ဘီးလင်းမှာပိတ်ထားရတဲ့ စာသင်ကျောင်းတွေထဲက သုံးပုံတပုံလောက် ပြန်မဖွင့်နိုင်သေး

သြဂုတ် ၊ ၂၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းမှာ ပိတ်ထားရတဲ့ အခြေခံပညာကျောင်း ငါးဆယ်အနက် ကျောင်းပေါင်း နှစ် ဆယ်ဝန်းကျင်ကိုဒီကနေ့အထိပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးတာကြောင့် အမြန်ဆုံးပြန်လည်ဖွင့်လှစ်ဖို့ လိုလား နေကြတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

“မြန်မြန်တော့ဖွင့်စေချင်ပြီပေါ့၊ ကြာပြီလေ၊ ကလေးတွေက စာမတတ်တော့ဘူး၊စာမသင်ရတာဟိုးကိုဗစ်ဖြစ် တုန်း ပါဆိုရင် သုံးနှစ်လောက်ရှိနေပြီ၊ ကလေးစာရေးတတ်ဖတ်တတ်စေချင်ပြီပေါ့၊ ဒီအတိုင်းဆို ကလေးတွေ စာဖတ်လို့ မတတ်တော့ဘူး” လို့ ဘီးလင်းမြို့နယ်KNU ထိန်းချုပ်နယ်မြေအတွင်းနေထိုင်တဲ့ ကျောင်းသားမိဘ တဦးက DNA ကို ပြောပါတယ်။

ဘီးလင်းမြို့နယ်အတွင်း  အခြေခံပညာကျောင်းပေါင်း နှစ်ရာကျော်ရှိပြီး အဲဒီထဲက ကျောင်းပေါင်း ငါးဆယ် ကျော် ကို လက်ရှိ ပညာသင်နှစ်အစောပိုင်းကတည်းက စတင်ပိတ်ထားရတာပါ။

ဒီလိုမျိုးအခြေခံပညာကျောင်းတချို့ ပိတ်သိမ်းထားရတာဟာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့ သတိပေးချက်ကြောင့်အပြင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ ကျေးရွာတွေဘက်က စာသင်ကျောင်းနဲ့ မြို့နဲ့ အလှမ်းဝေးတဲ့ ကျောင်းတွေကို စစ်ကောင်စီဘက်က ပိတ်ခိုင်းတာတွေကြောင့် ဖြစ်တယ် လို့ မွန်ပြည်နယ်ပညာရေးမှူးရုံးနဲ့ နီးစပ်သူတဦးက DNA ကို ပြောဆိုထားပါတယ်။

အခြေခံပညာကျောင်းပိတ်သိမ်းဖို့ကိစ္စကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဘက်က သတိပေးစာထုတ် ပြန် တာ မျိုး မရှိခဲ့ဘူးလို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ DNA ကို ငြင်းဆိုထားပါတယ်။

လက်ရှိ ပိတ်သိမ်းထားရတဲ့ အခြေခံပညာကျောင်းတွေဟာ အချိန်ကာလအားဖြင့် နှစ်လဝန်းကျင်ခန့်ရှိလာပြီ ဖြစ် တဲ့ အတွက် ကျောင်းသားကျောင်းသူတွေ ပညာသင်ခွင့်ပြန်လည်ရရှိဖို့ ကျောင်းသားမိဘတွေက လိုလားနေကြ တာလည်း ဖြစ်ပါတယ်။

“တချို့တော့ ပြန်ဖွင့်လိုက်ပြီ၊ ပိတ်ထားတဲ့အထဲကလေ၊ ဘုန်းတော်ကြီးကျောင်းတွေလည်း ပါတယ်၊မဖွင့်သေး တာ က နှစ်ဆယ်လောက်တော့ ရှိသေးတယ်၊ အဓိက KNU တို့၊ PDF တို့ နယ်မြေက ကျောင်းတွေပါ။” လို့ ဘီးလင်း မြို့ နယ်ပညာရေးမှူးရုံးနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

ဒါ့အပြင် ကျိုက်ထိုမြို့နယ် KNUထိန်းချုပ်နယ်မြေအတွင်းမှာ ပိတ်ထားရတဲ့ အခြေခံပညာကျောင်း ၁၁ ကျောင်းက လည်း ဒီကနေ့အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးလို့ ပညာရေးမှူးရုံးနီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါ တယ်။

