ်။ 

အဲဒီ ပဲဒက်စခန်းသိမ်းတိုက်ပွဲအပြီးမှာ စစ်ကောင် စီတပ်က ကနက်သီရိရွာကို လေကြောင်း၊ ရေ ကြောင်းကနေ တိုက်ခိုက်လို့ သုံးရက်အတွင်း ရွာခံငါးဦး သေဆုံးခဲ့ပါသေးတယ်။

လက်ရှိမှာတော့ အခုလိုတိမ်းရှောင်နေရတဲ့ ဒေသခံ တွေအနေနဲ့ ရိက္ခာနဲ့ နေစရာ အဓိကလိုအပ်နေတယ် လို့လည်း ကူညီပေးနေသူတွေက ပြောပါတယ်။

“ပိတ်မိနေသူတွေကို သွားခေါ်ထုတ်ဖို့လည်း တော် တော်ခက်တာ၊ ချိတ်ဆက်ရခက်လို့၊ သူတို့ကို စစ် ဘေးရှောင်စခန်းလိုလုပ်ပြီး တနေရာတည်း ထား ထားလို့လည်း မရဘူး၊ အခုက အရပ်သားပစ်မှတ် တွေကိုပါချနေတာ၊ လူများများတောင် မစုရဲဘူး”လို့ တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီပေး ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

တနင်္သာရီတိုင်းအတွင်း သုတေသနအဖွဲ့တခုဖြစ်တဲ့ FE5 Tanintharyi အဖွဲ့ရဲ့ အစီရင်ခံစာအရတော့ အခုနှစ် ဧပြီလအကုန်အထိ တနင်္သာရီတိုင်းအတွင်း စစ်ရှောင်ဦးရေ ခြောက်သောင်းနီးပါးအထိရှိနေပြီး အဲထဲမှာ သရက်ချောင်းမြို့နယ်ထဲက ခုနစ်ထောင်ကျော် ပါဝင်ပါတယ်။