Blue Supermoon ဖြစ်စဉ်ကို ကမ္ဘာတလွှားက တွေ့မြင်ရတဲ့ ပုံရိပ်များ

သြဂုတ်၊ ၃၁
ကြုံရခဲတဲ့ Blue Supermoon ဖြစ်စဉ်ကို ကမ္ဘာ့နိုင်ငံ အများအပြားက နက္ခတာရာ ဝါသနာရှင်တွေနဲ့ ပညာရှင်တွေက စောင့်ကြည့်ခဲ့ကြပါတယ်။

၂၀၀၉ ခုနှစ်နောက်ပိုင်း Blue Moonနဲ့ Supermoon ကွဲပြားတဲ့ ဖြစ်စဉ်နှစ်ခုဟာ အခုသီတင်းပတ်ထဲမှာ ပထမဆုံးအကြိမ် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်ခဲ့တာကြောင့် ကမ္လာတလွှားက နက္ခတာရာ ဝါသနာအိုးတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Blue Moon ဖြစ်စဉ် ဆိုတာက ယေဘုယျ အနေနဲ့ လတိုင်းမှာ လပြည့်နေ့ တရက် ရှိတယ်လို့ သတ်မှတ်ပေမယ့် အမှန်တကယ်မှာ ၂၈ ရက်တိုင်း တကြိမ် လပြည့်တာကြောင့် တချို့နှစ်တွေမှာ လပြည့်နေ့ ၁၂ ကြိမ် မကဘဲ ၁၃ ကြိမ်မြောက် ဖြစ်ပေါ်တာကို ရည်ညွှန်းတာပါ။

ရံဖန်ရံခါမှာ လေထု အခြေအနေအရ လရဲ့ အရောင်က ပြာလဲ့လဲ့ ဖြစ်သွားတတ်တာကို အစွဲပြုပြီး Blue Moonလို့ သုံးနှုန်း ခေါ်ဝေါ်လာခဲ့ကြပါတယ်။ တနည်းအားဖြင့် Blue Moonဆိုပေမယ့် လရဲ့အရောင်က အမြဲတမ်း ပြာလွင်နေတာ မဟုတ်ပါဘူး။

Supermoon ဖြစ်စဉ်ကနေ ကမ္ဘာနဲ့ လတို့ အနီးကပ်ဆုံး အခြေအနေမျိုးနဲ့ တိုက်ဆိုင်တဲ့ လပြည့်ညမျိုးမှာ လရဲ့ မျက်နှာပြင်ကို သာမန်ထက် ပိုပြီး ကြီးကြီးမားမား၊ ထင်ထင်ရှားရှား တွေ့ရတာမျိုး ဖြစ်ပါတယ်။ အဲဒီလို အချိန်မျိုးဆိုရင် လဟာ ပိုပြီး လင်းလက် တောက်ပတဲ့ အခြေအနေမျိုး မြင်ရလေ့ ရှိပါတယ်။

 Blue Supermoon ဖြစ်စဉ်ကို ကမ္ဘာကြီးရဲ့ ကွဲပြားတဲ့ ဒေသတွေမှာ ကွဲပြားတဲ့ စံတော်ချိန်အလိုက် ဩဂုတ် ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ တွေ့မြင်ခွင့် ရခဲ့ကြပါတယ်။

ကမ္ဘာ့နေရာ တချို့မှာ တွေ့မြင်ခဲ့ရတဲ့ Blue Supermoon ဖြစ်စဉ်ရဲ့ မှတ်တမ်းဓာတ်ပုံ တချို့ကို DNAက စုစည်း ဖော်ပြပေးလိုက်ပါတယ်။