နယ်ခြားစောင့်တပ်နဲ့ ARA၊RSOတပ်တွေ ဆက်စပ်မှုရှိနေတဲ့အထောက်အထားတွေရထားတယ်လို့ AAပြော

ဖေဖော်ဝါရီ ၊ ၈
 
စစ်ကောင်စီရဲ့ နယ် ခြားစောင့်တပ်နဲ့ ဘင်္ဂလီ(မူရင်းအသုံး)လက်နက်ကိုင်တပ်တွေဖြစ်တဲ့ ARA၊RSO တို့ကြား ဆက် စပ်မှုရှိနေတဲ့ အထောက်အထားတွေကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ် တောင်ပြိုစခန်း သိမ်း တိုက်ပွဲတွေအတွင်းရခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်အသိပေးထားပါတယ်။
 
မောင်တောမြောက်ပိုင်းက တောင်ပြို(လက်ယာ)နဲ့ တောင်ပြို(လက်ဝဲ)စခန်းတွေကို AA က တိုက်ခိုက်သိမ်းပိုက် ချိန်မှာ ARA ၊RSO တပ်ဖွဲ့တွေက အထက်ပါစခန်းတွေထဲကနေ စစ်ကောင်စီဘက်ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီနယ်ခြားစောင့်တပ်နဲ့ ARA၊RSO တပ်တွေဟာ “ကြိုတင်ပူးပေါင်းထားတာ”လို့ AAက ဖော်ပြထားပါ တယ်။
 
တိုက်ပွဲအပြီး စခန်းသိမ်းနိုင်ချိန်မှာလည်းစစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင်ရုပ်အလောင်းအများအပြား၊ARA နဲ့RSO တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတချို့နဲ့လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
 
အလားတူ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ထွက်ဆိုချက်တွေအရ တောင်ပြို လက်ဝဲနဲ့လက်ယာ စခန်းနှစ်ခုလုံးက နယ်ခြားစောင့် တပ်မှူးတွေဟာ ထွက်ပြေးရမယ့်အခြေအနေနဲ့ကြုံ လာရရင် အဲ့ဒီစခန်းတွေမှာရှိတဲ့ လက်နက်ခဲ ယမ်းတွေကို ARA နဲ့ RSO တပ်တွေဆီ ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ဆယ်သန်းနဲ့ရောင်းချဖို့သဘောတူထားသလို တဖက်နိုင်ငံအတွင်းထွက်ပြေးနိုင်ဖို့ကိုပါ ညှိနှိုင်းထားကြတာလို့ AAက ဆိုပါတယ်။
 
ဒါ့အပြင် နယ်ခြားစောင့်တပ်တွေနဲ့ ARA အဖွဲ့တို့ကြား ရင်းနှီးတဲ့ဆက်ဆံရေးရှိသလို အပေးအယူတွေနဲ့ နားလည် မှု ရှိရှိနေခဲ့ကြတယ်လို့ သုံ့ပန်းတွေကထွက်ဆိုထားသလို ARA တပ်စခန်းနဲ့တောင်ပြိုလက်ဝဲစခန်းတို့ကြား မီတာ တ ထောင်(ပေသုံးထောင်ကျော်)သာဝေးပြီး စခန်းနှစ်ခုကိုဆက်သွယ်ထားတဲ့လူသွားလမ်းကိုလည်းတွေ့ရတယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။
 
AA ဘက်က အခုဖော်ပြထားချက်တွေနဲ့ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကော င်စီ ဘက်က တုံ့ပြန်မှုကိုလည်းမသိရသေးပါဘူး။ဒါပေမယ့် ရိုဟင်ဂျာလက်နက်ကိုင်တွေအဖြစ် လူသိများတဲ့ ARA နဲ့ RSO တပ်ဖွဲ့တွေနဲ့ပတ်သက်လို့ စစ်ကောင်စီက အကြမ်းဖက်တပ်ဖွဲ့တွေအဖြစ် ထုတ်ပြန်ပြော ဆိုလေ့ ရှိပါတယ်။
 
ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ RSO ဟာ လက်နက်ကိုင်လှုပ်ရှားမှု ကာလကြာရှည်ရှိခဲ့တဲ့ အဖွဲ့အစည်းတခု ဖြစ်ပြီး ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တိုက်ခိုက်မယ်ဆိုပြီး ထုတ်ဖော်ပြောဆိုခဲ့ပါ သေး တယ်။
 
ဒါပေမယ့် အခုတိုက်ပွဲမတိုင်ခင်ကတည်းက RSO နဲ့ AA တို့ကြား တိုက်ပွဲတချို့ရှိခဲ့ဖူးပြီး မောင်တောမြောက်ပိုင်း နယ်စပ်ဒေသမှာလည်း RSO နဲ့ AA တို့ ၂၀၂၂ခုနှစ်အတွင်းက တိုက်ပွဲတွေဖြစ်ခဲ့ကြပါသေးတယ်။
 
ARA (Arakan Rohingya Army)ကတော့ အာဏာသိမ်းပြီးနောက်မှ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ လက်နက် ကိုင်လှုပ်ရှားမှုတွေစတင်ပြုလုပ်ခဲ့တဲ့အဖွဲ့ဖြစ်ပြီး RSO ကနေ ခွဲထွက်လာတဲ့ အဖွဲ့ဖြစ်တယ်လို့လည်း လေ့လာသူ တချို့က ဆိုထားကြပါတယ်။
 
AA ကတော့ အခု မောင်တောတိုက်ပွဲအတွင်း ARA စခန်းတချို့ကိုပါ သိမ်းပိုက်နိုင်ခဲ့ရာမှာ စစ်ကောင်စီနယ်ခြား စောင့်တပ်က သူတို့ဆီရောင်းချထားတဲ့ လက်နက်ခဲယမ်းတွေအပြင် စခန်းသိမ်းတိုက်ပွဲဖြစ်နေချိန်မှာ ရွှေ့ပြောင်း ယူ သွားတဲ့ လက်နက်ခဲယမ်းတွေ၊WY မူးယစ်ဆေးဝါး ၆၉ထုပ်နဲ့ ICE ၂၈ထုပ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါ တယ်။
 
ဒါ့အပြင် ARA အဖွဲ့အနေနဲ့ စစ်ကောင်စီစခန်း လက်နက်ဂိုထောင်ထဲက လက်နက်ခဲယမ်းတွေကို အချိန်တိုအ တွင်း ရသမျှသိမ်းကြုံးယူသွားနိုင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ကားတစီးနဲ့ သယ်ထုတ်သွားသေး တယ်လို့လည်း AA က ဆက်လက်ဖော်ပြထားပါသေးတယ်။
 
လက်ရှိမှာ AA အနေနဲ့ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကို စစ်ဆေးမေးမြန်းမှုတွေဆက်လုပ်နေတယ်လို့လည်း ဆိုပါ တယ်။
 
မောင်တော-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသကိုသိမ်းပိုက်နိုင်ခဲ့ပြီးနောက် နယ်စပ်ဒေသလူ့အဖွဲ့အစည်းတခုလုံး ငြိမ်း ချမ်းရေး၊တည်ငြိမ်ရေး၊လုံခြုံရေးနဲ့လူမှုသဟဇာတဖြစ်ရေးတို့ကို အလေးထားဆောင်ရွက်နေပြီး လုံခြုံရေးဆိုင်ရာ အစီအမံတွေကိုလည်း အလေးပြုဆောင်ရွက်သွားမယ်လို့ AAကအသိပေးထားပါတယ်။
 
တောင်ပြိုလက်ဝဲနဲ့ လက်ယာစခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် နှစ်ရာကျော်နဲ့ တခြားဌာနဆိုင်ရာဝန်ထမ်းတွေ စုစုပေါင်း သုံးရာကျော်လောက် တဖက်နိုင်ငံထဲ ထွက်ပြေးလာ ခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကသတင်းတွေက ဖော်ပြကြပါတယ်။