အောက်တိုဘာ ၊ ၂၁
အာဏာမသိမ်းခင်ကတည်းကစလို့နှစ်ရှည် နေရပ်စွန့်ခွာနေထိုင်နေကြရတဲ့ ရခိုင်စစ်ဘေးရှောင်တွေဟာ စားနပ် ရိက္ခာ အကျပ်အတည်း၊ မိုခါမုန်တိုင်းနောက်ဆက်တွဲအခက်အခဲတွေကြောင့် ရုပ်ပိုင်ဆိုင်လိုအပ်ချက်တွေအပြင် စိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်းခံစားနေကြရပြီး ကုစားပေးဖို့ လိုအပ်လာတယ်လို့ ကူညီရေးအဖွဲ့တွေနဲ့ စစ်ရှောင် တွေက ပြောကြ ပါတယ်။
“စစ်ဘေးရှောင်တွေက စိတ်ဒဏ်ရာလိုပုံစံမျိုးနဲ့ ရောက်လာကြတာဖြစ်တယ်၊အဲဒီမှာ မိုခါထပ်တွေ့တယ်၊ တပူပေါ် နှစ်ပူ ထပ်တွေ့ရတာပေ့ါနော်၊ဆိုတော့ စိတ်ပိုင်းဆိုင်ရာက အပြုသဘောမဆောင်တဲ့ negative impact ဘက်မှာ ရှိတာပေ့ါ”လို့ စစ်ရှောင်တွေနဲ့ မိုခါမုန်တိုင်းသင့်ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာ ကုစား၊ ဆွေးနွေးပေးနေတဲ့ Metta Clinic တွဲဘက် တည်ထောင်သူ ကိုကျော်နိုင်လင်း(ခ)ကို ဘပ်လီက ပြောပါတယ်။
ဒုက္ခသည်စခန်းတွေမှာ နေလာကြရတာ ငါးနှစ်ဝန်းကျင်လောက်ရှိပြီဖြစ်တဲ့ ရခိုင်စစ်ရှောင်တွေဟာအရင်ကလို စား နပ်ရိက္ခာ၊ ဆေးဝါးအကူအညီတွေ အလုံအလောက်မရကြတော့ဘဲကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)ရဲ့ လစဉ်ငွေ ကြေး ထောက်ပံ့တခု တည်းနဲ့ပဲ မလောက်မငှ ရပ်တည်နေကြရကာ ကလေးတွေရဲ့ ပညာရေးအတွက်လည်း စိုးရိမ် ပူပန် နေကြရတယ်လို့ ဆိုပါ တယ်။
ရခိုင်စစ်ရှောင်တွေဟာ တိုက်ပွဲဖြစ်ကာစ အစပိုင်းနှစ်တွေမှာ အစိုးရရဲ့ ဆန်ရိက္ခာထောက်ပံ့မှုအပါအဝင် အရပ် ဘက် အဖွဲ့ တွေ၊ ပုဂ္ဂလိကအလှူရှင်တွေရဲ့ ငွေကြေးနဲ့ ရိက္ခာ၊ အသုံးအဆောင်အထောက်အပံ့တွေကိုလည်း ရခဲ့ကြ လို့ အထိုက်အ လျောက် အဆင်ပြေခဲ့ကြပါတယ်။
ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ အစိုးရက ပုံမှန်ပေးလာခဲ့တဲ့ ဆန်ရိက္ခာထောက်ပံ့မှုကို လုံး၀ ဖြတ် တောက်လိုက်တဲ့အပြင် ဒေသတွင်း စီးပွားရေးအကျပ်အတည်းတွေကြောင့် အရပ်ဖက်အကူအညီတွေလည်း လုံး၀နီးပါး မရကြတော့ဘူးလို့ဆိုပါတယ်။
“အခု WFP တခုတည်းက ပိုက်ဆံသုံးသောင်းနဲ့က အဆင်မပြေဘူး၊ကုန်စျေးနှုန်းက တက်တယ်ဆိုတော့ ဝယ်ရ ခြမ်းရတာ ကလည်း အဆင်မပြေဘူး၊အသီးအရွက်လေးတွေနဲ့ပဲ မျှတပြီး စားနေရတယ်၊နေမကောင်းဖြစ်ရင်လည်း ဆေးရုံ၊ ဆေးခန်း သွားဖို့ ပိုက်ဆံက မရှိဘူး၊ချေးပြီး၊ ငှားပြီး သွားကြရတယ်။ ဒီလိုပဲ မျှတပြီး စားနေကြရတယ်”လို့ ပုဏ္ဏာကျွန်းမြို့နယ် ယိုးတ ရုတ်စစ်ရှောင်စခန်းမှာခိုလှုံနေတဲ့ အိမ်ထောင်ရှင်မတဦးကပြောပါတယ်။
ရခိုင်စစ်ရှောင်တွေဟာ ကျန်းမာရေးနဲ့ ပညာရေးအခက်အခဲတွေလည်းကြုံနေကြရပြီး ကျောင်းစရိတ်မတတ်နိုင်လို့ ကျောင်း ထုတ်လိုက်ရတဲ့ ကလေးတွေလည်း များစွာရှိနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေနဲ့ စစ်ရှောင် တွေက ပြောကြ ပါတယ်။
