အပူချိန်စံချိန်တင်မြင့်တက်နေချိန် နှစ်ရက်အတွင်း လဲကျသေဆုံးသူ သုံးဦးအထိရှိ

ဧပြီ၊ ၉

နိုင်ငံတဝန်း နေ့အပူချိန်တွေစံချိန်တင်မြင့်တက်နေချိန် မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်အတွင်း ဒေသတချို့မှာ လဲကျ သေဆုံးသူ သုံးဦးအထိ ရှိလာတယ်လို့ လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။

ရန်ကုန်နဲ့မန္တလေးမှာ ဒီကနေ့တရက်တည်း အမျိုးသမီးတဦးနဲ့ သံဃာတပါး လဲကျသေဆုံးခဲ့သလို မနေ့ကလည်း ရန်ကုန်က နေ ပုဂံညောင်ဦးကို ခရီးသည်တင်ကားနဲ့ ပြန်တဲ့ လူငယ်အမျိုးသမီးတဦး လမ်းခုလတ်တနေရာမှာ ကားပေါ်ကအဆင်းလဲ ကျသေဆုံးခဲ့တာပါ။

မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ဈေးချိုစျေးမှာ ဒီကနေ့ မနက် ၈ နာရီခွဲလောက်က အမျိုးသမီးတဦး ဈေးဝယ် နေရင်းလဲ ကျခဲ့ရာက ကားနဲ့ ဆေးရုံပို့ပေးခဲ့ပေမယ့် သေဆုံးသွားတယ်လို့ မန္တလေးမြို့ခံ ပရဟိတအဖွဲ့ဝင်တဦးက DNA ကိုပြောပါ တယ်။

အဲဒီ အမျိုးသမီးဟာ မန္တလေးမြို့ ဈေးချိုဈေး ၂၈ လမ်းနဲ့ ၂၉ လမ်းကြား ၈၅ လမ်းနဲ့ ၈၆ လမ်းကြားမှာ ဈေး ဝယ်နေ ရင်း မူးလဲခဲ့တာကြောင့် အနီးအနားရှိ ပြည်သူတဦးကအကူအညီတောင်းလို့ သွားရောက်ကူညီခဲ့တယ်လို့ မဏိ စလ လူမှုကူညီ‌ ရေးအသင်းကထုတ်ပြန်ထားပါတယ်။

ဒီအမျိုးသမီးဟာ မန္တလေးပြည်သူ့ဆေးရုံကြီး OPD ကို ရောက်ရှိချိန်မှာ ဆုံးပါးသွားတာကြောင့် ရင်ခွဲရုံ ပို့ပေးခဲ့ ရတယ်လို့ မဏိစလလူမှုကူညီရေးအသင်းကအသိပေးဖော်ပြပါတယ်။

အလားတူ ရန်ကုန်မြို့တောင်ဥက္ကလာပမြို့နယ်ပါရမီလမ်း၊ပင်းယမှတ်တိုင်အနီးကဝမ်းတော်ပြည့်ဘုန်းကြီး ကျောင်းဘေးမှာလည်း သံဃာတပါး ရုတ်တရက်လဲကျပြီး ပျံလွန်တော်မူသွားတာကြောင့် ရုပ်ကလာပ်ကိုသွား ရောက်သယ်ယူ ကူညီပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်တိုင်း) ကအသိပေးထား ပါ တယ်။

နောက်ထပ်လဲကျ သေဆုံးသူတဦးဖြစ်တဲ့ အသက် ၂၁နှစ်အရွယ် လူငယ်အမျိုးသမီး မနှင်းနန္ဒကျော်ဆိုသူကတော့ ရန်ကုန်မြို့ကနေ အဒေါ်ဖြစ်သူနာရေးကြောင့် ပုဂံမြို့ကို ခရီးသည်တင်ကားနဲ့ အပြန် ကျောက်ပန်းတောင်းမြို့မှာ ခဏနားချိန် ကားပေါ်ကအဆင်းမှာ သေဆုံးသွားတာလို့ ဖြစ်စဉ်ကိုသိတဲ့ လူမှုကွန်ရက်သုံးစွဲသူတချို့က ရေးသား ဖော်ပြကြပါတယ်။

အဲ့ဒီလဲကျသေဆုံးသူသုံးဦး  သေဆုံးရတဲ့အကောင်းရင်းတွေကိုတော့ တိတိကျကျမသိရသေးပါဘူး။ ဒီဖြစ်စဉ်တွေ အပြင် နိုင်ငံတဝန်းဒေသတချို့မှာ အပူဒဏ်ကြောင့် လဲကျသေဆုံးတာ၊မူးမေ့လဲကျတဲ့ ဖြစ်စဉ်တွေလည်း ပြီးခဲ့တဲ့ မတ်လကနေ အခုလအတွင်း ဆက်တိုက်ရှိနေတယ်လို့ လူမှုကူညီရေးအသင်းတွေရဲ့ဖော်ပြချက်တွေမှာတွေ့ရ ပါတယ်။

