စစ်ရေးအရ အရေးနိမ့်နေတဲ့ စစ်ကောင်စီ ဘာသာရေးဝါဒဖြန့်မှုတွေ ဆက်တိုက်လုပ်နေ

ဇန်နဝါရီ၊ ၁၃

ရှမ်းမြောက်ဒေသအများစုကို စစ်ရှုံးပြီးလက်လွှတ်ခဲ့ရသလို ကျန်တဲ့ ဒေသတွေမှာလည်း စစ်ရေးအရ အကျပ် ဆိုက် နေတဲ့စစ်ကောင်စီဟာ ဘာသာရေးဝါဒဖြန့်မှုတွေလုပ်လာပြီး ပဋိပက္ခဖြစ်လာအောင်ကြံစည်နေတယ်လို့ ရွှေဝါ ရောင်သံဃာတော်တချို့အပါအဝင် တော်လှန်ရေးအင်အားစုတွေကဝေဖန်ကြပါတယ်။

“သူတို့(စစ်အုပ်စု)ကတော့ သူတို့အတွက် အားနည်းလာတယ်၊ အကျပ်အတည်းဆိုက်လာပီဆိုရင်၊ ဘာသာရေးကို ပဋိပက္ခလုပ်ခဲ့တာပဲ”လို့ ရွှေဝါရောင်သံဃာတော် တပါးဖြစ်သလို နော်ဝေဆရာတော်လို့လည်း လူသိ များတဲ့ အရှင်ထာဝရက DNAကိုမိန့်ပါတယ်။

လောက်ကိုင်မြို့အနီး ပွင့် ၂၂၀၂ တောင်ကုန်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုတွေ ၂၀၁၅ ခုနှစ်က တည်ထားခဲ့တဲ့ စေတီကို MNDAA တပ်ဖွဲ့ဝင်တဦးက တူနဲ့ထုရိုက်ဖျက်ဆီးနေတဲ့ ရုပ်သံဖိုင် လူမှုကွန်ပေါ်မှာ ပျံ့နှံ့ခဲ့ ပြီးနောက် စစ်အုပ်စုက ဆန္ဒပြမှုနဲ့ ဘာသာရေးအရဝါဒဖြန့်မှုတွေဆက်တိုက်လုပ်လာတာပါ။

“ဒီ၂၀၀၇ရွှေဝါရောင်တော်လှန်ရေးမှာပေါ့နော်၊အားလုံးလည်း သိတဲ့အတိုင်းပဲ စစ်တပ်ကနေပြီးတော့မှ ကိုယ်ကိုး ကွယ်တဲ့ဗုဒ္ဓဘာသာဘုန်းကြီးတွေကို လမ်းမပေါ်မှာ သေနတ်နဲ့ပစ်သတ်ပြီးတော့မှဘာသာရေးကို သူတို့ကပဲ ကြည် ညိုပါတယ်၊ သူတို့ကပဲ လေးစားပါတယ် ဆိုပြီးတော့ ဟန်ပြလုပ်နေတာတွေက အင်မတန်မှ ရှက်စရာ ကောင်း တယ်လို့ ပြောမယ်ဗျ”လို့ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရက မိန့်ကြားပါတယ်။

လက်ရှိစစ်အုပ်စုရဲ့ဆန္ဒပြပွဲတွေမှာပါဝင်သူတွေက ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ဗုဒ္ဓသာသနာကို အကြမ်းဖက်ဖျက် ဆီးနေတယ် လို့ စွပ်စွဲကြွေးကြော်ကြပြီး ရန်ကုန်၊မန္တလေးစတဲ့ မြို့ကြီးတွေအပါအဝင် နိုင်ငံတဝှမ်းမှာ အလားတူ ဆန္ဒပြပွဲတွေကို ဆက်တိုက်လုပ်နေကြပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ ရှမ်းမြောက်မှာ နှစ်ဖက်အပစ်ရပ် ဖို့ ဇန်နဝါရီ ၁၁ရက်ညပိုင်းမှာ သဘောတူခဲ့ကြပေမယ့် စစ်ကောင်စီက အပစ်ရပ်ကတိကို ချိုးဖောက်ပြီး တိုက် ခိုက်မှု တွေ ဆက်လုပ်နေတယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

အလားတူ ညီနောင်မဟာမိတ်သုံးဖွဲ့ကိုဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွေကိုလည်း ဒေသအသီးသီးမှာ ဆက်လက်ပြု လုပ်နေပြီး ဆန္ဒပြပွဲတွေမှာပါဝင်သူတွေထဲကတချို့ဟဟာ ဖိအားပေးခံရတာ၊ငွေကြေးပေး ခိုင်းစေခံရတာတွေ ရှိ နေတယ်လို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

အခုလို စစ်အုပ်စုထောက်ခံသူတွေက ဆန္ဒပြပွဲတွေလုပ်နေကြပေမယ့်စစ်ကောင်စီတပ်တွေကိုယ်တိုင် စစ် ကြောင်း ထိုးတိုက်ခိုက်မှုတွေ လုပ်ရာမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းနဲ့ စေတီတွေပါမချန် မီးရှို့တာ ၊လေ ကြောင်းက တိုက်ခိုက်တာတွေ လုပ်နေတာလို့ စစ်ကိုင်းတိုင်းအတွင်း အခြေစိုက်တဲ့ ဒီပဲယင်းညီနောင် များအဖွဲ့ တာဝန်ခံ ကို ကြီးကျော်က DNAကိုပြောပါတယ်။

