ပြင်ဦးလွင် မီးပုံးပျံပွဲကျင်းပဖို့ ရက်ပိုင်းအလိုမှာ လုံခြုံရေးအကြောင်းပြဖျက်သိမ်း

နိုဝင်ဘာ ၊ ၂၁

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ နှစ်စဉ်ကျင်းပနေတဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲကို ပွဲကျင်းပဖို့ သုံးရက် အလိုမှာ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြ ချက်နဲ့ ဖျက်သိမ်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဓိကတော့ သူတို့ ကြောက်တာပေါ့နော်၊ပွဲတော်နဲ့ ရောပြီး သူတို့ နေရာတွေကို တိုက်ခိုက်လာမှာ စိုးရိမ် နေကြတာပါ”လို့ NLD အစိုးရလက်ထက် မီးပုံး ပျံ ပြိုင်ပွဲတွေကိုဝင်ပြိုင်ခဲ့ပြီး စစ်ကောင်စီလက် ထက် ပြိုင်ပွဲတွေကိုဝင်မပြိုင်တဲ့ ဒေသခံအမျိုးသား တဦး ကပြောပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအ တွင်း ပြင်ဦးလွင်မြို့နဲ့  ၃၅မိုင်ကျော်အကွာက နော င်ချိုမြို့ တဝိုက်အထိ တိုက်ပွဲတွေ ရှိနေတာကြောင့် မီးပုံးပျံပွဲကိုအခုလို ရပ်တန့်လိုက်တာ ဖြစ်နိုင်တယ် လို့ သူကသုံး သပ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ရက်ပိုင်းအကြာ နိုဝင်ဘာ ၂ရက်ကဆိုရင် ပြင်ဦးလွင်မြို့နဲ့ ၂၃မိုင်ဝန်းကျင် အ ကွာက အုမ္မတီး၊အုမ္မခါးရွာလမ်းခွဲမှာ စစ်ကောင်စီရဲ့ စစ်ကူယာဉ်တန်းကို TNLAနဲ့ MDY-PDF ပူးပေါင်းတပ်က တိုက်ခိုက်လို့ ယာဉ်တန်းပြန်ဆုတ်ခဲ့ရသလို သံချပ်ကာကားတစီးလည်းပျက်စီးခဲ့ပါတယ်။ 

(၁၇) ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲကို စစ်ကောင်စီက မဟာအံ့ထူးကံသာ ဘုရားကြီးဝန်းအတွင်း ဒီလ ၂၄ ရက်ကနေ ၂၈ ရက်အထိ ငါးရက်ကြာ ကျင်းပဖို့ စီစဉ်ထားတာလို့ သိရပါတယ်။

အဲ့ဒီပြိုင်ပွဲမှာ စျေးရောင်းမယ့် ဆိုင်ခန်းနေရာတွေကို လွန်ခဲ့တဲ့ တလလောက်ကတည်းကကြိုတင် ရောင်း ချခဲ့ ပေမယ့် ဝယ်ယူသူတွေ နည်းပါးခဲ့တယ်လို့ နောက်ထပ် ပြင်ဦးလွင် ဒေသခံ တဦးကဆိုပါတယ်။

“ဆိုင်ခန်းငှားရမ်းခတွေကို မနေ့ကတည်းက ပြန်ထုတ်ပေးတယ်၊ ဒါပေမယ့် စာချူပ်မရှိတဲ့ သူတွေကတော့ ပြန်မရ ဘူးလို့ကြားတယ်၊ပွဲဖြစ်မယ်ထင်လို့ တချို့က စာချူပ်မလုပ်ကြဘူးလေ “ လို့ သူကပြောပါတယ်။

လက်ရှိမှာ မီးပုံးပျံပြိုင်ပွဲဝင်မယ့်အသင်းတွေ အနေနဲ့ မီးပုံးနဲ့ ယမ်းတွေကို ပြင်ဆင်ပြီးဖြစ်တဲ့အတွက် စစ်အုပ်စုက ပွဲတော်ကို ရုတ်တရက်ပိတ်လိုက်တဲ့အပေါ် ဝေဖန်မှုတွေရှိနေတယ်လို့လည်း အဲ့ဒီပြင်ဦးလွင်ဒေသခံကဆက် ပြောပါတယ်။

“ရပ်ကွက်ထဲမှာ ပွဲတော်ကျင်းပရေးအတွက်ဆိုပြီး အလှူငွေ လာကောက်သွားတယ်ဗျ၊ ဒီအလှူငွေတွေဘာလုပ်ပေး မှာလဲ၊တချို့အသင်းတွေက မီးပုံးတွေလုပ်ထားတယ် အခုဘာဆက်လုပ်ရမလဲမသိဖြစ်နေကြတယ် “ လို့ သူက ဆိုပါတယ်။

အခုနှစ်ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲမှာ ညမီးကျည် (၁၇)လုံး၊ စိန်နာပန် (၁၂)လုံး၊ နေ့ ရုပ်အလှ (၃၅)လုံး လွှတ်တင်ဖို့ရှိတယ်လို့ ပွဲတော်ကျင်းပရေး ကော်မတီက ကြေညာထားပါတယ်။

ပြင်ဦးလွင်မီးပုံးပျံပြိုင်ပွဲကို ဒီချူပ် အစိုးရလက်ထက် ၂၀၂၀ခုနှစ်မှာ  COVID-19 ရောဂါကူးစက်မှု ထိန်းချူပ်ဖို့ အ တွက် ကျင်းပနိုင်ခဲ့ခြင်းမ ရှိသလို ၂၀၂၁ခုနှစ်မှာလည်း စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအခြေအနေတွေကြောင့် မကျင်းပနိုင်ခဲ့ပါဘူး။

ဒါပေမယ့် မနှစ်ကတော့ စစ်အုပ်စုက အဲ့ဒီပြိုင်ပွဲကိုပြန်လည်ကျင်းပခဲ့ပြီး ဒီနှစ်မှာလည်းဆက်လက်ကျင်းပဖို့ပြ င်ဆင်ခဲ့ပေမယ့် ရက်ပိုင်းအလိုမှာ အခုလိုဖျက်သိမ်းလိုက်တာပါ။

စစ်ကောင်စီဟာ ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲကို ဖျက်သိမ်းလိုက်ပေမယ့် မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီ (ကယား)ပြည်နယ် လွိုင်ကော်မြို့နဲ့ မိုင်တရာနီးပါးအကွာမှာရှိတဲ့ ရှမ်းပြည်နယ်တောင်ကြီးမြို့က မီးပုံးပျံပွဲတော် ကိုတော့ လက်ရှိအချိန်အထိ ဆက်လက်ကျင်းပဖို့ပြင်ဆင်နေပါတယ်။

ပုံစာ – ၂၀၂၂ခုနှစ်ကပြင်ဦးလွင်မြို့မှာကျင်းပခဲ့တဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