ရှားတောမြို့နယ် ရှေ့တန်းစခန်းနှစ်ခုက စစ်ကောင်စီတပ်တွေပြန်ဆုတ်၊ရိက္ခာနဲ့ခဲယမ်းတချို့သိမ်းဆည်း ခဲ့တယ်လို့ KNDFပြော

ဖေဖော်ဝါရီ၊ ၁၇

ကရင်နီပြည် ရှားတောမြို့နယ် ထိုင်း-မြန်မာနယ်စပ်က အရေးပါတဲ့ ရှေ့တန်းတပ်စခန်းနှစ်ခုက စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက  စခန်းစွန့်တပ်ဆုတ်သွားတာကြောင့် ကရင်နီတပ်ဖွဲ့တွေက ရှင်းလင်းခဲ့တယ်လို့ က ရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ပါတယ်။

ရှားတောမြို့နယ်ထဲက သံလွင်မြစ် အရှေ့ဘက် ရှေ့တန်းအထိုင်တပ်စခန်းတွေဖြစ်တဲ့ ဟွေအွန်နဲ့ ကျားပါးစပ်ကြီး စခန်းတို့မှာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၃ရက်အထိ နောက်ဆုံးနေထိုင်ခဲ့ပြီး တပ် ဆုတ်သွားကြတာလို့ သိရပါတယ်။

အဲ့ဒီစခန်းတွေက စစ်ကောင်စီတပ်ဖွဲ့တွေကို ဖေဖော်ဝါရီ ၁၀ရက်ကနေ ၁၃ရက်အထိ သုံးရက်အကြာ ရဟတ်ယာဉ် တွေနဲ့ လာခေါ်သွားခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီစခန်းနှစ်ခုထဲက ဟွေအွန်စခန်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ ကလလတတပ်ဖွဲ့ KNPLF တို့ပူးပေါင်းပြီးရှင်းလင်းခဲ့ကာ ရိက္ခာဆန်အိတ်တချို့နဲ့ ခဲယမ်းတချို့  သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါ တယ်။

ကျားပါးစပ်ကြီး စခန်းနေရာကိုတော့ ကရင်နီတပ်မတော် KA က ဝင်ရောက်ရှင်းလင်းခဲ့တာလို့ ဖော်ပြထားပါတယ်။

ကရင်နီပူးပေါင်းတပ်တွေဟာ ရှားတောမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း  ပြီးခဲ့တဲ့ ဇန်နဝါရီလ လယ် ကနေ အခုလ ၁၂ရက်အထိ တလဝန်းကျင်လောက် ထိုးစစ်ဆင်ကာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ရှားတောမြို့သိမ်းတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် ၁၆၀လောက်သေဆုံးခဲ့ပြီး လက် နက်မျိုးစုံ ၁၅၀ ဝန်းကျင်၊ခဲယမ်းနဲ့ စစ်အသုံးအဆောင်တွေသိမ်းဆည်းနိုင်ခဲ့ပြီး KNDF တပ်ဖွဲ့ဝင်သုံးဦး အပါအဝင် တော်လှန်ရေးတပ်တွေဘက်ကလည်း ကျဆုံးထိခိုက်သူတွေရှိတယ်လို့ KNDF က ဖေဖော်ဝါရီ ၁၅ရက်မှာ ထုတ်ပြန် ထားပါတယ်။

Photo- KNDF