Braking News
  • [ April 11, 2026 ] ပူပြင်းတဲ့ သင်္ကြန်ကာလ ဘေးကင်းစေဖို့ ဆောင်းပါး
  • [ April 11, 2026 ] ရန်ကုန် – ဧရာ၀တီ အမြန်ရေယာဉ်လက်မှတ်ခတွေ နှစ်ဆကျော်ထိ စျေးတက် ဒေသအလိုက် သတင်းကဏ္ဍ
  • [ April 11, 2026 ] အမေရိကန်နဲ့ အီရန် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်ဆင်နေပေမဲ့ လက်ဘနွန်အရေးနဲ့ ပိတ်ဆို့မှုတွေကြောင့် မရေမရာဖြစ်နေ နိုင်ငံတကာရေးရာ
  • [ April 11, 2026 ] လကမ္ဘာခရီးစဉ်အပြီး အာတီးမစ်အဖွဲ့သားတွေ ကမ္ဘာဆီ ပြန်ဆင်းလာ နိုင်ငံတကာရေးရာ
  • [ April 10, 2026 ] မတ်လအတွင်းမှာ ဧရာဝတီတိုင်းက လူငယ်ဆယ်ဦး ပေါ်တာဆွဲခံခဲ့ရ ဒေသအလိုက် သတင်းကဏ္ဍ
April 12, 2026
Delta News Agency
  • ပင်မ
  • သတင်း
    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
    • အားကစားသတင်း
    • စီးပွားရေးသတင်း
    • သရော်စာ
    • ဆောင်းပါး
  • အယ်ဒီတာ့ အာဘော်
  • သုတေသနစာတမ်း
  • နွေဦးပွင့်သစ်
    • မဂ္ဂဇင်းဆောင်းပါး
    • မဂ္ဂဇင်းသရော်စာ
    • အက်ဆေး
    • ကာတွန်း
    • ကဗျာ
  • Fact Check
Homeစီးပွားရေးကဏ္ဍဘဏ်တွေမှာ ငွေထုတ်သူများလာလို့ Special Account တွေကိုပါ အကန့်သတ်နဲ့သာ ထုတ်ခွင့်ပေး

ဘဏ်တွေမှာ ငွေထုတ်သူများလာလို့ Special Account တွေကိုပါ အကန့်သတ်နဲ့သာ ထုတ်ခွင့်ပေး

November 17, 2023 စီးပွားရေးကဏ္ဍ, နိုင်ငံရေး

နိုဝင်ဘာ၊ ၁၇
 
ဘဏ်တွေ ပုံမှန်လည်ပတ်နေတယ်လို့ စစ်ကောင်စီက နေ့စဉ်ရက်ဆက် ထုတ်ပြန်ဖြေရှင်းနေပေမယ့် ပုဂ္ဂလိကဘဏ်တချို့မှာ ငွေထုတ်ယူသူတွေ များနေတာကြောင့် ငွေထုတ်ဖို့ နေ့တဝက်လောက်အထိ စောင့်ဆိုင်းရပြီး လိုသလောက် ထုတ်မရတာတွေလည်း ဖြစ်လာတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက DNA ကိုပြောပါတယ်။
 
“ အားလုံးကတော့ ကြောက်လို့ပေါ့၊ အခြေနေတွေ ဂဏာမငြိမ်ဖြစ်နေတော့ အဲ့လိုကြောင့်ပြန်ထုတ်ကြတာလေ၊ ရှမ်းမြောက်မှာ တိုက်ပွဲတွေ စဖြစ်တည်းက အဲ့လို ငွေထုတ်လာကြတာလေ၊ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး လူတန်းရှည်ဖြစ်လာတာ၊ ငွေတော့ ထုတ်ပေးပါတယ် ” လို့ ဒေါပုံမြို့နယ်က ကမ္ဘောဇဘဏ်မှာ ငွေထုတ်ခဲ့တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
 
