စက်တင်ဘာ ၊ ၁၂
KIO ဌာနချူပ်တည်ရှိရာ လိုင်ဇာမြို့နဲ့ တမိုင်ကျော်သာ ဝေးတဲ့ မုန်လိုင်ခက် စစ်ရှောင်စခန်းဗုံးကြဲ တိုက်ခိုက်ခံ ရပြီး နောက် အဲ့ဒီစခန်းမှာနေထိုင်တဲ့ လူဦးရေ ၆၀၀ ကျော်လောက် အရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့ ဒေသ တွင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေကပြောပါတယ်။
မုန်လိုင်ခက်စခန်း ပေါက်ကွဲမှုကြောင့် အိမ်ထောင်စု ၁၆၈ စုရဲ့ နေအိမ်တွေ အားလုံးပျက်စီးသွားခဲ့သလို မူလဒေသ ခံတွေရဲ့ နေအိမ်တွေ စာသင်ကျောင်း ၊ ဘုရားကျောင်း၊ ဈေးတွေလည်း ပျက်စီးသွားတဲ့အတွက် တရွာလုံးနီးပါးရွေ့ ပြောင်းနေရာချပေးထားရတယ်လို့ ကူညီပေးနေသူတွေကပြောပါတယ်။
“အဓိကလိုအပ်နေတာကတော့ အဝတ်အစားတွေပေါ့နော်၊အမျိုးသမီးတွေ အတွက်ဆိုရင်လည်း လစဉ်သုံး ပစ္စည်း တွေလိုအပ်တာရှိတယ်” လို့ အဲ့ဒီစစ်ရှောင်တွေကို ကူညီပေးနေတဲ့ မြစ်ကြီးနား ကျောင်းသားများ သမဂ္ဂအလုပ်အမှု ဆောင် အဖွဲ့ဝင် ကိုဂျက်စတင် ကပြောပါတယ်။
မုန်လိုင်ခက် စစ်ရှောင်စခန်းက စစ်ဘေးရှောင်ပြည်သူတွေကို လက်ရှိမှာ လိုင်ဇာမြို့အနီးပဲရှိတဲ့Woichyai စစ် ဘေး ရှောင်စခန်းရဲ့ ခန်းမ ဆောင်နဲ့ ဘုရားကျောင်း ဓမ္မာရုံမှာ ယာယီနေထိုင်ဖို့ စီစဉ်ပေးထားပြီး အိမ်ထောင်စု ၁၃၀ ကျော်က လူဦးရေ ၆၀၀ ကျော်ရောက်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။
အဲဒီ စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၁၆၈ စု၊ အမျိုးသား ၄၃၄ ဦး နဲ့ အမျိုးသမီး ၄၂၁ ဦး စုစုပေါင်း လူဦးရေ၈၅၅ ဦး ရှိပြီး ရိက္ခာ၊အဝတ်အထည်တွေအေပါအဝင် အရေးပေါ် အကူအညီတွေ လိုအပ်နေကြတာလို့သိရပါတယ်။
လက်တလောမှာ အသက်ကြီးရွယ်အိုတွေအတွက် အာဟာရဓာတ်စာတွေ ကျောင်းသားတွေအတွက် ပညာရေး ပစ္စည်းတွေ အပြင် အိပ်ယာ၊ စောင်၊ အနွေထည်၊ ဖျာ၊ အိုးခွက်ပန်းကန်၊ ဆပ်ပြာ၊ နေစရာအဆောက်အဦတွေလည်း လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေကပြောပါတယ်။
မုန်လိုင်ခက် စစ်ရှောင်စခန်းမှာ ဒီလ ၉ ရက် ည ၁၁ နာရီခွဲလောက်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီးစစ်ရှောင်ပြည်သူ ၂၉ ဦးနဲ့ လူပေါင်း ၆၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒါဟာ စစ်ကောင်စီဘက်က တိုက်ခိုက်တာလို့ KIA ၊ NUG တို့ အပါအဝင် တော်လှန်ရေးအင်အားစုတွေက ပြော ထားပြီး စစ်ကောင်စီကတော့ အဲ့ဒီအချက်ကို ပယ်ချကာ စခန်းအနီးသိုလှောင်ထားတဲ့ လက်နက်ခဲယမ်းတွေ ပေါက် ကွဲခဲ့တာလို့ တုံ့ပြန်ပြောဆိုထားပါတယ်။
KIA ၊ နဲ့ NUG တို့ကတော့ ဒီဖြစ်စဉ်ဟာ စစ်ကောင်စီဘက်က တိုက်ခိုက်မှုဖြစ်ကြောင်း အထောက်အထားတွေ ခိုင်ခိုင်မာမာရှိနေတယ်လို့ဆိုထားတာပါ။
ဒီဖြစ်စဉ်ကြောင့် စစ်ရှောင်စခန်းမှာရှိနေသူတွေထဲက အမျိုးသား ဆယ့်လေးဦးနဲ့ အမျိုးသမီး ဆယ့်ငါးဦး သေဆုံး ခဲ့ပြီး အဲဒီအထဲမှာ ကလေးငယ် ၁၁ ဦးလည်းပါဝင်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ အခုလို စစ်ရှောင်စခန်းကို ရည် ရွယ် ချက် ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပက်သက်ပြီး အာဏာသိမ်း စစ်ကောင်စီကိုအပြင်းအထန် ဝေဖန် ကန့်ကွက် ထား ပါတယ်။