TNLA နဲ့ စစ်ကောင်စီတပ်တို့ နောင်ချိုမှာ တိုက်ပွဲပြန်ဖြစ်

အောက်တိုဘာ၊ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း တအာင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ်တို့ အောက်တိုဘာ လ ၉ ရက်မနေ့က မနက် ၉ နာရီးဝန်းကျင်ကနေ ညပိုင်းအထိ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က ပြောပါတယ်။

သုံးလဝန်းကျင် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေခဲ့တဲ့ TNLA နဲ့ စစ်ကောင်စီတပ်တို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်ကတည်းက နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ဘဲ ဆယ်ရက်ကျော်အကြာ မနေ့ကမှ ပြန်ပြီးတော့ ပစ်ခတ်မှုဖြစ် ပွားခဲ့ကြတာလို့ ဆိုပါတယ်။

“အဓိကတော့ စစ်ကောင်စီဘက်က တပ်ရင်းနှစ်ရင်း၊ အင်းအားတစ်ရာကျော်ကျော် ကျွန် တော်တို့ရှိတဲ့နေရာကို လာရောက်ထိုးစစ်ဆင်တဲ့အတွက် ဖြစ်ပွားခဲ့တာဖြစ်တယ်” TNLA ပြောရေးဆိုခွင့်ရှိသူ ဒုတိ ယဗိုလ်မှူးကြီး တာအိုက်ကျော်က DNA ကို ပြောပါတယ်။

တအာင်းတပ်မတော်တည်ရှိရာ နောင်ချိုမြို့နယ်၊ ကုန်စံရွာနဲ့ ဒိုပင်ရွာကြားသို့ စစ်ကောင်စီရဲ့ ခလရ ၂၅၂ နဲ့ ၂၅၇ တို့ က စစ်အင်အား ၁၄၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့အတွက် အဲဒီလို တိုက်ပွဲဖြစ်ပွားခဲ့တာလို့ လည်း ဆိုပါတယ်။

အဲဒီတိုက်ပွဲအ ပြီး ရှင်းလင်းရေးလုပ်တဲ့အခါမှာ စစ်ကောင်စီတပ်သားအလောင်း သုံးလောင်း တွေ့ခဲ့ရပြီး TNLA ဘက်ကတော့ အ ထိအခိုက် မရှိဘူးလို့ တာအိုက်ကျော်က ပြောပါတယ်။

စက်တင်ဘာလ ၂၈ ရက်နောက်ပိုင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုမရှိပေမယ့် အာဏာသိမ်းစစ်ကောင်စီတပ်ဟာ တ အာင်းတပ်မတော် တည်ရှိရာနေရာတွေဆီ လက်နက်ကြီးတွေနဲ့ တစ်ဖက်သတ် ပစ်ခတ်တာ၊ စစ်အင်အားတိုးချဲ့၊ ရွှေ့ ပြောင်းတာတွေ နေ့စဉ် ဆက်တိုက်လုပ်နေခဲ့တယ်လို့TNLA နဲ့ ဒေသခံတွေက ပြောကြပါတယ်။

“မြေပြင်မှာ တိုက်ပွဲမရှိပေမယ့် တစ်ဖက်သတ်ကတော့ တောက်လျောက်ပစ်ခတ်နေတာတွေ ရှိတယ်။ ထိုးစစ်ဆင် မှု သိပ်မပြုပေမယ့်လည်း လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်တာရှိတယ်”လို့ တာအိုက်ကျော်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မူဆယ် လွယ်ကျယ်လောက်တောင်တပ်စခန်းနဲ့ နမ့်ဖတ်ကာတပ်စခန်း ခလရ ၁၂၃ တို့ကနေပြီး တအာင်းတပ်မတော်ရှိရာဆီ လက်နက်ကြီးတွေနဲ့ နေ့စဉ်တစ်ဖက်သတ်ပစ်ခတ်နေတာဖြစ်ပြီး အောက်တိုဘာ ၉ ရက်နေ့က စစ်ကား ၄၂ စီးနဲ့ သိန္နီဘက်သို့ အင်အားဖြည့်တင်း၊ ရွေ့ပြောင်းတာလည်း ရှိခဲ့တယ်လို့ TNLA က ထုတ် ပြန်ထားပါတယ်။

TNLA နဲ့ စစ်ကောင်စီတို့ဟာ တအာင်းပြည်နယ် တပ်မဟာ ၁၊ ၂၊ ၄၊ ၅ စစ်ဒေသတွေဖြစ်ကြတဲ့ ရှမ်းပြည်နယ်မြောက် ပိုင်း မူဆယ်၊ လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ် ပွားနေခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကနေ စက်တင်ဘာလ ၂၈ ရက်အထိ တိုက်ပွဲပေါင်း ၆၇ ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေအ တွင်း စစ်ကောင်စီဘက်က လေကြောင်းလိုင်းအသုံးပြုတိုက်ခိုက်တာတွေ ပိုလုပ်ခဲ့တယ်လို့ TNLA ရဲ့သတင်းနဲ့ ပြန် ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။