မလေးရှားက Calling Visaကျထားတဲ့ပြည်ပလုပ်သားတွေကို မေလကုန်ထိပဲဝင်ခွင့်ပေးတော့မယ်

မတ်၊ ၆

မလေးရှားအစိုးရက calling Visa ကျထားတဲ့ မြန်မာအပါအဝင်နိုင်ငံခြားသားအလုပ်သမားတွေကို လာမယ့် မေလ ၃၁ရက် နောက်ဆုံးထားခေါ်ယူဖို့အဲ့ဒီနိုင်ငံအတွင်းက လုပ်ငန်းရှင်တွေကိုညွန်ကြားထားတယ်လို့ စစ်ကောင်စီရဲ့ အလုပ် သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးဖော်ပြပါတယ်။

မလေးရှားအစိုးရအနေနဲ့ နိူင်ငံခြားသားလုပ်သားခေါ်ယူခွင့်ခွင့်ပြုချက်(KSM Approval)ကို ပြီးခဲ့တဲ့နှစ် မတ်လက စ ပြီး ရပ်နားထားတာဖြစ်ပါတယ်။

ဒါပေမယ့်ခွင့်ပြုချက်ချထားခဲ့တဲ့ KSM Approval ကျထားပြီး ၁၈လသက်တမ်းရှိတာတွေကို Calling Visaချပေးပြီး ဆက်လက်ခေါ်ယူခွင့်ပေးနေရာကနေ သက်တမ်းကျန်သူတွေကို လာမယ့်မေလ၃၁ရက်နောက်ဆုံးထားခေါ် ယူဖို့ သတ်မှတ်လိုက်တာလို့ဆိုပါတယ်။

“မလေးရှားသို့သွားရောက်လုပ်ကိုင်လိုသူများ ယခုမတ်လကုန်အထိမှ Calling Visa မရထားသေးရင် သွားရဖို့ မ သေချာတော့ပါဘူး၊သတင်းထူးရင်တော့ ထပ်မံအသိပေးပါမယ်” လို့ စစ်ကောင်စီရဲ့ အလုပ်သမားညွှန်ကြားရေးဦး စီးဌာနရဲ့ ဖေ့စ်ဘွတ်ခ် page ဖြစ်တဲ့ Safe Migration ကအသိပေးထားပါတယ်။

မလေးရှားနိုင်ငံကနိုင်ငံခြားသားအလုပ်သမားခေါ်ယူရေးနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာန၊လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာနတို့ အစည်းအဝေးပြုလုပ်ပြီးအစည်းအဝေးဆုံးဖြတ်ချက်ကို မတ်လ၂ရက်က ပြုလုပ် တဲ့သတင်း စာရှင်းလင်းပွဲမှာ အတည်ပြုအသိပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ မလေးရှားလုပ်ငန်းရှင်တွေအနေနဲ့အရင်ချထားပေးခဲ့တဲ့အထဲကလက်ကျန်သက်တမ်းကျန်ရှိနေသေးတဲ့KSM Approval တွေအတွက် Calling Visaလျှောက်ထားတာကို မတ်လ ၃၁ရက်နောက်ဆုံးထားပြုလုပ်ရမှာဖြစ်တယ်လို့ မလေးရှားပြည်ထဲရေးဝန်ကြီးကသတင်းမီဒီယာတွေကိုပြောကြားခဲ့ပါတယ်။

သက်မှတ်ကာလအတွင်းCalling Visaလျှောက်ထားတာမရှိတဲ့ KSM Approvalတွေကိုပယ်ဖျက်သွားမှာဖြစ်ပြီး Calling Visa ကျထားသူတွေကိုလည်း မေလကုန်နောက်ဆုံးထားခေါ်ယူရမှာဖြစ်တယ်လို့ အသိပေးလိုက်တာပါ။

မလေးရှားကို အလုပ်သမားစေလွှတ်နေတဲ့အေဂျင်စီတွေအနေနဲ့ အလုပ်ခေါ်စာအသစ်ပြန်ချထားဖို့မျှော်လင့် နေချိန် မှာ လက်ကျန်ကျထားပြီးလုပ်သားတွေကိုပါ ဝင်ရောက်ခွင့်ကာလကန့်သတ်လိုက်တာကြောင့် အခက်တွေ့စရာဖြစ်  လာစေတယ်လို့အဲဒီနိုင်ငံကိုအလုပ်သမား​စေလွှတ်​နေတဲ့အေဂျင်စီလုပ်ငန်းရှင်တချို့ကဆိုပါတယ်။

“လက်ကျန်တွေကိစ္စဖြတ်ပြီးမှ နိုင်ငံခြားသားလုပ်သားခေါ်ယူတဲ့ပေါ်လစီအသစ်ချမ လားလို့တော့ထပ်မျှော် လင့်ရတာ”လို့ အေဂျင်စီလုပ်ငန်းရှင်တဦးကပြောပါတယ်။

မလေးရှားနိုင်ငံဟာထိုင်းနိုင်ငံပြီးရင်  မြန်မာလုပ်သားတွေ ဒုတိယအများဆုံးသွားရောက်အလုပ် လုပ်ကိုင်နေတဲ့နိုင် ငံဖြစ်ပါတယ်။

ဒါပေမယ့် ကိုဗစ်ကပ်ရောဂါကာလအလွန်မှာ မလေးရှားအစိုးရက နိုင်ငံခြားသားလုပ်သားခေါ်ယူမှုတွေကို ကန့် သတ်လိုက်တာကြောင့် မြန်မာလုပ်သားတွေတရားဝင်သွားရောက်မှုကျဆင်းသွားခဲ့တယ်လို့ အေဂျင်စီ အသိုင်းဝိုင်း ဆီကသိရပါတယ်။