သြဂုတ် ၊ ၁၉
စစ်ကိုင်းတိုင်း ခင်ဦးမြို့ပေါ်က နေအိမ်တအိမ်ကို စစ်ကောင်စီတပ်တွေ ပစ်ခတ်စီးနင်းပြီး ဖမ်းဆီးသွားသူသုံး ဦးထဲ က အသက် ၁၆နှစ်အရွယ်ဆယ်ကျော်သက်လူငယ်တဦးဟာနှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ ရုပ်အလောင်း စွန့် ပစ်ခံထားရတယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။
“လက်ပြန်ကြိုးတုပ်၊ နှိပ်စက်ပြီး ဦးခေါင်းကြေမွဒဏ်ရာနဲ့ အများပြည်သူသောက်သုံးနေတဲ့ ရေကန်ထဲကို အ လောင်းပစ်ထားတာ” လို့ ခင်ဦးဒေသခံတဦးက DNA ပြောပါတယ်။
ခင်ဦးမြို့ မြကန်သာရပ်ကွက် အရှေ့ပိုင်းကနေအိမ်တအိမ်ကို စစ်ကောင်စီက ဩဂုတ် ၁၇ရက်မှာ စီးနင်းခဲ့ တာ ဖြစ်ပြီး အခုရုပ်အလောင်းတွေ့တဲ့ လူငယ်အပါအဝင် အဲ့ဒီဖြစ်စဉ်အတွင်း သေဆုံးသူစုစုပေါင်း သုံးဦး အထိရှိ လာ ပါတယ်။
အလောင်းစွန့်ပစ်ခံထားရသူဟာ ခင်ဦးမြို့ မြကန်သာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၆နှစ်အရွယ် မောင် ကုလား လေးဆိုသူဖြစ်ပြီး စစ်ကေင်စီက ပစ်မှတ်ထားစီးနင်းခဲ့တဲ့ နေအိမ်ရဲ့ဘေးအိမ်မှာ နေထိုင်သူလို့ သိရ ပြီး သူ့ကို ဘာ ကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းမသိရပါဘူး။
သူ့ရဲ့ ရုပ်အလောင်းကိုတော့ ရွှေဘိုမြို့ခံတွေ သောက်သုံးနေတဲ့ မဟာနန္ဒာကန်တော်တူးမြောင်းအတွင်းကနေ့ ဒီကနေ့ နေ့လယ်ပိုင်းမှာ မြို့ခံတွေက တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ဖမ်းသွားတဲ့ အမွှာကလေးနှစ်ဦးထဲက သေသွားတဲ့ ကလေးရဲ့ ရုပ်အလောင်းကို ပြန်မပေးဘဲကျန်တဲ့ က လေးတယောက်ကိုလာပြန်ပေးတယ်ပေါ့နော်၊မနေ့ကလေ၊ ကျန်တဲ့ ဆွေမျိုးသားချင်းမိသားစုဝင်တွေက သွား တောင်းလို့ရလာတာ၊ သူ့အမေ ကိုတော့ မြို့မရဲ စခန်းမှာ ဖမ်းထားဆဲပဲ၊သေသွားတဲ့ ကုလားလေးရဲ့ အလောင်းကို တော့ မီးသဂြိုလ်ပေးလိုက်ပြီ” လို့ ခင်ဦးဒေသခံက ပြောပါတယ်။
စစ်ကောင်စီဟာ ခင်ဦးမြို့ မြကန်သာရပ်ကွက်ထဲက မသီတာဦးဆိုသူရဲ့ နေအိမ်ကို ဩဂုတ် ၁၇ရက် ညပိုင်း မှာ စီးနင်းခဲ့တာဖြစ်ပြီး စီးနင်းမှုအတွင်း ပစ်ခတ်ခံရတာကြောင့် မသီတာဦးရဲ့ တနှစ်ခွဲအရွယ်အမွှာက လေးနှစ်ဦးထဲက တဦးသေဆုံးခဲ့သလို အိမ်နီးချင်းတဦးဖြစ်တဲ့ အသက် ၅၃နှစ်အရွယ် ဦးဖိုးပိန်ဆိုသူလည်း သေဆုံးခဲ့ပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီက မသီတာဦးနဲ့ သူ့ရဲ့အမွှာကလေးနှစ်ဦး၊ မောင်ကုလားလေးတွေကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီဘက်က သတင်းတွေဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ် တွေကတော့ အဲ့ဒီစီးနင်းမှုဟာ ခင်ဦးမြို့နယ် ပလဖ အဖွဲ့ဝင် ကိုမျိုးကျော်ဆိုသူရဲ့ အိမ်ကို စီးနင်းတာလို့ ဖော်ပြပါ တယ်။
အဲ့ဒီဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီးမသီတာဦးကို လက်နက်လေး လက်အပါအဝင် ဖောက်ခွဲရေးသုံးဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာလို့လည်း ဖော်ပြပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒေသခံ မသီတာဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ဆက်နွယ်မှု ရှိ၊ မရှိ သိရှိနိုင်ဖို့ ခင်ဦးမြို့နယ်အတွင်းလှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
DNA နဲ့အဆက်အသွယ်ရတဲ့ ခင်ဦးဒေသခံကတော့ မသီတာဦးဟာ စစ်ကောင်စီဘက်က စွပ်စွဲထားသလို ခင်ဦး ပလဖ အဖွဲ့ဝင်ကိုမျိုးကျော်နဲ့ ပတ်သက်မှုမရှိဘူးလို့ဆိုပါတယ်။
“အခုပစ်ခံရတာလည်း အိမ်မှားတာပဲ ပြောရမယ်ပေါ့၊မသီတာဦးတို့ အိမ်ထိတာပေါ့၊ သူကဓါးစာခံဖြစ်သွား တာပေါ့၊ အခုဖမ်းဆီးခံရတဲ့ မသီတာဦးနဲ့ ကိုမျိုးကျော်က ဘာမှ ပတ်သက်မှုမရှိဘူးဆိုတာ သေချာတယ်။ အခု မသီတာဦးကို သူတို့က အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားတယ်” လို့ ခင်ဦးဒေသခံကပြောပါတယ်။