နိုင်အနှံ့ ဒေသတချို့က ပိုမိုပြင်းထန်လာတဲ့ စစ်ရေးအခြေအနေတွေအပြင် ဒီရက်ပိုင်းအတွင်း ဘဏ်တွေနဲ့ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြမှုတွေ ရှိလာပြီးနောက် ရန်ကုန်အပါအဝင် မြို့ကြီးတချို့ရှိ ပုဂ္ဂလိကဘဏ်တွေမှာ ငွေထုတ်သူတွေ များလာတာပါ။
 
ဘဏ်တွေမှာ ငွေထုတ်သူတွေ များလာတာကြောင့် ပုဂ္ဂလိကဘဏ်ကြီးတချို့အနေနဲ့ မနေ့ကစပြီး Special Account ဖွင့်ထားသူတွေကို အရင်လို ငွေလိုသလောက်ထုတ်မပေးတော့ဘဲ အကန့်သတ်နဲ့သာ ထုတ်ပေးတော့တာမျိုးတွေ ရှိလာတယ်လို့ ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းဆီက သိရပါတယ်။
 
Special Account ဆိုတာဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေထုတ်လိုသူတွေ အကန့်အသတ်နဲ့သာ ထုတ်ခွင့်ရတဲ့ အခြေအနေတွေ ကြုံခဲ့ရပြီးနောက် အကန့်အသတ်မရှိ ထုတ်နိုင်ဖို့အတွက် ငွေထပ်သွင်းပြီး ဖွင့်ထားရတဲ့ အကောင့်တွေဖြစ်ပါတယ်။
 
“ ဘဏ်တခုနဲ့ တခုကတော့ Limit သတ်မှတ်ထားတာ မတူဘူး၊ စုပြုံပြီး ထုတ်လာကြတော့ ဘဏ်တွေလည်း အကျပ်ရိုက်ကုန်တာပေါ့၊ အကန့်သတ်ပြန်လုပ်လာရတယ် ” လို့ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကဘဏ် ဝန်ထမ်းတဦးက ပြောပါတယ်။
 
ဧရာဝတီဘဏ်မှာ Special Account ဖွင့်ထားတဲ့ ရန်ကုန်မြို့ခံ အမျိုးသမီးတဦးကတော့ ဒီကနေ့ ငွေသွားထုတ်ရာမှာ ကျပ်သိန်းနှစ်ဆယ်အထိသာ ထုတ်ခွင့်ရတယ်လို့ ပြောပါတယ်။
 
“ ငွေတခါထုတ်ရဖို့ သုံး၊ လေးနာရီလောက် စောင့်နေရတာတွေ ဖြစ်လာတယ်၊ အဲဒီလောက်စောင့်ပြီးတာတောင် ကိုယ်ထုတ်ချင်သလောက်ထုတ်ဖို့ အာမခံချက်မရှိဘူး ” လို့ မိုဘိုင်းငွေသွင်း၊ ငွေထုတ် ပြုလုပ်နေတဲ့ ကိုယ်စားလှယ်တဦးက ပြောပါတယ်။
 
မိုဘိုင်းငွေသွင်း၊ ငွေထုတ်လုပ်ငန်းတွေကတော့ ပုံမှန်အတိုင်း ဆက်လည်ပတ်နေတယ်လို့လည်း အဲဒီလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။
 
အခုလို ငွေထုတ်သူတွေများလို့ ဘဏ်တွေ အကျပ်ရိုက်နေပေမယ့် ဗဟိုဘဏ်ကတော့ ပုံမှန်အတိုင်း ဘဏ်တွေလည်ပတ်နေပြီး ကန့်သတ်ချက်မရှိဘဲ ငွေထုတ်ပေးနေတယ်ဆိုတဲ့အကြောင်း နေ့စဉ်ထုတ်ပြန်နေသလို ပုဂ္ဂလိကဘဏ်တွေကိုလည်း သူတို့ရဲ့လူမှုကွန်ရက်တွေကတဆင့် သတင်းဖြန်ဖို့ ဒီကနေ့ ညွန်ကြားထားတယ်လို့ ဘဏ်ဝန်ထမ်းတွေဆီက သိရပါတယ်။
 
“ အဲဒီလို သတင်းထုတ်မှ အကုန်ပိုဆိုးမှာ ” လို့ အထက်ပါဘဏ်ဝန်ထမ်းက သူ့အမြင်ကို ပြောပါတယ်။
 
