ပြည်ပ အလုပ်အကိုင်အေဂျင်စီတွေရဲ့ အာမခံကြေးတိုးဖို့ စစ်ကောင်စီ ပြင်ဆင်

အောက်တိုဘာ ၊ ၂၂

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေရဲ့ အာမခံကြေးကိုတိုးမြှင့်ဖို့အတွက်စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ပြင်ဆင်နေပြီး အေဂျင်စီတွေဘက်ကတော့နှုန်းထားပြန်လည်ညှိနှိုင်းနေကြတယ်လို့ အဲ့ဒီလုပ်ငန်းရှင်အသိုင်းအဝိုင်း ကပြောပါတယ်။ 

ပြည်ပအအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေဆီက အာမခံကြေး ကျပ်သိန်း ၂၅၀အစား ကျပ်သိန်း၁၀၀၀ နဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း)လိုင်စင်အတွက် အာမခံကြေး ကျပ်သိန်း၅၀အစား ကျပ်သိန်း ၂၀၀အထိ တိုးမြှင့်ဖို့စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနကသတ်မှတ်အဆိုပြုထားတာပါ။ 

အဲ့ဒီလိုဈေးနှုန်းသတ်မှတ်တာနဲ့ပတ်သက်လို့ စစ်ကောင်စီကမြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင် များအဖွဲ့ချုပ်(MOEAF)ဆီ  ပေးပို့ထားတဲ့စာထဲမှာတော့ ခေတ်ကာလနဲ့လိုက်လျောညီထွေဖြစ်အောင် နှုန်းထားတွေ ပြောင်းလဲတာလို့ဆိုထားပါတယ်။

“အဖွဲ့ချုပ်(MOEAF)ကလည်း သတ်မှတ်ပြောင်းလဲသင့်တဲ့နှုန်းကို အစည်းအဝေးသဘောတူညီချက်နဲ့အကြောင်းပြန် ထားတယ်၊ဘယ်လိုဆုံးဖြတ်မယ်တော့မသိသေးဘူး”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တဦး ကပြော ပါတယ်။ 

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကတော့ အေဂျင်စီတွေရဲ့လိုင်စင်အာမခံကြေးကို ကျပ်သိန်း လေးရာ၊ ထိုင်းလိုင် စင်အတွက်ကျပ်သိန်းတရာသတ်မှတ်သင့်တယ်ဆိုပြီးအကြောင်းပြန်ထားတယ်လို့သိရပါတယ်။ 

အေဂျင်စီတွေရဲ့ အာမခံကြေးတိုးမြှင့်ဖို့အတွက် ဇူလိုင်လအတွင်းပြုလုပ်တဲ့ ပြည်ပ အလုပ် အကိုင်ကြီးကြပ်ရေး ကော်မတီအစည်းအဝေးနဲ့စက်တင်ဘာလကပြုလုပ်တဲ့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအ ဖွဲ့ ချုပ်MOEAF)အစည်းအဝေးတို့မှာဆွေးနွေးဆုံးဖြတ်ထားတယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ 

လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီလိုင်စင်ရယူထားတဲ့လုပ်ငန်း ၄၈၀နီးပါးရှိနေပြီး အာဏာသိမ်း အပြီး နှစ်ပိုင်းအကြာမှာ အေဂျင်စီရာချီတိုးလာတာဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့လက်ရှိအလုပ်သမားဝန်ကြီး ဦးမြင့်နောင်မတိုင်မီ အခုနှစ် ဩဂုတ်လအတွင်း အနားပေးခံလိုက်ရတဲ့ ဝန်ကြီးဟောင်း ဒေါက်တာပွင့်ဆန်းလက်ထက်မှာ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ သိသိသာသာတိုးခဲ့တာလို့ အဲ့ဒီလုပ်ငန်းအသိုင်းအဝိုင်းကပြောပါတယ်။

“ဦးပွင့်ဆန်းက UMFCCIကလာတဲ့သူ၊သူနဲ့နီးစပ်သူတွေကို ငါလုပ်ပေးနိုင်တာဒါရှိ တယ်ဆိုပြီးအေဂျင်စီလိုင်စင် လျှောက်ခိုင်းတာကနေဖောင်းပွလာတာ၊ တိုးလာတဲ့အေဂျင်စီတွေကတကယ့်ကို ချမ်းသာတဲ့သူတွေ ၊ဒီလောက အ ကြောင်းတော့မသိဘူး။အေဂျင်စီအာမခံကြေးဒီလောက်တိုးမယ်ဆိုတောင်သူတို့အတွက်မပြောပလောက်ကြဘူး၊တကယ်လုပ်နေသူတွေပဲဒုက္ခရောက်တာ”လို့ အမည်မဖော်လိုတဲ့အေဂျင်စီလုပ်ငန်းရှင်တဦးကပြောပါတယ်။

စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနအနေနဲ့ ပြည်ပကိုသွားရောက်အလုပ်လုပ်မယ့်အလုပ်သမားတွေကို ဘဏ်က နေ မိသားစုဆီတရားဝင်ငွေလွှဲဖို့ ခံဝန်ကတိထိုးစေကာ အကျပ်ကိုင်တာမျိုးတွေရှိခဲ့ပြီး အခုအေဂျင်စီတွေကိုပါ အာမခံကြေးတိုးဖို့ကြိုးစားလာတာဖြစ်ပါတယ်။

အေဂျင်စီတွေအနေနဲ့က အဲဒီအာမခံကြေးအပြင် ဘဏ်စာရင်းအကောင့်ထဲ ငွေကျပ်သိန်းတထောင် ရှိထားရ မယ် ဆိုတဲ့ အချက်ကိုလည်းလိုက်နာနေရပြီးနှစ်စဥ်အေဂျင်စီလိုင်စင်သက်တမ်းတိုးတိုင်း ဘဏ်စာရင်းပြရတယ် လို့ဆိုပါတယ်။ 

အခုတိုးပေးရမယ်ဆိုတဲ့ အာမခံကြေးကတော့ အေဂျင်စီလုပ်ငန်းမရပ်ဆိုင်းမခြင်း စစ်ကောင်စီ အလုပ်သမား ဝန် ကြီးဌာနဆီ အတိုးမဲ့ပေးအပ်ထားရမယ့်ငွေဖြစ်တယ်လို့လည်း အေဂျင်စီလုပ်ငန်းရှင်တွေကရှင်းပြပါတယ်။