ရသေ့တောင်မှာ တပ်ဆုတ်ထွက်ပြေးတဲ့ စစ်တပ်တိုက်ခိုက်ခံရ၊ တရာ့ငါးဆယ်ဝန်းကျင် AAဖမ်းမိ

ဇန်နဝါရီ၊ ၁၅

ရသေ့တောင်မြို့နယ် ရေစိုးချောင်းဗျူဟာအပါ အ ဝင် အနီးတဝိုက်စခန်းတွေကထွက်ပြေးလာကြတဲ့ အင်အားနှစ်ရာဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၁၅၀ နီးပါးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

“အားလုံး တရာ့လေးဆယ်လောက်ရတယ်၊ ပြေးမလွတ်တော့လို့ အလင်းဝင်တာရော၊ ထွက်ပြေးလို့ လိုက်ဖမ်းတာရော၊ လက်နက်ခဲယမ်း၊ ရိက္ခာတွေကတော့ အများကြီးပဲ၊ တွန်းလှည်းနဲ့ အစီး တဆယ်၊ နှစ်ဆယ်တောင် ရွေ့ယူရတယ်”လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

ရေစိုးချောင်းဗျူဟာ၊ အမျက်တောင်တပ်စခန်းတို့မှာ အထိုင်ချနေခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇန်ဝါရီ ၁၃ ရက်ညကတည်းက မညှင်းတောင်ရွာစ ခန်းကို ရွေ့လာပြီး အဲဒီကနေတဆင့် မယူမြစ် ကြောင်းအတိုင်း စစ်ရေယာဉ်နဲ့ ထွက်ပြေးဖို့ ကြိုးစားကြတာလို့ ဆိုပါတယ်။

အဲဒီလို ထွက်ပြေးဖို့ ကြိုးစားတဲ့ စစ်ကြောင်းကို AA က ဝန်းရံပိတ်ဆို့ကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့မနက်ခြောက်နာရီဝန်းကျင်ကနေ နေ့လယ်ပိုင်းအထိ ပစ်သတ်သံတွေကြားခဲ့ရတယ်လို့ အနီးဝန်းကျင် ဒေ သခံတွေက ပြောကြပါတယ်။

“နေဗီကစောင့်နေတယ်၊ ရသေ့တောင်မြို့ထက်ကလည်း လက်နက်ကြီးတွေ လှမ်းပစ်ပေးတယ်၊ အဲလို ပြေးဖို့လုပ်ကြတာ၊ ဒါပေမယ့် တပ်တော်(AA)က အ စကတည်းက ဝိုင်းထားတာလေ၊ သူတို့(စစ်ကောင်စီတပ်)ထွက်လာတာနဲ့ ပစ်တော့တာ၊ အသံတွေ ဆက် တိုက်ပဲ”လို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဆယ်ဝန်းကျင်လည်း သေဆုံးခဲ့တယ်လို့ နီးစပ်တဲ့ဒေသခံတွေက ပြောကြပေမယ့် DNA က သီးသန့်အတည်ပြုလို့တော့ မရသေးပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တိုက်ခိုက်မခံရချင်ရင် ကြိုတင် အလံဖြူထောင်လက်နက်ချကြဖို့နဲ့ လမ်းဖွင့်ပေးဖို့ တောင်းဆိုနိုင်ပြီး နောက်ဆုံးအချိန်ရောက်မှ လမ်းဖွင့်ပေးဖို့တောင်းဆိုရင် အရှင်ဖမ်းမိတဲ့ သုံ့ပန်းအဖြစ်ပဲ သတ်မှတ်မယ်လို့ လူမှုကွန်ရက်ကနေရေးသားပြောဆိုထားပါတယ်။

ရသေ့တောင်မြို့ရဲ့မြောက်ဘက် ကျောက်တန်းတိုက်နယ်၊ ရေစိုးချောင်းဗျူဟာတဝိုက်ဟာ ပြီးခဲ့တဲ့ တိုက်ပွဲကာလတွေတုန်းက AA နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ဒေသတွေဖြစ်ပါတယ်။

အဲဒီဒေသမှာ ရေစိုးချောင်းဗျူဟာအပါအဝင် စစ် တပ်စခန်းတွေကနေ လက်နက်ကြီးပစ်ခတ်တာ၊ မိုင်းထောင်တာ၊ ဖမ်းဆီးတာတွေကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေကြရတဲ့ရွာ တဆယ်လောက်ရှိပြီး ကျန်နေခဲ့တဲ့ဒေသခံတွေဟာလည်း သူတို့ရဲ့ လယ်နဲ့ တောင်ယာလုပ်ငန်းတွေကို အပြည့်အ၀လုပ်ကိုင်နိုင်ခြင်းမရှိခဲ့ပါဘူး။

“ဘာပဲပြောပြော အခုက ဒီဘက်မှာ ​ွေး တွေ လုံး၀မရှိတော့ဘူးပြောရမယ်၊ ထွက်ပြေးလို့ လွတ်နေတဲ့ နည်းနည်းပဲ ကျန်ရင်ကျန်မှာပေ့ါ၊ ဒါပေမယ့် အရင်ကထက် နည်းနည်းတော့ စိတ်အေးရပြီ”လို့ ရသေ့တောင်မြို့နယ် ရေစိုးချောင်းဗျူဟာအနီးမှာရှိတဲ့ ကျောက်ရန်သာစည်ရွာ ဒေသခံတဦးက ပြောပါတယ်။

ရသေ့တောင်မြို့နယ် မယူမြစ်အနောက်ဘက်ကမ်း (မယူကမ်း)မှာရှိတဲ့ စေတီပြင်ရွာထိပ်၊ ရွာအနီးရှိ စ ခန်းနှစ်ခုတို့က စစ်ကောင်စီတပ်သားတွေလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက စခန်းစွန့်ထွက်ပြေးသွားခဲ့ကြပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်ဝါရီ ၁၂ ရက်ကလည်း မြောက်ဦးမြို့နယ် တိမ်ညိုရွာအနီးရှိ လင်းမွေတောင်တပ်စ ခန်းပ စစ်ကောင်စီတပ်သားတရာကျော် စခန်းစွန့်ထွက်ပြေးသွားကြရာမှာ AA က ကြားဖြတ်တိုက် ခိုက်တာကြောင့် အထိအခိုက်များခဲ့တယ်လို့ ဒေသခံတွေက ပြောထားကြပါတယ်။

ပြီးခဲ့တဲ့နှစ်လကျော် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်က စခဲ့တဲ့ ရခိုင်ဒေသတိုက်ပွဲတွေအတွင်းစစ်ကောင်စီလက် အောက်ခံ တပ်စခန်း ရာကျော် စခန်းစွန့်ထွက်ပြေးခဲ့ကြပြီး တပ်စခန်းပေါင်း ၁၆၀ ဝန်းကျင်ကို AA ကသိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်၀ဒေသကိုလည်း AA ကအလုံးစုံ သိမ်းပိုက်၊ ထိန်းချုပ်ထားပြီး ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ရမ်းဗြဲတို့မှာ မြို့ပေါ် တိုက်ပွဲဖြစ်နေကြပါတယ်။