ကိုရီးယားရောက် မြန်မာအလုပ်သမားကူညီရေးအဖွဲ့ လူမှုအကျိုးဆောင်ဆုရ၊ ဆုရငွေကိုစစ်ရှောင်တွေအတွက်လှူ

ဇန်နဝါရီ၊ ၁၅

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားတွေအရေး  ကူညီပေးနေတဲ့ မြန်မာအလုပ်သမားလူမှု ဖူလုံရေး စင်တာ အဲ့ဒီနိုင်ငံကအရပ်ဘက်အဖွဲ့တခုကပေးတဲ့ ဂိုမီအဲလူမှုအကျိုးဆောင်ဆုကို အခုနှစ်အတွက်ရရှိခဲ့ပြီး ဆုရငွေ ကို မြန်မာစစ်ရှောင်တွေအတွက်အသုံးပြုဖို့ NUGကတဆင့်ပြန်လည်လှူဒါန်းမယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာအနေနဲ့ ဒီနှစ်အတွက် ဂိုမီအဲ လူမူအကျိုးဆောင်ဆုကိုရွေးချယ်ချီးမြှင့်ခံ ရတာဖြစ်ပြီး အဲ့ဒီအတွက် ရရှိတဲ့ ဆုကြေး ဝမ်သိန်းနှစ်ဆယ်(ကျပ်သိန်းငါးဆယ်ဝန်းကျင်)ကို NUGရဲ့လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကတဆင့် စစ်ရှောင်တွေအတွက် လှူ ဒါန်းမယ်လို့အသိပေးထားပါတယ်။

“စစ်ဘေးရှောင်ပြည်သူများကို လှူဒါန်းခြင်းဟာ ဆရာမဂိုမီအဲရဲ့ ဆန္ဒကို ဆက်လက်အကောင်အထည်ဖော်ရာ ရောက်တာကြောင့် ရရှိတဲ့ ဆုကြေးငွေတွေကို စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာနဲ့ဆေးဝါးကို လှူဒါန်းဖို့ ဆုံး ဖြတ်ခဲ့ကြပါတယ်”လို့ မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာတာဝန်ရှိသူတဦးကDNAကိုပြောပါတယ်။

ဂိုမီအဲ ဆုဟာ တောင်ကိုရီးယားနိုင်ငံက ကွယ်လွန်သွားပြီဖြစ်တဲ့ လူ့အခွင့်အရေး၊ဒီမိုကရေစီအရေးတက်ကြွ လှုပ် ရှားသူ တက္ကသိုလ်ကျောင်းသားခေါင်းဆောင်အမျိုးသမီး ဂိုမီအဲကိုဂုဏ်ပြုတဲ့ အနေနဲ့ သူ့ရဲ့မိတ်ဆွေတွေက လုမှုအဖွဲ့အစည်းတွေကို နှစ်စဉ်ပေးအပ်တဲ့ ဆုတခုဖြစ်တယ်လို့သိရပါတယ်။

မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာကိုတော့တောင်ကိုရီးယားရောက်မြန်မာအလုပ်သမားတွေကိုယ်တိုင် တည်ထောင်ထားတာဖြစ်ပြီး မြန်မာအလုပ်သမားတွေရဲ့အခက်အခဲပြသနာတွေကိုကူညီဖြေ​ရှင်းပေးနေသလို အာ ဏာသိမ်းပြီးနောက်စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေအတွက်ကူညီပေးနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။

ဒီမိုကရေစီအရေး၊ အလုပ်သမားအရေး၊ အိမ်ယာမဲ့များအရေး၊ချို့တဲ့သောမိဘတွေရဲ့ ကလေးတွေအခမဲ့ပညာသင် ကြားရေးတို့ကိုတက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ ဆေးဝါးတက္ကသိုလ်ကျောင်းခေါင်းဆောင် မစ္စ ဂိုမီအဲဟာ အသက် ၂၈နှစ်အရွယ်မှာ မတော်တဆမှုတခုကြောင့် ကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။

သူမရဲ့မိတ်ဆွေ ဆေးဝါးပညာရှင်တွေက မစ္စဂိုမီအဲကို ဂုဏ်ပြုတဲ့အနေနဲ့ လူမှုအသိုက်အဝန်းအတွင်း အင်အားနည်း သူတွေအရေးကြိုးပမ်းဆောင်ရွက်နေကြတဲ့အဖွဲ့အစည်းတွေကိုရွေးချယ်ပြီးနှစ်စဉ် ဂိုမီအဲဆု ရွေးချယ်ပေးအပ်နေ တာဖြစ်ပြီး မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာကအခုနှစ်မှာ ပထမဆုံးအကြိမ်ဆုရရှိခဲ့တာပါ။

အဲ့ဒီဆုကို အခုနှစ်မှာ ရှစ်ကြိမ်မြောက်အနေနဲ့ ပေးအပ်တာဖြစ်ပြီး ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၁၃ရက် ညနေပိုင်းက ဘူချွန်းမြို့တော်ခန်းမဆောင်မှာ ကျင်းပပြုလုပ်ခဲ့ပြီးဆေးဝါးပညာရှင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ဘူချွန်းမြို့တော် ဝန်တို့တက်ရောက်ခဲ့ကြတယ်လို့ မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာကထုတ်ပြန်ထားပါတယ်။