အကျပ်အတည်းအောက်က လူထုအတွက် ဆန်တပြည် ၊ ကြက်ဥတကဒ် ငွေတရာ September 4, 2023 သတင်းဆောင်းပါး စက်တင်ဘာ၊ ၄ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေနဲ့ အထွေထွေ အကျပ်အတည်း တွေကြားမှာ အခြေခံလူတန်းစား တွေအတွက် အခြေခံစားကုန်တွေကို ငွေကျပ် ၁၀၀ နဲ့ ရောင်းချပေးတဲ့ လှူဒါန်းမှု အစီအစဉ်တွေ ပြန်လုပ်လာကြပါတယ်။ ဆန်တပြည်ကို ငွေကျပ် ၇၀၀၀ ပတ်ချာလည် ရှိနေချိန်မှာ အခြေခံလူတန်းစားတွေကို ကူညီလိုသူတွေက ငွေကျပ် ၁၀၀ နဲ့ ရောင်းချပေးတာကြောင့် လိုအပ်လိုသူတွေ များပြားပေမယ့် လှူဒါန်းပေးနိုင်သူတွေမှာလည်း အကန့်အသတ်တွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့လထဲမှာလည်း ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ထဲမှာရှိတဲ့ အနှေးယာဉ်လုပ်သားတွေကို ဆန်တပြည် ငါးပိတဗူး ငွေတထောင်ကျပ်နဲ့ အလှူရှင်တချို့က ရောင်းချပေးခဲ့တာကို တွေ့ရပါတယ်။ ဒီကနေ့ စက်တင်ဘာ ၄ ရက်နေ့မှာလည်း ရန်ကုန်မြို့၊ သင်္ဃန်းမြို့နယ်မှာရှိတဲ့ Aladdin Men Fashion ဆိုင်က အသက် ၆၀ ကျော် အဖိုးအဖွားတွေကို ဆန်ပြည် ငွေတရာကျပ်၊ ကြက်ဥတကတ် ငွေတရာကျပ်နဲ့ အယောက် ၃၀၀ စာ ရောင်းချပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ် တတိယလှိုင်း ကာလမှာဆိုရင်လည်း အလှူရှင်တချို့က ရန်ကုန်မြို့က ဆင်ခြေဖုံး ရပ်ကွက်တွေမှာ အခြေခံစားကုန်တွေကို တန်ဖိုးနည်းငွေနဲ့ ရောင်းချပေးတဲ့ ပြည်သူမှ ပြည်သူသို့ ဆိုတဲ့ အစီအစဉ်တွေ ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုအောက်မှာတော့ ငွေလဲလှယ်နှုန်းတွေ မြင့်တက်တာ၊ ငွေကြေးဖောင်းဖွတာတွေရဲ့ နောက်ဆက်တွဲ ရိုက်ခက်မှုတွေမှာ သက်ရောက်မှုများစွာ ရှိခဲ့သလို လူထု နေ့စဉ် စားသောက်ဝယ်ယူနေတဲ့ အခြေခံစားကုန်တွေဟာလည်း တရိပ်ရိပ် မြင့်တက်လာခဲ့ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကတော့ စီးပွားရေး တိုးတက်နေကြောင်း မိန့်ခွန်းတိုင်းမှာ ထည့်ပြောနေသလို ကုန်ဈေးနှုန်းတက်တာ ဈေးကစားသူတွေကြောင့်လို့ အမြဲလိုလို စွပ်စွဲပြစ်တင်လေ့ ရှိကြပါတယ်။ ဓာတ်ပုံ – ခွန်ရိပ်ဟိန်း Aladdin Men Fashionကုန်စျေးနှုန်းဆင်ခြေဖုံးအခြေခံလူတန်းစား
နိုင်ငံရေး အာရှလမ်းပိုင်း မြေပြိုမှုတွေထပ်ဖြစ်လို့ ကုန်စည်စီးဆင်းမှုရပ်တန့်ပြီး ဒေသတွင်းကုန်ဈေးနှုန်းတက် August 9, 2023 နိုင်ငံရေး သြဂုတ်၊ ၉ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ တောင်ကျရေ လိမ့်ဆင်းမှုကြောင့် မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်ကြား တောနော်ရေတံခွန်း အနီး အာရှလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက် မွန်းလွဲပိုင်းက အကျယ် ပေ ၁၀၀ [ဆက်လက်ဖတ်ရှုရန်]
စီးပွားရေးကဏ္ဍ တပတ်တာအတွင်း ရွှေဈေးနှုန်းနဲ့ ငွေလဲနှုန်း စုစည်းချက် August 27, 2023 စီးပွားရေးကဏ္ဍ သြဂုတ်၊ ၂၇ စစ်ကောင်စီက နှစ်သောင်းတန် ငွေစက္ကူသစ် ထုတ်ဝေမယ်လို့ ဇူလိုင်လ ၂၃ ရက်မှာ ကြေငြာပြီးတဲ့နောက် ပြည်တွင်းရွှေဈေးနှုန်းဟာ နေ့စဉ်ဆိုသလို မြင့်တက်ခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်မှာတော့ အကယ်ဒမီ မီးလင်းရွှေ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ကလေး-တမူးလမ်း ပိတ်တာ နှစ်ပတ်ကျော်ကြာမြင့်လို့ တမူးမြို့ပေါ်မှာ စားသောက်ကုန်တွေစျေးတက် June 29, 2023 နိုင်ငံရေး ဇွန်၊၂၉ စစ်ကိုင်းတိုင်း၊ အိန္ဒိယနယ်စပ်က ကလေး – တမူးကားလမ်းပိတ်တာ နှစ်ပတ်ကျော်ကြာမြင့်ပြီဖြစ်တဲ့အတွက် တမူးမြို့ပေါ်မှာ ကုန်စိမ်းနဲ့ စားသောက်ကုန်တွေ စျေးအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဂေါ်ရခါးသီး တစ်လုံး တထောင်၊ ခရမ်းချဉ်သီး [ဆက်လက်ဖတ်ရှုရန်]