အောက်တိုဘာ ၊ ၂၅
စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ် မုံရွာ-ရေဦးလမ်းပေါ်က သာရိုးကုန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာ ကွယ်ရေးတပ်တွေ ဒီကနေ့မနက်ပိုင်းကတိုက်ပွဲဖြစ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကျဆုံးသွားတယ်လို့ ဒေသ တွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။
ဘုတလင်မြို့နယ် အနောက်တောင်ဘက် ခုနစ်မိုင်ခွဲလောက်အကွာက ယုန်လှေးကုန်းကျေးရွာကို စစ်ကြောင်းထိုး ခဲ့ပြီး ပြန် ထွက်လာတဲ့စစ်ကောင်စီတပ်ကို သာအေးကုန်းရွာအနီးမှာ ကာကွယ်ရေးတပ်တွေက စောင့်ကြိုတိုက် ခိုက်ရာက နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာလို့ ကာကွယ်ရေးတပ်တွေနဲ့နီး စပ်တဲ့ဒေသခံ အမျိုးသားတဦးက ပြောပါ တယ်။
“ယုန်လှေးကုန်းမှာ ဝင်စီးတာ သိတော့ သာရိုးကုန်းက ရဲဘော်တွေက သူတို့အပြန်လမ်းကို စောင့်ပြီး တိုက်တာ၊အဲ့မှာ ရဲဘော်တယောက်ကျသွားတာ”လို့ သူကပြောပါတယ်။
နှစ်ဖက် အပြန်အလှန်ပစ်ခတ်ချိန် တနာရီနီးပါးကြာခဲ့တဲ့ အဲ့ဒီတိုက်ပွဲအတွင်းကျဆုံးသွားသူဟာ ၂၅ နှစ်အရွယ်ဝန်းကျင် ကိုကျော်ဇော်ဆိုသူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်ဖြစ်တယ်လို့သိရပါတယ်။
ဘုတလင်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အင်အား ၄၀ နီးပါးနဲ့ ယှန်လှေးကုန်းကျေးရွာ ဘက်ကို ဒီကနေ့မနက် လေးနာရီလောက်မှာစစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး အဲ့ဒီရွာအခြေစိုက် ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာနိုင်ခဲ့ကြပေမယ့် ဆိုင်ကယ်ခုနစ်စီးနဲ့တဲတလုံးတော့ မီးရှို့ခံလိုက်ရတယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ယုန်လှေးကုန်း၊အေးသာယာစတဲ့ရွာတွေအပါအဝင် အနီးဝန်း ကျင် ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ကြရပေမယ့် စစ်ကောင်စီစစ်ကြောင်းက ဘုတလင်မြို့ပေါ်ကိုပြန်သွားတာကြောင့် လက်ရှိမှာတော့ ဒေသခံတွေ သက်ဆိုင်ရာရွာတွေထဲပြန်ဝင်နေကြပြီ လို့သိရပါတယ်။