သြဂုတ်၊ ၂၂
စစ်ကိုင်းတိုင်း၊ ကလေးမြို့အရှေ့ပိုင်းမှာ သြဂုတ်လ ၂၁ ရက် မနေ့ကတရက်တည်း အနုကြမ်းစီးမှု နှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။
ကလေးမြို့ နတ်ချောင်းလမ်းမကြီး အနီးက ကုန်စုံဆိုင်တဆိုင်နဲ့ စားသောက်ကုန်ဆိုင်တတဆိုင်တို့မှာ မနေ့က နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတို့မှာ အနုကြမ်းစီးမှုတွေဖြစ်ခဲ့တာပါ။
“နှစ်ဆိုင်လုံးကိုအိမ်စီးကားနဲ့လာလက်ပစ်ဗုံးနဲ့ခြိမ်းခြောက်ပြီး (အနုကြမ်း)စီးသွားတာ” လို့ ဒေသခံတဦးကပြောပါ တယ်။
နတ်ချောင်းလမ်းမကြီးဘေးကဆိုင်ကို နေ့လယ်ပိုင်းမှာဝင်စီးခဲ့တာဖြစ်ပြီး လမ်းသွယ်ထဲကဆိုင်ကိုတော့ ညနေပိုင်း မှာဝင်စီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
လမ်းမကြီးဘေးကဆိုင်က ဘယ်လောက်ပါသွားတယ်ဆိုတာမသိရပေမယ့် လမ်းသွယ်ထဲကဆိုင်ကတော့ သိန်းနှစ် ရာနဲ့အထက်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲ့ဒီဈေးဆိုင်တွေကို အနုကြမ်းစီး လုယက်ခဲ့သူတွေကိုတော့ ဖမ်းမိခြင်းမရှိတာကြောင့် ဘယ်သူတွေဆိုတာ မသိ ရပါဘူး။
“လူသိမခံဘဲပါသွားတဲ့ဖြစ်စဥ်တွေရှိသေးတယ်၊ခုတပတ်အတွင်း(လုယက်မှု)ငါးခုထက်မနည်းဖြစ်ခဲ့တာ” လို့ ဒေသ ခံတဦးကပြောပါတယ်။
ကလေးမြို့မှာ မန္တလေး ၊ မုံရွာဘက်နဲ့ဆက်သွယ်ထားတဲ့မဟာမြိုင်ကားလမ်းပိတ်ထားတာကြောင့် ဓာတ်ဆီ အပါ အဝင် ကုန်ပစ္စည်းအချို့ပြတ်လပ်နေပြီး ဆန်၊ဆီ၊ဆား အခြေခံစားသောက်ကုန်တွေအပါအဝင်ကုန်ဈေးနှုန်း တွေ မြင့်တက်နေချိန်မှာ အခုလိုလုယက်မှုတွေပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
“လူတွေဘယ်လောက်ကျပ်တည်းနေသလဲ၊စျေးထဲမှာလူမရှိဘူး၊မိုးမလင်းစျေးတို့၊ ညနေစိမ်းလန်းစျေးတို့ဆိုတာ တိုးမပေါက်တဲ့နေရာတွေ၊အဲ့ဒီစျေးနှစ်စျေးမှာလူရှင်းနေတာ လေးငါးရက်ရှိပြီ” လို့ဒေသခံတဦးကပြောပါတယ်။