KIA ထိုးစစ်အတွင်း ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း သေဆုံး

မတ်၊ ၇

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတွေရဲ့ ဒီကနေ့ ဝိုင်းမော်မြို့နယ် ထိုးစစ်အတွင်း ဒေသတွင်းစစ် ကောင်စီအမာခံ ပြည်သူ့စစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးရွှေမင်းသေဆုံးသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေ နဲ့နီးစပ်သူက အတည်ပြုပါတယ်။

ဝိုင်းမော်ကနေ ရွှေညောင်ပင်ဘက်ကို ဒီကနေ့မနက် ခုနစ်နာရီလောက်က ကားတစီးနဲ့ထွက်လာတဲ့ ပြည်သူ့စစ် အဖွဲ့ကို KIA တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဦးရွှေမင်းအပါအဝင် ကားပေါ်ပါသူအားလုံး သေဆုံးခဲ့ တာလို့ သိရပါတယ်။

အောင်မြေ ၁တိုက်ပွဲမှာစစ်ကူလာတဲ့အချိန်ကြားဖြတ်တိုက်ခိုက်ခံရပြီးသေဆုံးသွားတာလို့ ဦးရွေမင်းပြည်သူ့စစ် အဖွဲ့နဲ့အဆက်အသွယ်ရှိတဲ့ ဒေသတွင်းသတင်းရင်းမြစ်တဦးကDNAကိုပြောပါတယ်။

“စစ်ကူခေါ်လို့ကားနဲ့လာတဲ့အချိန်ကြားဖြတ်အတိုက်ခံရလို့ဆုံးသွားတာ”လို့သူကပြောပါတယ်။

ဒီသေဆုံးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကလည်း အတည်ပြုဖော်ပြကြပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီကနေ့မနက်အစောပိုင်းကစလို့ လိုင်ဇာမြို့အနီးဝန်းကျင်နဲ့ မြစ်ကြီးနား – ဗန်းမော် ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ တွေပြင်းထန် နေတာပါ။

ဦးရွှေမင်းဟာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အခြေစိုက် လီဆူပြည်သူ့စစ်တပ်ဖွဲ့ကို ဦးဆောင်နေသူဖြစ်သလို လီ ဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဌလည်းဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၂၀  ရွေးကောက်ပွဲမှာ ကချင် ပြည်နယ်  လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ယှဉ်ပြိုင် အနိုင်ရခဲ့ပါသေးတယ်။

ဦးရွှေမင်းဟာ အာဏာသိမ်းပြီး နောက်ပိုင်း ပါတီမှာ နာယက နေရာသာရယူကာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူ့ စစ်ခေါင်းဆောင်အဖြစ်ထဲထဲဝင်ဝင်လုပ်ကိုင်ခဲ့ပါတယ်။ဒါ့ကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်က သူ့ကို သီရီပျံ ချီဘွဲ့ပေးခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၂၃ခုနှစ် နိုဝင်ဘာလကစလို့ ဦးရွှေမင်းဦးဆောင်တဲ့ လီဆူပြည်သူ့စစ်အဖွဲ့ကလီဆူတိုင်း ရင်းသား တွေကို တအိမ်တယောက် မဖြစ်မနေ စစ်မှုထမ်းဖို့ထုတ်ပြန်ကြေညာကာ လူသစ်စုဆောင်းမှုတွေလည်း လုပ်ခဲ့ တယ်လို့ ဒေသခံတွေကပြောကြပါတယ်။

အဲ့ဒီနောက် ဦးရွှေမင်းဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ဟာ လီဆူတမျိုးသားလုံးကိုကိုယ်စားမပြုတာကြောင့်  လီဆူ ပြည်သူ့စစ်အဖွဲ့အဖြစ် သုံးစွဲခေါ်ဆိုမှုမလုပ်ကြဖို့ လီဆူတိုင်းရင်းသားအဖွဲ့အစည်းတချို့ကတုံ့ပြန်ခဲ့ကြပါ သေး တယ်။