ဒီပဲယင်းမြို့နယ် မုရိုးကုန်းရွာကို စစ်ကောင်စီက ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကြောင်းထိုးမီးရှို့ရာမှာ ဒေသ ခံတွေစုပေါင်းတည်ဆောက်လှူဒါန်းထားတဲ့ဘုန်းတော်ကြီးကျောင်းကိုပါမီးရှို့ခဲ့တာကြောင့် ရှေးဟောင်း ဆင်းတု တော်တွေပါ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သူကထောက်ပြပါတယ်။

“ဗုဒ္ဓရုပ်ပွားတော်တွေ မီးရှို့ခံရ၊ ကြေးဆင်းတုတော်တွေ အရည်ပျော်ကျပြီးတော့ ခန္ဓာကိုယ်တပိုင်းတစတွေ မီးခိုး စွဲနေတာတွေ မီးလောင်ခဲ့မှုတွေကိုဒီနေ့ဒီအချိန်မှာသက်သေအထောက်အထားတိတိကျကျရှိနေပါရဲ့နဲ့ဘာသာ ရေး ကိုအလေးထားသယောင် စစ်ကောင်စီကို အားပေးနေတဲ့ မဘသဘုန်းကြီးတွေက ဘယ်မှာသွားအိပ်နေ တာ လဲ” လို့ ဒီပဲယင်းညီနောင်များအဖွဲ့တာဝန်ခံက တုံ့ပြန်ဝေဖန်ပါတယ်။

Data For Myanmar အဖွဲ့ရဲ့စာရင်းတွေအရဒီပဲယင်းမြို့နယ်ဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေ စစ် ကြောင်းထိုးမီးရှို့မှုကြောင့် နေအိမ်အ ဆောက်အအုံခြောက်ထောင်ကျော်ပျက်စီးခဲ့ပြီး  တနိုင်ငံလုံးမှာ အ ဆောက် အအုံအများဆုံး မီးရှို့ခံထားရတဲ့မြို့နယ်ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေအပါအဝင် ဘာသာရေး အ ဆောက်အအုံ နှစ်ရာနီးပါး ဖျက်ဆီးခံခဲ့ရပြီး အဲ့ဒီထဲက ဖြစ်စဉ် ၁၅၈ခုကို စစ်ကောင်စိတပ်တွေကျူးလွန်ခဲ့ တာ လို့ အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင် ICJ က၂၀၂၃ ခုနှစ် ဇွန်လအတွင်း ထုတ်ပြန်ခဲ့တဲ့ အစီ ရင်ခံ စာမှာ ဖော်ပြထားပါတယ်။

ကိုးကန့်တပ် MNDAA ကတော့ လောက်ကိုင်ကဖြစ်ရပ်ဟာ တပ်ဖွဲ့ရဲ့ ညွန်ကြားချက်မဟုတ်သလို ကျူးလွန်သူကို အရေးယူမှာ ဖြစ်ပြီး အဖွဲ့အစည်းအနေနဲ့လည်း အဲ့ဒီဖြစ်စဉ်အတွက် တောင်းပန်တယ်လို့ ဇန်နဝါရီ ၉ရက်ကထုတ် ပြန်ထား ပါတယ်။

MNDAA အဖွဲ့အနေနဲ့ လွတ်လပ်သော ဘာသာရေးကိုကွယ်မှုကို လေးစားလိုက်နာပြီး ဘာသာရေးဆိုင်ရာဆန့် ကျင် မှုနဲ့ ဘာသာရေးအဆောက်အအုံတွေကိုဖျက်ဆီးဖို့ အမိန့်ပေးထားခြင်းမရှိဘူးလို့ ထုတ်ပြန်ချက် ကဆိုပါ တယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လောက်ကိုင်မြို့နယ်ကစေတီတော် ဖျက်ဆီးခံ ရတဲ့ ဖြစ်ရပ်ဟာ မြန်မာနိုင်ငံတွင်းက ဗုဒ္ဓဘာသာဝင်တွေကိုသာမက ကမ္ဘာပေါ်က ဗုဒ္ဓဘာသာဝင်အားလုံးကို စော်ကား တဲ့လုပ်ရပ်လို့ ပြောဆိုပါတယ်။

လက်ရှိ ဆန္ဒပြပွဲတွေအတွင်း စစ်တပ်ထောက်ခံတဲ့ မဘသ ဘုန်းကြီးတချို့ကတော့ လိုအပ်လာရင် သင်္ကန်းချွတ် ပြီး လက်နက်ကိုင်တိုက်ပွဲဝင်မယ်လို့ ကြွေးကြော်ထားပါတယ်။

“ဒီနေ့မြန်မာနိုင်ငံရဲ့တော်လှန်ရေးမှာပေါ့နော် သံဃာတွေက အောက်ဆုံးထိအောင် ဇီးရိုးထိအောင်ကျနေ တဲ့ အခြေ အနေမျိုးမှာ ဒီမဘသအုပ်စုကြောင့် ဘုန်းဘုန်းတို့သာသနာပိုပြီးတော့ညှိုးနွမ်းတယ်လို့ပဲ ပြောချင်ပါတယ်”လို့ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရက မိန့်ပါတယ်။