မအူပင်က ဆယ်ကျော်သက်ကလေးနှစ်ဦး တပတ်ကြာတဲ့အထိပျောက်ဆုံးနေ

စက်တင်ဘာ ၊ ၂

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ဆယ်ကျော်သက်ကလေးနှစ်ဦးမြို့ပေါ်ကိုစျေးဝယ်ဖို့သွားရာက ပျောက်ဆုံးနေပြီး တပတ်ကြာတဲ့အထိ အဆက်အ သွယ်မရသေးဘူးလို့ မိသားစုဝင်တွေက DNA ကိုပြောပါတယ်။

မအူပင်မြို့နယ် အိုင်ဝိုင်းအုပ်စု၊ ဆိတ်ကြီးစုကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဇင်မင်းထိုက်နဲ့ မောင်ဟိန်းပိုင်တို့နှစ်ဦးဟာ ဩဂုတ်လ ၂၇ ရက် မနက် ၁၀ နာရီလောက်က မအူပင်မြို့ပေါ်ကို သရေပင်ဝယ်ဖို့ စက်ဘီးတစီးနဲ့ ထွက်သွားရာက ပျောက်ဆုံးနေတာပါ။

“နှစ်ယောက်လုံးကမိဘတွေနဲ့ပဲ နေတာ၊ အိမ်နဲ့လည်း ဘာပြဿနာမှ မဖြစ်ဘူး၊အိမ်နီးချင်းတွေသရေပင်ဝယ်မယ်ဆိုပြီး အိမ်ကိုလည်းပြောသွားတယ်၊စိုးရိမ်တာပေါ့ ဘယ်သူက ခေါ်သွားလို့ ခေါ်သွားမှန်းမသိဘူးလေ၊ အသက်န္တရာယ်ကအစစိုးရိမ်တာပေါ့” လို့ မိသားစုဝင်တဦးက ဆက်ပြောပါတယ်။

ပျောက်ဆုံးနေသူနှစ်ဦးဟာ အိမ်နီးချင်း သူငယ်ချင်းတွေဖြစ်ပြီး မောင်ဇင်မင်းထိုက်က အခြေခံပညာအ.မ.ကလွန် တာကောက်ကျောင်းမှာတက်ရောက်နေတဲ့ အဌမတန်းကျောင်းသားတဦးဖြစ်တယ်လို့သိရပါတယ်။ မောင်ဟိန်းပိုင်ကတော့ ၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ရော ဂါဖြစ်ပွားပြီးချိန်ကတည်းက ကျောင်းပြန်လည် မတက်တော့ဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ဦးကို မအူပင်မြို့မရဲစခန်းမှာ လူပျောက်ကြေညာအမှုဖွင့်ထားပြီး လက်ခံထားတဲ့သူ၊တွေ့ရှိသူတွေအနေနဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေရဲ့ ဖုန်းနံပါတ် 09799477970ကို ဖြစ်စေ၊ ရဲစ ခန်းနဲ့ ရပ် ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဖြစ်စေ ဆက်သွယ် အကြောင်းကြားပေးကြဖို့ မိသားစုဝင်တွေက ပြောပါတယ်။