“ငါတို့ကို အိပ်မက်မက်ခွင့်မပေးရင် မင်းတို့ကို အိပ်စက်ခွင့်မပေး” ဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုလုပ်

အောက်တိုဘာ၊ ၂၇
စစ်ကောင်စီ စစ်ဆေးတင်းကျပ်မှုတွေ ရှိနေတဲ့ ရန်ကုန်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်က ရန်ကုန်တော်လှန်ရေးအင်အားစုက လူငယ်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ထုတ်ပြန်လာပါတယ်။
စစ်အာဏာသိမ်းထားတာ ရက်ပေါင်း ၁၀၀၀ ကြာမြင့်ချိန်မှာ တော်လှန်ရေးဟာ ခုခံတွန်းလှန်စစ်မှ တိုက်စစ်သို့ အသွင်ကူးပြောင်းလာပြီဖြစ်ပြီး ပြည်သူတွေလည်း တော်လှန်ရေးအသိ နိုးကြားစေဖို့ အခုလို လှုပ်ရှားမှုလုပ်တာ ဖြစ်တယ်လို့ ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ပါတယ်။
” ငါတို့ကို အိပ်မက်မက်ခွင့်မပေးရင် မင်းတို့ကို အိပ်စက်ခွင့်မပေး” ဆိုတဲ့ခေါင်းစဉ်နဲ့အတူ
လူအများ ပုံမှန်လို သွားလာနေပေမယ့် ခေတ်စနစ်က အဖြူအမဲခေတ်ကို ပြန်ရောက်နေတယ်ဆိုတာ လူထုကို တပ်လှန့်နှိုးဆော်တာ ဖြစ်တယ်လို့လည်း ရန်ကုန်တော်လှန်ရေးအင်အားစုက လူငယ်တွေက ဆိုပါတယ်။
 
ဓာတ်ပုံ – ရန်ကုန်လူထုသပိတ် – Yangon People’s Strike