အခုလ ဧပြီ ၂ရက်ကလည်း မန္တလေးမြို့  သင်္ဂဇာချောင်းအရှေ့ဘက်လမ်းက ချောင်းဘေးမှာ အပေါ့သွားနေတဲ့ အ  သက်ရှစ်ဆယ်ဝန်းကျင်အရွယ် သက်ကြီးအမျိုးသားတဦး ရုတ်တရက် ချောင်းထဲ ခေါင်းထိုးစိုက်ကာ သေဆုံးခဲ့ သေး  တယ်လို့ နိဗ္ဗာန်သုခ လူမှုကူညီရေးအသင်း(မန္တလေး)က ဖော်ပြထားပါတယ်။

 မြန်မာနိုင်ငံမှာ နွေရာသီကာလတွေဖြစ်တဲ့ နှစ်လယ်ပိုင်းလတွေအတွင်း နှစ်စဉ်နေ့အပူချိန်တွေမြင့်တက်လေ့ရှိသလို ပြီးခဲ့တဲ့ နှစ်အ  နည်းငယ်အတွင်း မှတ်တမ်းတွေအရ လဲကျသေဆုံးမှုတွေလည်း နှစ်စဉ်ဖြစ်လေ့ရှိပါတယ်။

အခုနှစ်မှာလည်း မြန်မာနိုင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ကုန် ဆုံးခါနီး အယ်နီညိုသက်ရောက် မှု ကြောင့် လက်ရှိဧပြီလနဲ့ မေလတွေအတွင်း နေ့အပူချိန်တွေ ဆက်လက်မြင့်တက်နေနိုင်တယ်လို့ မိုးလေဝသဌာန တွေနဲ့ မိုးလေဝသလေ့လာသူတွေက  သတိပေးထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း CDM ဆရာဝန်တွေပူးပေါင်းပြီး အွန်လိုင်းပေါ်ကနေ ကျန်းမာရေးကုသလမ်း ညွှန်မှုနဲ့ အသိပညာပေးမှုတွေလုပ်ပေးနေတဲ့ တယ်လီကျန်းမာကတော့ အခုလို အပူချိန်မြင့်တက်လာချိန်တွေမှာ ကလေးသူငယ်၊သက်ကြီးရွယ်အို၊ရောဂါအခံရှိသူတွေ၊ကျန်းမာရေးဗဟုသုတအားနည်းသူတွေနဲ့ အနေအထိုင် မဆင် ခြင်သူတွေ အပူ ဒဏ်ကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတာတွေဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

မသန်စ္မမ်းသူ၊ကိုယ်ဝန်ဆောင်၊အားအင်နည်းပါးသူ၊ဆင်းရဲနွမ်းပါးသူတွေ၊စစ်ဘေးသင့်သူတွေ၊ရွှေ့ပြောင်းနေထိုင်သူတွေ၊အိုးအိမ်နဲ့နေသူတွေ၊အားကစားသမားတွေ၊ပြင်ပနေရောင်အောက်အလုပ်လုပ်နေရသူတွေ၊ကာယအလုပ်သမားတွေ စတဲ့ လူအုပ်စုတွေဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေမြင့်မားတယ်လို့လည်း အသိပေးထားပါ တယ်။

ဒါကြောင့် အခုလို အပူချိန်မြင့်မားနေတဲ့ကာလအတွင်း နေ့လယ် ၁၂နာရီကနေ ညနေလေးနာရီအထိ အပြင်ထွက် သွားလာတာ၊နေရောင်အောက်မှာပြင်းထန်တဲ့လေ့ကျင်းခန်းတွေလုပ်တာ၊ကလေးသူငယ်နဲ့ အိမ်မွေးတိရစ္ဆာန်တွေ ကိုကားထဲအစောင့်မပါဘဲထားခဲ့တာ စတာတွေမလုပ်ဖို့ တယ်လီကျန်းမာက အကြုံပြတိုက်တွန်းထားပါတယ်။

လတ်တလော ကမ္ဘာ့အပူချိန်မှတ်တမ်းတွေအရနေ့အပူချိန်အမြင့်ဆုံးမြို့တွေထဲမှာမြန်မာနိုင်ငံမကွေးတိုင်းက ချောက်မြို့ဟာ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ကျော်ရှိကာ နှစ်ရက်ဆက် နေ့အပူချိန်အမြင့်ဆုံးမြို့အဖြစ်ရပ်တည် နေပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အချက်အလက်တွေအရတော့ ချောက်မြို့ဟာ ဧပြီ ၆ရက်က နေ့အပူချိန် ၄၇ဒီဂရီစင်တီဂရိတ်ကျော်အထိမြင့်တက်ခဲ့ကာ နှစ်ပေါင်း ၅၆နှစ်အတွင်း အမြင့်ဆုံးစံချိန်သစ် ဖြစ်တယ်လို့ ဆိုထားပါတယ်။

ကမ္ဘာတဝှမ်းနေ့အပူချိန် အမြင့်ဆုံး မြို့ ၁၀မြို့ထဲမှာ မနေ့က ချောက်မြို့အပါအဝင် မြန်မာနိုင်ငံက မြို့ငါးမြို့ အထိ ပါဝင်ခဲ့ပြီး ဒီကနေ့မှာတော့ ချောက်မြို့က အပူချိန်အမြင့်ဆုံးအဖြစ် ဆက်လက်ရပ်တည်ကာ မကွေးမြို့ကတော့ အပူချိန် ၄၃ဒီဂရီစင်တီဂရိတ်ကျော်နဲ့ကမ္ဘာ့အဆင့် ၁၃မှာ ရပ်တည်ခဲ့ပါတယ်။