မြဝတီမှာ သားအမိသုံးဦးအစာအဆိပ်သင့်၊နှစ်ဦးသေဆုံး၊တဦးစိုးရိမ်ရ

မတ်၊ ၂၃

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မတ်လ ၂၁ ရက် ည နေပိုင်းက သားအမိသုံးဦးအစာအဆိပ်သင့်လို့ မိခင်သမီးသေဆုံးကာ သားဖြစ်သူကတော့ စိုးရိမ်ရအ ခြေအနေနဲ့အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ မြဝတီမြို့အခြေစိုက်လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

“ဆေးရုံရောက်တော့ မိခင်နဲ့ သမီးက ဆုံးနေပြီ၊ သားကတော့ အခြေအနေလုံးဝမကောင်းတော့ ချက်ချင်း မဲဆောက်ဆေးရုံကြီး(ထိုင်းနိုင်ငံ)ဘက်ကို ပို့လိုက်ရတာ” လို့ မြဝတီမြို့အခြေစိုက် Z – Rescueအသင်း  တာဝန် ရှိသူတဦးက DNA ကို ပြောပါတယ်။

မြဝတီမြို့ အမှတ်(၄)ရပ်ကွက်မှာ နေထိုင်ကြတဲ့ သားအမိသုံးဦးဟာ မတ်လ ၂၁ ရက် ညနေ လေးနာရီလောက်က အစာဆိပ်သင့်မှုဖြစ်ပွားခဲ့တဲ့အ တွက် လူမှုကူညီရေးအသင်းတွေက မြဝတီမြို့ပြည်သူ့ဆေးရုံကြီးကို ပို့ပေးခဲ့ဏတယ်လို့သိရပါတယ်။

မြဝတီဆေးရုံကြီးအရောက်မှာ မိခင်ဖြစ်သူနဲ့သမီးဖြစ်သူ သေဆုံးသွားပြီး သားဖြစ်သူကတော့ အရေးပေါ် ကုသမှုခံယူရမှာဖြစ်လို့ မဲဆောက်မြို့ဆေးရုံကြီးကို ချက်ချင်းလွှဲပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။

“သားလေးက အခုထိ မသက်သာသေးဘူး၊ ခွဲစိတ်မှုလုပ်နေတုန်းပဲ အသေးစိတ်မသိရဘူး၊ ရာခိုင်နှုန်းအားဖြင့် မကောင်းဘူးဗျာ” လို့  Z-Rescueအသင်း တာဝန်ရှိသူက ပြောပါတယ်။

အစာအဆိပ်သင့်လို့ သေဆုံးသွားတဲ့ မိခင်ဖြစ်သူက အသက် ၃၃ နှစ်အရွယ်၊ သမီးဖြစ်သူက ၈ နှစ်အ ရွယ်ရှိပြီး အရေးပေါ်ဆေးကုသမှုခံယူနေရတဲ့သားဖြစ်သူက အသက် ၉ နှစ်အရွယ်ရှိတယ်လို့ ဆိုပါတယ်။

ဒေသခံတွေပြောဆိုချက်အရ သူတို့မိသားစုဟာ ပန်းရံအလုပ်လုပ်ကြပြီး လင်းမယားချင်းအဆင်မပြေ ဖြစ် ရာက အမျိုးသားဖြစ်သူ အလုပ်သွားနေချိန်မှာ ဆန်ပြုတ်ထဲကို အဆိပ်ထည့်သောက်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပြောချက်နဲ့ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

မြဝတီမြို့ဆေးရုံကြီးရဲ့ ရင်ခွဲစစ်ဆေးချက်မှာတော့ သေဆုံးသွားသားအမိနှစ်ဦးဟာ ဘဲသားဟင်းနဲ့ ကိုကာကိုလာ စားသောက်ထားတာတွေ့ရပြီးအစာအဆိပ်သင့်သေဆုံးသွားတာလို့ ကောက်ချက်ချထားပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မိသားစုဝင်ဘက်ကို မေးမြန်းနိုင်ဖို့ DNA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ် လို့ မရသေးပါဘူး။