အစွန်းရောက်အမျိုးသားရေးအတွေးအခေါ်အား လက်နက်တပ်ဆင်ခြင်း

ဇန်နဝါရီ၊ ၁၂

ခေတ်အဆက်ဆက် စစ်အုပ်စုက အမျိုးသားရေးအစွန်းရောက်တွေကို ကျောထောက်နောက်ခံပေးပြီး လက်တွေ့အကြမ်းဖက်မှုတွေကို လုပ်ဆောင်စေခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ အမျိုးသားရေးအစွန်းရောက်တွေရဲ့ အခန်းကဏ္ဍက ပိုမိုထင်ရှားလာပါတယ်။ စစ်တပ်ထောက်ခံပွဲတွေ၊ အစွန်းရောက်အမျိုးသားရေးကို အခြေခံတဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ကျင်းပရာကနေ ဝါဒဖြန့်ချိရေး မီဒီယာတွေအဖြစ် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာပြီး အခုနောက်ဆုံးမှာ သေနတ်ကိုင်ဆောင်ခြိမ်းခြောက်သတ်ဖြတ်တဲ့ အဆင့်ကို ရောက်ရှိလာပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေးအစွန်းရောက်တွေက တော်လှန်ရေးအင်အားစုတွေကိုသာမက မိသားစုဝင်တွေကိုပါ “ပျူစောထီး” ဆိုတဲ့ နာမည်အောက်ကနေ ခြိမ်းခြောက်သတ်ဖြတ်တာတွေ လုပ်ဆောင်လာပါတယ်။ ပျူစောထီးအဖွဲ့အမှတ်တံဆိပ်ကို ကြည့်မယ်ဆိုရင်  အမျိုး/ဘာသာ/သာသနာကို အခြေပြုတဲ့ အတွေးအခေါ်ပါဝင်နေတာကို တွေ့နိုင်ပါတယ်။ သွေးသောက်၊ YCS၊ စွန်ရဲ၊ သွေးသစ္စာ၊ မျိုးချစ်ညွန့်ပေါင်းစတဲ့ တခြားနာမည်တွေနဲ့လည်း တိုက်ခိုက်သတ်ဖြတ်တာတွေကို အကောင်အထည်ဖော်ကြပါတယ်။ တိုက်ခိုက်သတ်ဖြတ်မှုတွေကို အဓိကအားဖြင့် ပုံစံ (၂) မျိုးနဲ့ လုပ်ဆောင်နေပါတယ်။ ခြိမ်းခြောက်ဖမ်းဆီးသတ်ဖြတ်ပြီး လည်ဆွဲအမှတ်တံဆိပ်နဲ့အတူ အလောင်းစွန့်ပစ်တာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့ပြတွေမှာ အများဆုံးတွေ့ရပါတယ်။ နောက်ပုံစံတမျိုးကတော့ နယ်မြေခံပျူစောထီးတွေက စစ်ကောင်စီတပ်နဲ့အတူ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တာ၊ စစ်ကြောင်းထိုးပြီး နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို မီးရှို့ဖျက်ဆီးတာ၊ သိမ်းဆည်းယူဆောင်တာ၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လူသားဒိုင်းအဖြစ် အသုံးချတာ၊ နှိပ်စက်သတ်ဖြတ်တာတွေ ဖြစ်ပါတယ်။ ဒီပုံစံကိုတော့ အာဏာသိမ်းပြီးနောက် စစ်မြေပြင်အသစ်ဖြစ်လာတဲ့ ဒေသတွေ အထူးသဖြင့် အညာဒေသမှာ အများဆုံးတွေ့ရပါတယ်။