ဒါ့အပြင် စစ်ရေးတင်းမာတဲ့ ဒေသတွေနဲ့ အနီးက ဘဏ်တွေအနေနဲ့လည်း အလှည့်ကျ အလုပ်ဆင်းတာ၊ Work From Home စနစ်နဲ့ လည်ပတ်တာမျိုး ပြုလုပ်ဖို့ ပြင်ဆင်နေတာတွေ ရှိနေတယ်လို့လည်း ဘဏ်ဝန်ထမ်းတွေဆီက သိရပါ တယ်။
 
အခုလို ဘဏ်တွေမှာ ငွေထုတ်ရ အဆင်မပြေမှုတွေ ကြုံလာရသလို ATM စက်တွေမှာလည်း ငွေမရှိတော့တာမျိုးတွေ ပြန်လည်ကြုံတွေ့လာရတယ်လို့ ကိုယ်တိုင်ကြုံရသူတဦးက ဆိုပါတယ်။
 
“ AYA ဘဏ်ရဲ့ATM စက်တော်တော်များများမှာ ငွေမရှိတော့ဘူး၊ KBZ နဲ့ CB ကတော့ အဆင်ပြေနေသေးတယ်၊ အရင်လို အရမ်းကြီး စုပြုံထုတ်ရတဲ့ အနေအထားတော့ မရောက်သေးဘူး၊ ငွေထုတ်ဖို့ နည်းနည်းတော့ စောင့်ရတယ် ” လို့ ATM စက်ကနေ ငွေထုတ်ခဲ့တဲ့ ရန်ကုန်မြို့ခံ အမျိုးသားတဦးက ပြောပါတယ်။
 
လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေကို ဆက်တိုက်သိမ်းပိုက်မှုတွေ လုပ်နေပြီး စစ်ရေးကာလအတွင်း အဲဒီမြို့တွေက ဘဏ်တွေ မလည်ပတ်နိုင်လို့ ငွေထုတ်မရတဲ့ ဖြစ်စဥ်တွေကြောင့် တခြားမြို့တွေကပြ ည်သူတွေလည်း ကြိုတင်ငွေထုတ်ယူမှုတွေ ရှိလာတာ ဖြစ်နိုင်တယ်လို့ ကိုယ်တိုင်ငွေထုတ်ဖို့ ပြင်ဆင်နေသူတဦးက ဆိုပါတယ်။
 
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး မကြာမီလပိုင်းအတွင်းက ဘဏ်ငွေမှာ ငွေထုတ်မရတော့တာ၊ ကန့်သတ်ချက်နဲ့ ထုတ်ပေးတာ၊ ATMစက်တွေမှာ ငွေမရှိတော့တာ စတဲ့အခြေအနေတွေကို ဆိုးဆိုးရွားရွား ကြုံခဲ့ရဖူးပြီး လတ်တလောရက်ပိုင်းအတွင်း အလားတူအခြေအနေမျိုးတွေ ပြန်ဖြစ်လာဖို့ တာစူလာတာပါ။
 
ဓာတ်ပုံ – KH
ပုံစာ – ရန်ကုန်မြို့က ATM စက်တခုမှာ ငွေထုတ်ဖို့ တန်းစီစောင့်ဆိုင်း နေသူတချို့ကို နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက တွေ့ရစဉ်။
  • Bank
  • Special Account
  • ငွေထုတ်
  • ဘဏ်
Previous

ခြောက်နာရီအတွင်း နွေဦးဖွံ့ဖြိုးရေးဘဏ် အစုရှယ်ယာ ဒေါ်လာ သုံးသန်းဖိုး ရောင်းချရ

Next

ပေါက်တောမြို့မှာ စစ်တပ်က ပစ်ခတ်လို့ အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိ၊ ပိတ်မိနေသူတွေလည်း ရှိနေ

