မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းကို သံရုံးအိမ်ယာကျူးကျော်မှုနဲ့ ဗြိတိန်ရဲ စစ်ဆေး

သြဂုတ် ၊ ၂၀

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်လို့ ရာထူးကဖယ်ရှားခံထားရတဲ့ အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းဟာကို သံတမန်အိမ်ယာမှာ ကျူးကျော်နေထိုင်တယ်ဆိုပြီး ဗြိတိန်ရဲတွေက  စစ်ဆေးနေတဲ့အကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

သံအမတ်ဟောင်း ဦးကျော်စွာမင်းကို  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာစစ်တပ်က အာဏာသိမ်းပြီးနောက် သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ကို လွှတ်ပေးဖို့တောင်းဆိုခဲ့လို့စစ်ကောင်စီကိုယ်စားလှယ်နဲ့ အစားထိုးခံထားရတာပါ။

ဗြိတိန်အစိုးရက ချီးကျူးခဲ့တဲ့ အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့အပြီး ဦးကျော်စွာမင်းဟာ သံဆူးကြိုးတွေ၊ စီစီတီဗီကင်မရာတွေတပ်ဆင်ထားတဲ့ လန်ဒန်မြို့အနောက်မြောက်ပိုင်းက သံအမတ်နေအိမ်မှာသာ ဆက်လက်နေထိုင်ခဲ့ပြီးတရားမဝင်အစိုးရထံပြန်မပေးနိုင်ဘူးလို့လည်းငြင်းဆန်ထားပါတယ်။

ဗြိတိန်အစိုးရဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ဖိအားပေးတာကြောင့် ဦးကျော်စွာမင်းကို နေအိမ်ကစွန့်ခွာဖို့ မနှစ်ကလည်း ဖိအားပေးခဲ့ဖူးတယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

ရဲတပ်ဖွဲ့က ဉီးကျော်စွာမင်းကို ဒီတပတ်အစောပိုင်းက  သံတမန်နေအိမ်ကို ကျူးကျော်နေထိုင်တဲ့ စွပ်စွဲချက်နဲ့ မေးမြန်းမှုပြုလုပ်ခဲ့တယ်လို့ သူ့ရဲ့ လန်ဒန်အခြေစိုက်ရှေ့နေ နေးလ်ဆွစ်က ပြောပါ တယ်။

ပြစ်မှုထင်ရှားရင်တော့ ဦးကျော်စွာမင်းဟာ  ထောင်ဒဏ်ခြောက်  ဒါမှမဟုတ် ဒဏ်ငွေ ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံရနိုင်ပါတယ်။

“သံအမတ်ကြီးနေအိမ်ဟာ မြန်မာနိုင်ငံပိုင်အဖြစ် ရှိနေဆဲဖြစ်ပြီး သူ့အနေနဲ့ (နေအိမ်)သော့တွေကို ဒီမိုက ရေစီနည်းကျ ရွေးကောက်ခံအစိုးရ ကိုယ်စားလှယ်တဦးထံ လွှဲပြောင်းပေးဖို့ ကျွန်တော့်အမှုသည်က အမြဲ တမ်းအလိုရှိ ခဲ့တာပါ” လို့ ရှေ့နေ နေးလ်ဆွစ်က ပြောပါတယ်။

လန်ဒန်မှာရှိတဲ့စစ်ကောင်စီသံရုံး၊ ဗြိတိန်နိုင်ငံခြားရေးရုံးနဲ့ လန်ဒန်မက်ထရိုုပိုလီတန်ရဲတပ်ဖွဲ့ကတော့ မှတ်ချက်ပေးဖို့တောင်းခံတာကို မတုံ့ပြန်ဘူးလို့လည်းရိုက်တာက ဖော်ပြထားပါတယ်။

 ဦးကျော်စွာမင်းကို ရဲတပ်ဖွဲ့က သြဂုတ်လ ၁၅ ရက်မှာ မေးမြန်းမှုတွေပြုလုပ်ခဲ့ပေမယ့် စွဲချက်တင်တာတွေ မပြုလုပ်ရသေးပေမယ့်  စွဲချက်တင်ဖို့ လုံလောက်တဲ့ အထောက်အထားရှိ၊ မရှိကို ဗြိတိန်ရှေ့နေချုပ်က ဆုံးဖြတ်မယ်လို့ ရှေ့နေ နေးလ်ဆွစ်က ပြောပါတယ်။

ဦးကျော်စွာမင်းကို တရားစွဲခဲ့ပါက အရင်က  ဗြိတိန်က ထောက်ခံခဲ့တာနဲ့ အာဏာသိမ်းချိန်ကစပြီး စစ်ကောင်စီကို  ဒဏ်ခတ်ပိတ်ဆို့မှုတွေအများအပြား ချမှတ်ထားတာကြောင့် နိုင်ငံရေးအရ ပွတ်တိုုက်မှုတွေဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုကို ရှုတ်ချခဲ့ပြီး စစ်ဗိုလ်ချုပ်တွေအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြု လုပ်ခဲ့တဲ့ ဗြိတိန်အာဏာပိုင်တွေရဲ့လုပ်ရပ်ကို Myanmar Accountability Project (MAP)က  ခရစ်ဂင်းနစ်က ဝေဖန်လိုက် ပါတယ်။

ဗြိတိန်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ တောင်းဆိုခဲ့ပြီး မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ငန်း တချို့ကို ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ခဲ့တဲ့ အနောက်နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပါတယ်။

ဗြိတိန်အပါအဝင် ဒီမိုကရေစီနိုင်ငံအများစုက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုသာမက အာဏာသိမ်းစစ် ကောင်စီကိုပါ တရားဝင် အသိအမှတ်မပြုပေ။

၂၀၂၁ ခုနှစ်၊ဇူလိုင်လ မှာ မြန်မာစစ်ကောင်စီဟာ ဗီယင်နာကွန်ဗန်းရှင်းအရ ဗြိန်တိန်အစိုးရရဲ့ သဘောတူညီမှုမလိုတဲ့မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး ယာယီခေါင်းဆောင်ကို ခန့်အပ်ထားပါတယ်။

Reutersသတင်းကို ဘာသာပြန်ဆိုပါတယ်။