စစ်အုပ်စုကတော့ ပြည်သူ့စစ်ကလွဲလို့ တခြားအဖွဲ့အစည်းတွေကို လက်နက်ထောက်ပံ့ထားတာ မရှိဘူးလို့ တရားဝင်ပြောကြားထားပြီး  အဲဒီအဖွဲ့တွေရဲ့ ကျူးလွန်မှုတွေကို တာဝန်မခံဘဲ ခေါင်းရှောင်နေပါတယ်။ ပြည်သူ့စစ်ဆိုတာကတော့ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးလက်အောက်ကနေ စစ်သင်တန်း၊ လက်နက်၊ ယူနီဖောင်းနဲ့ လစာရိက္ခာတွေ တရားဝင်ပေးပြီး ဖွဲ့စည်းထားတာပါ။ ပျူစောထီးဆိုတဲ့ နာမည်နဲ့ လှုပ်ရှားခဲ့တဲ့အဖွဲ့အများစုကလည်း နောက်ပိုင်းမှာ “ပြည်သူ့စစ်”ဆိုတဲ့ နာမည်ကို ပြောင်းလဲသုံးစွဲလာပါတယ်။  ဒါပေမဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်အုပ်စုက လက်နက်ပံ့ပိုးပေးထားတဲ့သူတွေကို ပျူစောထီးလို့ပဲ အများက ခေါ်ဝေါ်သုံးစွဲနေကြပါတယ်။

ပျူစောထီးဖွဲ့စည်းရာမှာ  ဒေသတွင်းဩဇာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေ၊ စစ်အရာရှိဟောင်းတွေ၊ စစ်တပ်ကိုလိုလားတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ အမျိုးသားရေးအစွန်းရောက်တွေကို ဦးဆောင်စည်းရုံးစေပြီး စစ်မှုထမ်းဟောင်းတွေ၊ စစ်တပ်ထောက်ခံသူတွေ၊ စစ်တပ်ကိုလိုလားတဲ့နိုင်ငံရေးပါတီဝင်တွေ၊ အမျိုးသားရေးအစွန်းရောက်တွေက အဓိကပါဝင်ကြပါတယ်။ ပျူစောထီးအားကောင်းတဲ့ ကျေးရွာတွေကို ဒေသခံတော်လှန်ရေးအင်အားစုတွေက ပျူရွာတွေလို့ သတ်မှတ်ကြပါတယ်။

“ခရစ်ယာန်ဘာသာဝင် လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေက ဗမာတွေကို အချင်းချင်းသတ်ဖြတ်ခိုင်းပြီး စစ်ရေးနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်နေတာ၊ ဗုဒ္ဓဘာသာဘုန်းကြီးတွေကို အကြမ်းဖက်သတ်ဖြတ်ခိုင်းနေတာ” စတဲ့ လူမျိုးရေး၊ဘာသာရေးအစွန်းရောက်အတွေးအခေါ်တွေကို အခြေပြုစည်းရုံးနေပါတယ်။ စစ်တပ်ကို ဆန့်ကျင်တော်လှန်သူတွေကို အကြမ်းဖက်သူတွေ၊ ဗုဒ္ဓဘာသာကိုဖျက်ဆီးသူတွေ၊ နိုင်ငံပြိုကွဲအောင်လုပ်ဆောင်သူတွေလို့ ပုံဖော်ဝါဒဖြန့်ပြီး စစ်တပ်ထောက်တိုင် လက်နက်ကိုင်တပ်တွေကို နိုင်ငံ၊ အမျိုးဘာသာသာသနာနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးကို ကာကွယ်သူတွေအဖြစ် ဇာတ်ကြောင်းပြောင်းပြန်ဖန်တီးထားပါတယ်။

လက်နက်ကိုင်အကြမ်းဖက်မှုတွေကို အမျိုးသားရေးအစွန်းရောက်တွေ ကိုယ်တိုင်ပြုလုပ်လာကြတာဟာ တော်လှန်ရေးကာလမှာသာမဟုတ်ဘဲ တော်လှန်ရေးအလွန်မှာလည်း လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ပါတယ်။ တဘက်မှာလည်း စစ်အုပ်စုကျောထောက်နောက်ခံလက်နက်ကိုင်အဖွဲ့တွေကို မဝင်ရောက်လိုပေမဲ့ ဖိနှိပ်မှုတွေ၊ ခြိမ်းခြောက်မှုတွေကြောင့် ဝင်ရောက်နေရသူတွေလည်းရှိပါတယ်။ မိသားစုဝင်တဦးတိမ်းရှောင်နေရင် ရွာမှာကျန်နေခဲ့တဲ့မိသားစုဝင်တွေ ဖိနှိပ်ခံရပါတယ်။ မိသားစုလိုက် နေရပ်စွန့်ခွာရင်လည်း ပိုင်ဆိုင်မှုတွေ ဖျက်ဆီးသိမ်းဆည်းခြင်းခံရပါတယ်။ ပျူစောထီး မဖြစ်လိုဘဲ လုပ်ဆောင်နေရတဲ့သူတွေကို ကူညီနိုင်ဖို့နဲ့  တိမ်းရှောင်လာသူတွေကို ရေရှည်ထောက်ပံ့နိုင်ဖို့ဟာ လက်တွေ့မှာ စိန်ခေါ်မှုတရပ် ဖြစ်နေပါတယ်။