အဲဒီထဲက ငွေကြေးတတ်နိုင်တဲ့ကျောင်းသားမိဘတချို့ကတော့ မြို့ပေါ်ကျောင်းကို ပြောင်းရွေ့တက်စေကြတာ မျိုးရှိပေမယ့် အများစုကတော့ ကျောင်းတတ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ကျိုက်ထိုမြို့နယ်က ကျောင်းသားမိဘ တဦးက ပြောပါတယ်။

 “အမိုးတို့ကတော့ ရွာမှာ မဖွင့်သေးတော့၊ သူ့အဒေါ်တွေ ရှိတဲ့ မြို့ပေါ်ကျောင်းကို ပို့ထားရတယ်ပေါ့၊ ကလေးက အ ခုမှ နှစ်တန်း တက်မှာလေ၊ ဘာစာမှ မဖတ်တတ်၊ မရေးတတ်တော့၊ ကျောင်းတတ်စေချင်တာပါ၊ ကုန်ကျစရိတ် တော့များတာပေါ့၊ ဘယ် တတ်နိုင်မလဲ၊ ရှိတာလေးနဲ့ လုပ်ယူရတာပေါ့၊ ပညာတတ်စေချင်တာကို၊ ရွာမှာ ကျောင်းမ တက်နိုင်ဘဲ ကျန်နေတဲ့ ကလေးတွေ အများကြီးရှိပါတယ်” လို့သူက ပြောပါတယ်။

ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်အတွင်း ပိတ်ထားရဆဲ အစိုးရအခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ပေးဖို့ ရှိ၊ မရှိသိနိုင်ဖို့နဲ့အဲဒီဒေသက ကျောင်းသားကျောင်းသူတွေ ပညာသင်ကြားခွင့်ရရေးဆောင်ရွက်ပေးဖို့ရှိမရှိ ကေအဲန်ယူ သထုံခရိုင် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနဲ့ အတွင်းရေးမှူးတို့နှစ်ဦးကို DNA က တယ်လီဖုန်းနဲ့ ဆက်သွယ်ဖို့ ကြိုးစား ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

“ကျောင်းတွေ ပိတ်ထားရတဲ့ ရွာတွေဘက်က အမြဲတမ်းလက်နက်ကြီးကျလိုက်၊ တိုက်ပွဲဖြစ်၊ စစ်ကြောင်းတွေ ဝင် တယ်၊ အဲဒီက ကျောင်းသားတွေကအစ စစ်ဘေးရှောင်နေရတာအများကြီးပဲလေ၊ ဘယ်လို ပြန်ဖွင့်နိုင်မလဲ၊ အကို့ အထင် ပြန်ဖွင့်ဖို့ မလွယ်သေးဘူး၊ အကိုတို့ စစ်ရှောင်တွေအတွက် သွားလှူတုန်းကတော့ စုပြီးတော့ ကလေးတွေ ကို စာသင်နေတာမျိုးတွေ ရှိတယ်၊အများကြီးတော့ မဟုတ်ဘူးပေါ့” လို့စစ်ရှောင်တွေကို အကူအညီပေးနေသူတဦး က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းဒေသအနှံ့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေတို့ အ ကြားလက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကျောင်းနေအရွယ်ကလေးတွေရဲ့ ပညာသင်ယူခွင့် ထိခိုက်ဆုံးရှုံးမှုတွေ ရှိ နေတယ်လို့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို စောင့် ကြည့်လေ့လာနေကြတဲ့ အဖွဲ့အစည်းတွေက ထောက် ပြထားကြပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝှမ်း အထက်တန်းအရွယ်ကလေးအားလုံးရဲ့ ၂၂ရာခိုင်နှုန်းပဲ ကျောင်းအပ်ကြ တော့သလို ၂၀၁၇ကနေ ၂၀၂၃ကြား ခြောက်နှစ်အတွင်း မြန်မာနိုင်ငံမှာ ကျောင်းအပ်နှုန်း ၁၂ရာခိုင်နှုန်း ကျော်အထိ ကျဆင်းသွားတာကြောင့် ပညာရေးလက်လှမ်းမီမှုစိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းထုတ်ပြန်တဲ့ အစီရင်ခံစာတရပ်မှာလည်းဖော်ပြထားပါတယ်။