“ကျူရှင်မထားနိုင်တဲ့ကလေးတွေလည်း အများကြီးရှိတယ်။ မိဘတွေ အဆင်မပြေလို့ ကျောင်းထွက်ခဲ့ရ တဲ့က လေးတွေလည်း ရှိတယ်၊အဓိကအခက်အခဲကတော့ ပညာရေးနဲ့ပက်သက်လို့ အခက်အခဲ တော်တော်ရှိတယ်”လို့ ကျောက်တော်မြို့နယ် တောင်မင်းကုလားရွာစစ်ရှောင်စခန်းက ဒေါ်အေးခင်က ပြောပါတယ်။
ဒါကြောင့် စစ်ရှောင်ကလေးတွေရဲ့ ပညာရေးအတွက် စာအုပ်၊ ဘောပန်၊ ထီး၊ ကျောင်းစိမ်အဝတ်အစား စတဲ့ အထောက်အပံ့တွေ ပေးကြဖို့ စစ်ရှောင်မိခင်တွေက နိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေကို တောင်းဆို ကြပါတယ်။
သားသမီးတွေ ပညာသင်ကြရမယ့်အရွယ်မှာ ပညာသင်မပေးနိုင်တဲ့အတွက် အားငယ်စိတ်ဖြစ်မိတယ်လို့လည်း ယိုး တရုတ်စစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့ ကလေးနှစ်ယောက်မိခင်တဦးက ပြောပါတယ်။
“ရွာမှာက စစ်တပ်လည်း ရှိတယ်၊မိုင်းရှင်းတာလည်း မရှိဘူး၊အိမ်တွေလည်း မီးရှို့ခံရတယ်လေ၊ကျွန်မတို့မှာက အိုး လည်း မရှိ၊ အိမ်လည်းမရှိ၊ ကောင်ကင်နဲ့ မြေကြီးပဲ ရှိတော့တဲ့ ဘ၀ကို ရောက်သွားပါပြီ”လို့ သူကပြောပါတယ်။
အဲဒီလို အခက်အခဲတွေကြောင့် စစ်ရှောင်တွေဟာ နေရပ် ပြန်လိုကြပေမယ့်နေရပ်က အိမ်တွေ မီးရှို့ခံထားရတာ၊ ရွာထဲ စစ်ကောင်စီတပ်သားတွေ စခန်းချနေထိုင်နေတာ၊ မိုင်းအန္တရာယ်စိုးရိမ်ရတာတို့ကြောင့် မပြန်ရဲကြဘူးလို့ ဆိုပါတယ်။
တိုက်ပွဲတွေ မရှိတော့တဲ့အခါ အိမ်ပြန်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် မိုခါမုန်တိုင်းတိုက်ခိုက်မှု ကြောင့် နေရပ်က အိမ် တွေ အကုန်လုံး ပျက်စီးခဲ့ရတဲ့အခါမှာတော့ အဲဒီမျှော်လင့်ချက်တွေလည်း ပျက်စီးသွားခဲ့ပြီလို့ စစ်ရှောင်စခန်းမှာ နေထိုင်လာခဲ့တာ ငါးနှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့ ကျောက်တော်မြို့နယ်အထက်ပိုင်း ပါချေရွာခံ ဦးအောင်ကျော်ဝင်းက ပြောပါတယ်။
ရခိုင်မှာ ပြီးခဲ့တဲ့NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်နှောင်းပိုင်းကတည်းက ရခိုင့်တပ်တော် AA နဲ့စစ်တပ်ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ စရှိလာခဲ့တာဖြစ်ပြီး စစ်ရှောင်ဦးရေ သုံးသိန်းနီးပါးအထိ ရှိခဲ့ ပါ တယ်။
အဲ့ဒီအထဲက အများစုဟာ ၂၀၂၀ အပစ်ရပ်ကာလမှာ အိမ်ပြန်ခဲ့ကြပေမယ့် စစ်ရှောင် ခြောက်သောင်းကျော်ကတော့ လက် ရှိအချိန်အထိ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တိုက်ပွဲတွေတနိုင်ငံလုံးအနှံ့မှာ ကျယ်ပြန့်လာတာကြောင့် နေရပ်စွန့်ခွာထွက်ပြေး ရတဲ့ အရပ်သားဒုက္ခသည်တွေ အဆမတန်တိုးပွားလာခဲ့ပြီး လက်ရှိနိုင်ငံတဝန်းမှာ စစ်ဘေးရှောင်စုစုပေါင်း ၁၈သိန်းလောက် ရှိနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ကထုတ်ပြန်ထားပါတယ်။