ဖေဖော်ဝါရီ ၊ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသဖြစ်တဲ့ ဟိုပုံးမြို့အရှေ့ဖက်ခြမ်းရှိ စစ်ကောင်စီတပ်နဲ့ ပြည်သူစစ်ပူးပေါင်းအဖွဲ့တို့ တပ်စွဲနေရာယူထားတဲ့ လွယ်ဝိုးတုတ် စခန်းကို မနေ့ က တိုက်ခိုက်သိမ်းပိုက်နိင်ခဲ့ တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခွန်ရိန်းယံ က DNA ကိုပြောပါတယ်။
“သူတို့ အဲဒီမှာ တပ်စွဲထားတာကြာပြီ၊အင်အားဘယ်လောက်ရှိလည်းဆိုတာတော့မသိဘူး ကျွန်တော်တို့ နယ် မြေရှင်းလင်းရေး လုပ်တော့ အကုန်လုံးထွက်ပြေးသွားတယ် ” လို့ သူကဆိုပါတယ်။
ဟိုပုံးမြို့အရှေ့ခြမ်းတနေရာမှာ စစ်ကောင်စီနဲ့ ပြည်သူစစ်အဖွဲ့တွေက ပအိုဝ်းဒေသလုံခြုံရေး ဆိုင်ရာလှုပ်ရှား နေတဲ့ PNLA စစ်ကြောင်းကို လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နယ်မြေ ရှင်း လင်းရေး လုပ်ဆောင်ရင်း စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့တာလို့ ပအိုင်ဝ်းတပ်က ဆိုထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေက စခန်းကိုစွန့်ခွာထွက်ပြေးသွားခဲ့ပြီး အဲဒီစခန်းအတွင်းက RPG ပုခုံးထမ်း လောင်ချာ တလက်နဲ့ အရာရှိကိုင် ပစ္စတို တလက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ကိုခွန်ရိန်းယံ ကပြောပါတယ်။
“သူတို့ ဆွဲပြေးသွားတဲ့ ဒဏ်ရာရတဲ့သွေးကွက်တွေတော့ တွေ့ရတာပေါ့နော်၊ သူတို့အလောင်းကျန်ခဲ့ တာတော့ မရှိဘူး၊ ဒါကြောင့် သူတို့ ဘယ်လောက်ကျလဲဆိုတာ မသိဘူး ” လို့ သူကဆိုပါတယ်။
ဒ့ါအပြင် မနေ့က တရက်တည်းအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဆီဆိုင်မြို့အတွင်းကို လေ ယာဉ်နဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကိုလည်း လက်နက်ကြီးနဲ့ အကြိမ်ရေ တ ရာနီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းတပ် PNLA ကဆိုထားပါတယ်။
စစ်ကောင်စီတပ်က ထမ်းဆန်းဂူ ဒေသနဲ့ ထမ်းဆန်းရွှေတိဂုံ စေတီတော်မှာ လက်နက်ကြီးတွေနဲ့ အထိုင်ချထားပြီး မဲနယ်တောင်ဒေသကို ပစ်ခတ်တိုက်ခိုက်နေတာဖြစ်သလို ခရီးသွားပြည်သူတွေရဲ့ ကားတွေကိုလည်း ပစ်ခတ်မှု တွေ လုပ်နေတယ်လို့ ဆိုထားပါသေးတယ်။
စစ်ကောင်စီရဲ့ လွယ်ဝိုးတုတ် တပ်စခန်းဟာ ဟိုပုံးမြို့နယ်နဲ့ မိုင်းပွန်မြို့နယ်အကြား ထမ်းဆန်းဂူအပေါ် ဘက်မှာရှိ ပြီး မနေ့က မနက်အစောပိုင်းလောက်ကတည်းက ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ SSPP အပါအ၀င် မဟာမိတ် တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။
SSPP/SSA တပ်ဖွဲ့တိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်လာတယ်ဆိုတာနဲ့ပတ်သက်လို့ အဲ့ဒီအဖွဲ့တာဝန်ရှိသူတွေဆီက အတည်ပြုချက်တော့မရသေးပါဘူး။
ဟိုပုံးမြို့အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ မိုင်းပွန်မြို့ရဲ့ အနောက်ဘက်ဆယ်မိုင်ကျော်အကွာမှာရှိတဲ့ ထမ်းဆန်း ဂူတ ဝိုက်မှာ ဒီလ ၂၀ ရက်နေ့ကတည်းကစတင်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
“တနေကုန်နီးပါးကို ချနေတာ လက်နက်ကြီးအသံတွေက တောက်လျှောက်ကိုကြားနေရတယ်၊ မိုင်းပွန်ဘက် က တော့ သွားမရတော့ဘူး ကားလမ်းတွေပိတ်ထားတယ် ” လို့ ဒေသခံတဦးကပြောပါတယ်။
ပအိုဝ်းကိုယ်ပိုင် အုပ်ချူပ်ခွင့်ရဒေသဖြစ်တဲ့ ဆီဆိုင်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်လောက်မှာ PNLA နဲ့မဟာမိတ် တပ်တွေက သိမ်းပိုက်ထိန်းချူပ်ထားပြီးနောက် လက်ရှိမှာတော့ ဆီဆိုင်မြို့နဲ့ ထိစပ်နေတဲ့ ဟိုပုံးဘက်မှာပါ တိုက် ပွဲတွေ ပြင်းထန်လာတာပါ။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံးနဲ့လွိုင်လင်မြို့တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်ကနေ အခုလ ၂၂ ရက် အထိ စစ်ကောင်စီတပ်တွေက လေကြောင်းကတဆင့် တိုက်ခိုက်မှုပေါင်း ၂၇၆ ကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၆၂၈ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ ပအိုဝ်းလူငယ်အဖွဲ့ကဆိုထားပါတယ်။
အခုလို စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ နေထိုင်တဲ့ အဆောက်အဦး ၈၃ လုံး နဲ့အထက် ထိခိုက်ပျက်စီးသလို ဘာသာရေး အဆောက်အဦ ဆယ်နှစ်လုံးလည်း ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့လက်ချက်ကြောင့် အရပ်သား ၃၃ ဦးသေဆုံးခဲ့ပြီး အဲဒီအထဲမှာ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး လေးဦးနဲ့ ကလေးငယ်ငါးဦး ပါ၀င်တယ်လို့ ပအိုဝ်းလူငယ်အဖွဲ့ရဲ့ မှတ်တမ်းတွေမှာဖော်ပြ ပါတယ်။
ဒါ့အပြင်အရပ်သား ၅၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကာ ခုနှစ်ဦးလည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကြောင့် အဲဒီမြို့နယ် သုံးခုရှိ ကျေးရွာပေါင်း ၁၂၀ ကျော်နဲ့ ရပ်ကွက် ခြောက်ခုက ဒေသခံ ကိုးသောင်းကျော်လောက် နီးစပ်ရာ ဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။