တကောင်းမြို့အနီးတိုက်ပွဲမှာ စစ်အုပ်စုအထိနာ၊ လက်နက်ငယ်နှစ်ဆယ်နီးပါးရတယ်လို့ PDF ဆို

မတ်၊ ၁၂

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့အနီးမှာ အခုလ ၅ရက်ကနေ ၇ရက်အထိ သုံးရက်ကြာ ဖြစ်ခဲ့တဲ့ တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်ကအထိနာကာ လက်နက်ငယ် ၁၈လက်၊ကျည်မျိုးစုံ လေးထောင်ကျော် အပါ  အ ဝင် ခဲယမ်းတချို့ နဲ့ စစ်အသုံးအဆောင်တွေရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသက ဒီ ကနေ့ထုတ်ပြန်ပါတယ်။

စစ်ကြောင်းနှစ်ခုခွဲပြီး ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုကို PDF တပ်ရင်း၊တပ်ဖွဲ့ တွေက သုံးရက်ကြာ ပူးပေါင်းတိုက် ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၄လောင်းနဲ့လက်နက်ခဲ ယမ်းတွေရခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရေးတပ်တွေဘက်က တဦးကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်ကောင်စီဟာ တကောင်းမြို့ကနေ အင်အား တရာနီးပါးပါ စစ်ကြောင်းတကြောင်း၊တကောင်းမြို့တောင်ဘက် ၁၂မိုင်ကျော် အကွာမှာရှိတဲ့ လက်ပံကုန်းရွာကနေ အင်အားခုနစ်ဆယ်ပါ စစ်ကြောင်းတကြောင်းတို့နဲ့ အဲ့ဒီနေရာ နှစ်ခုကြားက တော်လှန် ရေးတပ်ဖွဲ့တွေဆီ နှစ်ဘက်ညှပ်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

ဒီစစ်ကြောင်းနှစ်ခုကို တော်လှန်ရေးတပ်တွေက မတောင်ရွာ၊မန်ကျည်းကုန်းရွာနဲ့ ဆင်ညှပ်ကုန်းရွာတို့မှာ သုံးရက် ကြာတိုက် ခိုက်ခဲ့တာလို့သိရပါတယ်။

ဒီတိုက်ပွဲအတွင်းမတ်လ ၇ရက်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်နဲ့ ဆယ်ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနှစ်ဖက်တိုက်ပွဲတွေဖြစ်ခဲ့တဲ့နေရာဟာ တကောင်းမြို့နဲ့ မိုင်အနည်းငယ်သာဝေးပြီး စစ်ကိုင်းနဲ့ မန္တလေးတိုင်း အစပ် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ်မှာရှိတာဖြစ်ပါတယ်။

စစ်ကိုင်းနဲ့ မန္တလေး အစပ်ဖြစ်သလို ရှမ်းမြောက်နဲ့လည်း နယ်မြေအရ နီးစပ်မှုရှိတဲ့ သပိတ်ကျင်းမြို့နယ် တ ကောင်းဒေသ ဟာ အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုတွေ အခြေချအားကောင်းတဲ့ ဒေသတ ခု ဖြစ်လာပြီး စစ်ကောင်စီ နဲ့  တိုက်ပွဲတွေမကြာမကြာဖြစ်လေ့ရှိပါတယ်။

photo အမှတ်(၁)စစ်ဒေသ/google map