(စာတမ်းအပြည့်အစုံဖတ်ရှုရန်)  

 

(ဤသုတေသနစာတမ်းကို Nyan Lynn Thit Analytica မှ ရေးသားပြုစုထားပါသည်။)

***********

The Weaponization of Ultranationalism

January 12

The military backed ultranationalists in committing practical violence for ages. After the coup d’état, the role of ultranationalists became more apparent. From the stage of organizing pro-military rallies and ultra-nationalist protests, ultranationalists have reached the stage of  establishing propaganda media on a large scale and finally gun-wielding killing.

After the coup,  under the name of “Pyu Saw Htee”, pro-military supporters and ultranationalists threatened and murdered not only revolutionaries but also their relatives and families. By watching their logo, Pyu Saw Htee’s core ideology is based on religion and nationalism. They also murdered civilians, using other specific names such as Thwe Thout (Blood Sworn), Yangon Castigate Group (YCS), Swin Ye (the Kite Force), Thwe Thitsar, and the Patriotic Coalition. Atrocities were committed in two ways. Threatening, Arrests, killings, and disposal of corpses together with symbols mostly occurred in urban areas that were not conflict zones. Another type is that local Pyithusit militia (Pyu Saw Htee) together with the Military Council troops fought the revolutionary forces. They marched into villages, burned or confiscated houses and properties. They also arrested civilians either to use as a human shield or torture and murder. Such drills are found especially in the central plain of Burma which is the new armed conflict zone after the coup.

The military avoids taking responsibility for the crimes and human rights violations committed by these organizations other than Pyithusit militia by formally saying that they have nothing to do with them. The military officially gave Pyithusit militias uniforms and rations and trained and armed them under the direct command of the Directorate of Militia and Border Guard Force. The groups that operated under the name of Pyu Saw Htee later used the name “Pyithusit”. However, after 2021, armed organizations supported by the military are all generally referred to as Pyu Saw Htee (the Pyus).

The influential local Buddhist monks, veteran military officers, pro-military political party leaders, ward/village administrators, and ultranationalists were assigned to organize Pyu Saw Htee. Veterans, pro-military supporters, pro-military political party members and ultranationalists become members of Pyu Saw Htee. Local revolutionary forces regard villages where they are dominant as “Pyu villages.”

Armed militias were formed from ideologies based on race and religion such as “Christian dominant Ethnic Revolutionary Organizations (EROs) make Burmese kill each other to exploit war and politics to their own advantage and kill Buddhist monks”. Those who turn against the military are portrayed as terrorists and destroyers of Buddhism and the nation, while the military-backed armed forces are praised as those who protect the country, race and religion and protector of regional peace.

The ability of committing such crimes by ultranationalists themselves will threaten the freedom and security of individuals not only during the revolution but also after the revolution.  On the other hand, some volunteers wish to willingly join the Pyithusit militia (Pyu Saw Htee) while some have to join because of abuse and threats. If a man escapes from a household to avoid training, the military oppresses the remaining family members. If the whole family flees from their home, their properties are destroyed and confiscated. Helping escape those forced to become members of the Pyithusit militia (Pyu Saw Htee) and supporting and giving shelter to those displaced people also became a challenge.

(To read the document) 

 

(This research paper was written by Nyan Lynn Thit Analytica.)

**********