စစ်ကောင်စီကို ဖြိုချဖို့အရှိန်မြှင့်ရမယ့် အချိန်လို့ ABSDF ပြော

နိုဝင်ဘာ၊ ၁

 လက်ရှိအချိန်ဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊တရားစီရင်ရေးနဲ့ဥပဒေပြုရေးမဏ္ဍိုင်သုံးခုလုံးကိုဖြိုချပြီး ဖက်ဒရယ်ပြည်ထောင်စုသစ် တခုပေါ်ထွန်းရေးအတွက်ဘက်ပေါင်းစုံကနေအရှိန်မြှင့်ဆောင်ရွက်ရမယ့် အချိန် ဖြစ် တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မ.က.ဒ.တ (ABSDF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။ 

ABSDF တည်ထောင်တဲ့ ၃၅နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ ဒီကနေ့ ထုတ်ပြန်ရာမှာ အဲ့ဒီလို ဖော်ပြထားတာပါ။

ဒီမိုကရေစီရေး၊တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အာခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု သစ်တခုပေါ်ထွန်းရေး အတွက်  နိုင်ငံရေး ၊စစ်ရေး ၊သံတမန်ရေး စတဲ့  မျက်နှာစာပေါင်းစုံကနေအရှိန်မြှင့်ဆောင်ရွက်ဖို့လိုတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“အားလုံးဟာ စစ်မှန်တဲ့ပြုပြင်ပြောင်းလဲမှုကို လိုလားနေတယ်ဆိုတာ အသေအချာပဲ၊ဒီလို စစ်မှန်တဲ့ပြုပြင်ပြေ ာင်းလဲမှုကိုလုပ်ဖို့ဆိုတာကလည်းယိုယွင်းပျက်စီးနေတဲ့စနစ်ကြီးတခုလုံးကို ပြုပြင်ပြောင်းလဲ ရမှာလို့ပဲနားလ ည်တယ်”လို့ ABSDF ဥက္ကဌရဲဘော်သံခဲက ဒီကနေ့နှစ်ပတ်လည်မိန့်ခွန်းမှာပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်ဖိနှိပ်ဖြိုခွဲမှုတွေလုပ်နေပေမယ့် ပြည်သူတရပ်လုံးက ပိုကြီးမားတဲ့ အုံကြွတော်လှန်မှုတွေနဲ့သာတုံ့ပြန်နေတာကို စစ်အုပ်စုရင်ဆိုင်နေရတယ်လို့သူကပြောပါတယ်။

ABSDF တပ်ဖွဲ့ဟာ ရှစ်လေးလုံးအရေးတော်ပုံကာလမှာစတင်ပေါ်ပေါက်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာစာချုပ် NCA ကိုလက်မှတ်ရေးထိုးခဲ့ပေမယ့် ၂၀၂၁ခုနှစ် အာဏာ သိမ်းအပြီးမှာတော့တခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ  စစ်ကောင်စီကိုခုခံတိုက်ခိုက်နေပါတယ်။

ABSDF တပ်ဖွဲ့ရဲ့  ၃၅နှစ်ကြာ တော်လှန်ရေးခရီးစဉ်အတွင်း စုစုပေါင်းတပ်ဖွဲ့ဝင် ၈၁၂ဦးကျဆုံးခဲ့ပြီး ၄၁၁ဦး ဒဏ် ရာရခဲ့တယ်လို့ ဒီကနေ့နှစ်ပတ်လည်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“ဒါတွေဟာမြန်မာပြည် အနာဂတ်ဖက်ဒရယ် ဒီမိုကရေ စီတည်ဆောက်ရေး အတွက်ပဲဆိုဆို ဖက်ဒရက်ဒီ မိုက ရက်တစ် ပြည်ထောင်စု အတွက်ပဲဆိုဆို ကျွန်တော်တို့ပေးဆပ်ခဲ့ရတဲ့ အင်တွေအားတွေ ထဲက မှတ်တိုင်တခုလို့ အလေးအနက်မှတ်ယူပါတယ် “လို့ ABSDF ဥက္ကဌရဲဘော်သံခဲကပြောပါတယ်။

 ABSDF အနေနဲ့  တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင် စနစ်အောက်က လွတ် မြောက်ရေး၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး ရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဆိုတဲ့  နိုင်ငံရေး ဦးတည်ချက်လေးရပ်ကို ဆက်လက်ကိုင်ဆွဲသွားမယ်လို့လည်းဆိုထားပါတယ်။

ABSDF အနေနဲ့ ခေတ်စနစ်ရဲ့တောင်းဆိုချက်တွေနဲ့အညီကျယ်ပြန့်လာတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင် တော် လှန်ရေးအင်အားစုတွေနဲ့အတူ အခိုင်အမာလက်တွဲပြီး ကျောင်းသားတပ်မတော် မျိုးဆက်သစ် တပ်ဖွဲ့ဝင်တွေ ကိုလေ့ကျင့်စုဖွဲ့ခဲ့ပြီး လက်တွေ့လည်းတိုက်ပွဲဝင်နေကြပြီလို့ နှစ်ပတ်လည်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီကနေ့ကျရောက်တဲ့ ABSDF ရဲ့ ၃၅နှစ်မြောက်နှစ်ပတ်လည်နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလအပါအဝင် NUGတာဝန်ရှိသူတွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPHနဲ့ တော်လှန်ရေးအင်အားစုတွေက ဂုဏ်ပြုသဝဏ်လွှာနဲ့ဂုဏ်ပြုအမှာစကားတွေပေးပို့ခဲ့ကြပါတယ်။