ပုသိမ် မှာ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ အစုအပြုံလိုက် ဖယ်ရှားခံရ

ဖေဖော်ဝါရီ ၊ ၈

ဧရာဝတီတိုင်း စစ်ကောင်စီအဖွဲ့ ရုံးစိုက်တဲ့ ပုသိမ်မြို့ ရှိ အမှတ် ၁၃ ရပ်ကွက်က ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အားလုံးကို အစုအပြုံလိုက် ဖယ်ရှားလိုက်တယ်လို့ဒေသခံတွေနဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေဆီကသိရပါတယ်။

အဲ့ဒီရပ်ကွက် က အုပ်ချုပ်ရေးမှူး အပါအဝင် ရာအိမ်မှူး နဲ့ ဆယ်အိမ်မှူး တွေ စုစုပေါင်း ၂၀၀ ကျော် ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၆ ရက်က ဖယ်ရှားလိုက်တာလို့ ပုသိမ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန ဝန်ထမ်း တဦး က DNA ကို အတည်ပြု ပြောပါတယ်။

“အထက် က ညွှန်ကြားတာတွေ ကို အကောင်အထည် မဖေါ်နိုင်ကြဘူး၊ ဘာခိုင်းခိုင်း ဆင်ခြေများတယ်၊ အဲ့တာ မျိုး ကို အထက် လူကြီး တွေက မကြိုက်ဘူးလေ၊ နောက်ပြီး လုပ်အားပေး အတွက်တောင် လူစုမပေးနိုင်ဘူး၊အဲဒါ ကြောင့် သူတို့တဖွဲ့ လုံးကို ဖြုတ်ပစ်လိုက်တာ” လို့ သူကပြောပါတယ်။

ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် အဖြစ်က ဖယ် ရှားခံရတဲ့ ရာအိမ်မှူး ဆယ်မှူး တွေ အများစု ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီဝင် တွေ ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ကို ဝန်းရံသူတချို့လည်း ပါဝင် တယ် လို့ ဆိုပါတယ်။

အဲ့ဒီနောက်အမှတ် ၁၃ ရပ်ကွက် မှာ လစ်လပ်သွားတဲ့ ဆယ်အိမ်မှူး ရာအိမ်မှူး နဲ့ အုပ်ချုပ်ရေး နေရာတွေမှာ စစ်မှု ထမ်းဟောင်းတွေ နဲ့ အရံမီးသတ် တပ်ဖွဲ့ဝင်တွေ ပျူစောထီး အဖွဲ့ဝင်တွေ ကို အစား ထိုး ခန့် ထားလိုက်တယ်လို့ ဆက်သိရပါတယ်။

“ဖယ်ရှားခံရတာ ကြိုက်ပါတယ်၊ မတရား ခိုင်းတာတွေကများနေလို့ နုတ်ထွက်စာလည်း အရင်ကတည်းက တင် ထားတယ်၊လုပ်ချင်လို့ ဝင်လုပ်တာလည်းမဟုတ်ဘူး၊ကလေကချေတွေ ရပ်ကွက်ထဲ လူကြီး တက်လုပ်ရင် ရပ်ကွက် နာ မှာစိုး လို့ ဝင်ခဲ့လုပ်တာ” လို့ ဖယ်ရှား ခံရတဲ့ ဆယ်အိမ်မှူး တဦး ကပြောပါတယ်.

စစ်သားစုဆောင်း ခိုင်းတာ ၊ စစ်သင် တန်းတက်ခိုင်း တာ၊ အပတ်စဉ်တိုင်း လုပ်အားပေး လုပ်ခိုင်းတာ ၊ စစ်ကောင် စီ ရဲ့ ဝန်ကြီးချုပ် တက်ရောက်တဲ့ လမ်းဖွင့်ပွဲ ၊ဘောလုံးပွဲ ၊ဈေးရောင်းပွဲ စတဲ့ အခန်းအနား မျိုးစုံနဲ့ တပ် ထောက်ခံ ပွဲတွေ အတွက်ဖိအားပေးလူစုခိုင်းတွေကြောင့်ရပ်ကွက်အတွင်း နေထိုင်သူတွေနဲ့ ဆက်ဆံရေး အခက်အခဲ တွေ ရှိ တယ်လို့ ဖယ်ရှားခံလိုက်ရတဲ့ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် အများစု က ပြောဆို ပါတယ်။

အဲဒီလို ဖိအားပေး ကာ အတင်းအကြပ် ခိုင်းစေမှုတွေ ရှိတာကြောင့် ဧရာဝတီတိုင်း အတွင်း ရှိ မြို့နယ် အချို့ က ရာအိမ်မှူး တွေ ပြီးခဲ့တဲ့ ဇန်နဝါရီ လ ဒုတိယ ပတ် အတွင်း က အပြုံလိုက် နုတ်ထွက် တာမှာ ပုသိမ်မြို့နယ် အ တွင်း က ရာအိမ်မှူး တွေ လည်း အများအပြား ပါဝင် ခဲ့ပါတယ်။