ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်သုံးရာကျော်ကိုပြန်ပို့ပြီ

ဖေဖော်ဝါရီ ၁၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းထွက်ပြေးလာတဲ့ နယ်ခြားစောင့်ရဲအပါအဝင်စစ်ကောင်စီ တပ်ဖွဲ့ဝင်၃၃၀ ကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၅ရက်မနက်ပိုင်းမှာ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့အဲဒီနိုင်ငံအခြေစိုက်သတင်းဌာနတွေကဖော်ပြပါတယ်။

ကော့ဘဇားမှာရှိတဲ့ Inaniရေတပ်ဆိပ်ခံတံတားမှ တစ်ဆင့် စစ်ကောင်စီရေတပ်သင်္ဘောနဲ့ပြန်လည်ပို့ဆောင်တာလို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကိုကိုးကားပြီး Dhaka Tribune သတင်းဌာနကဖော်ပြထားတာပါ။

ဒါပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘယ်ကိုပို့ဆောင်မယ်ဆိုတာတော့ သတင်းတွေမှာဖော်ပြထားတာမရှိပါဘူး။

ရခိုင်ဒေသခံသတင်းရင်းမြစ်တဦးကတော့ ဘင်္ဂလားဒေ့ရှ်ဖက်နယ်ခြားစောင့်တပ်ကလုံခြုံရေးအရ မဖော်ထုတ်တာဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သူများမှာ စစ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေအပြင်။စစ်ကောင်စီတပ်သား။လဝကဝန်ထမ်းတွေနဲ့မိသားစုဝင်တချို့ပါဝင်တယ်လို့ဆိုပါတယ်။

AAက မောင်တောမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ တောင်ပြို (လက်ဝဲ) နဲ့ တောင်ပြို (လက်ယာ) စခန်းတွေကို ဖေဖော်ဝါရီ ၄ ရက်က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ တောင်ပြိုလက်ယာတပ်စခန်းကို ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီလ ၄ရက်နေ့မှာ သိမ်းပိုက်ပြီး ဖေဖော်ဝါရီလ ၆ရက်နေ့မှာတော့ တောင်ပြိုလက်ဝဲစခန်းကိုသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတပ်စခန်းတွေကစစ်ကောင်စီတပ်ဖွဲ့ဝင်၃၃၀မှာ ဖေဖော်ဝါရီ ၄ရက်ကနေဖေဖော်ဝါရီ ၇ရကျအတှငျးဘငျ်ဂလားဒေ့ရျှနိုငျငံအတှငျးထှကျပွေးခဲ့ကွတာပါ။

ထွက်ပြေးလာတဲ့ နယ်ခြားစောင့်ရဲတွေကို လက်နက်ဖြုတ်သိမ်းပြီး လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကဆိုပါတယ်။

ထွက်ပြေးလာသူတွေထဲမှာ ဒဏ်ရာရထားသူတွေလည်း ပါဝင်ပြီးသူတို့ကိုတော့  ဆေးကုသပေးထားတယ်လို့လည်း ပြောပါတယ်။

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကတည်းက တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ မြန်မာနယ်စပ်ဒေသ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးရတဲ့ ဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။