Related Articles

နိုင်ငံတကာရေးရာ

အာဖဂန်နစ္စတန်ဘဏ်မှာ ကုလသမဂ္ဂပိုင် ဒေါ်လာသန်းချီပိတ်မိနေပြီး ထုတ်မရဖြစ်နေ

February 5, 2022 နိုင်ငံတကာရေးရာ

အာဖဂန်နစ္စတန်ဘဏ်မှာ အပ်နှံထားတဲ့ ကုလသမဂ္ဂ ရန်ပုံငွေဒေါ်လာ ၁၃၅ သန်းခန့်ဟာ တာလီဘန်အစိုးရက ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က အာဖဂန်ငွေကြေးနှင့် ဖလှယ်မပေးနိုင်တဲ့အတွက် ထုတ်ယူမရဖြစ်နေကြောင်း ကုလသမဂ္ဂအရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ဗဟိုဘဏ်က အာဖဂန်ငွေကြေးနဲ့ ဖလှယ်ပေးပါမယ်ဆိုတဲ့ကတိကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ ဘဏ်တွေပိတ်ထားတဲ့အတွက် ငွေသား တသိန်းကို တသောင်းကျော်ထိ ပေးထုတ်နေကြရ

March 22, 2024 နိုင်ငံရေး

မတ်၊ ၂၂   တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ ဘဏ်တွေပိတ်ထားတာကြောင့် ဒေသတွင်း ငွေလွှဲ၊ ငွေထုတ်ဖို့ အခက်ကြုံနေကြပြီး ပြင်ပငွေထုတ်ပေးသူတွေဆီမှာ ငွေတသိန်းကို တသောင်းကျော်အထိပေးကာ ထုတ်ယူနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။   ရခိုင်ဒေသ တိုက်ပွဲတွေစဖြစ်ခဲ့တဲ့ ၂၀၂၃ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နွေဦးဘဏ် စတင်တည်ထောင်ပြီး လေးရက်အတွင်း စာရင်းဖွင့်သူ သောင်းဂဏန်းရှိလာ

July 28, 2023 နိုင်ငံရေး

ဇူလိုင်၊ ၂၈   အမျိုးသားညီညွတ်ရေးအစိုးရ NUG က နွေဦးဖွံဖြိုးရေးဘဏ်ကို စမ်းသပ်ကာလအဖြစ် စတင်တည်ထောင်ခဲ့ပြီး နောက်လေးရက်အတွင်း ဘဏ်စာရင်းဖွင့်သူ သောင်းဂဏန်းအထိ ရှိလာတယ်လို့ NUG ရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

လတ်တလောသတင်းများ

  • ပူပြင်းတဲ့ သင်္ကြန်ကာလ ဘေးကင်းစေဖို့ April 11, 2026
  • ရန်ကုန် – ဧရာ၀တီ အမြန်ရေယာဉ်လက်မှတ်ခတွေ နှစ်ဆကျော်ထိ စျေးတက် April 11, 2026
  • အမေရိကန်နဲ့ အီရန် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်ဆင်နေပေမဲ့ လက်ဘနွန်အရေးနဲ့ ပိတ်ဆို့မှုတွေကြောင့် မရေမရာဖြစ်နေ April 11, 2026

ကြော်ငြာ

Delta News Agency is the one of the handful of the local media outlets operating in Myanmar. Based in the Irrawaddy delta region , DNA aims to contribute socio-economic development of the region serving the information needs of the local public.

Partners
  • ပူပြင်းတဲ့ သင်္ကြန်ကာလ ဘေးကင်းစေဖို့
  • ရန်ကုန် – ဧရာ၀တီ အမြန်ရေယာဉ်လက်မှတ်ခတွေ နှစ်ဆကျော်ထိ စျေးတက်
  • အမေရိကန်နဲ့ အီရန် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်ဆင်နေပေမဲ့ လက်ဘနွန်အရေးနဲ့ ပိတ်ဆို့မှုတွေကြောင့် မရေမရာဖြစ်နေ
NUG PDF စစ်ကိုင်းတိုင်း စစ်ကောင်စီ တိုက်ပွဲ ယူကရိန်း ရခိုင် ရုရှား အမေရိကန် ဧရာဝတီတိုင်း
  • rifampin: rifampin rifampin
  • macrobid antibiotic cost: macrobid antibiotic cost macrobid antibiotic cost
  • lasix diuretic injection: lasix diuretic injection lasix diuretic injection

© 2026 Delta News Agency. All Rights Reserved.